ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တို့ စားသင့်သောအစားအစာများ

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဟာ ဖြစ်လာရင် အလွန်ခံရခက်တယ်ဆိုတာကို အဲဒီ ဝေဒနာခံစားဖူးသူတိုင်း သိကြပါတယ်။ ဝေဒနာသက်သာအောင် ဆေးဝါးအသုံးပြုတာ၊ လေ့ကျင့်ခန်းလုပ်တာတွေ ပြုလုပ်ပေမယ့်လည်း ယာယီသာသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အစားအသောက်ပုံစံကိုပြောင်းလဲပြီး စားသောက်ရင် အဲဒီဝေဒနာဟာ သက်သာသွားတဲ့ အပြင် နောက်ထပ်မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ် အောင် လှုံ့ဆော်ပေးနိုင်တဲ့အစားအစာတွေရှိသလို ဝေဒနာသက်သာစေတဲ့အစားအစာ တွေလည်းရှိတာမို့ ဝေဒနာရှင်တွေစားသင့်တဲ့အစားအစာကို ဖော်ပြပေးလိုက်ပါတယ်။

ထောပတ်သီး
ထောပတ်သီးမှာ လူတင်နဲ့ ဇီယာဇန်သင်းလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်တဲ့အတွက် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသက်သာနိုင်တဲ့အပြင် ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

သဖန်းသီး
သဖန်းသီးဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာရှင်တွေအတွက် အလွန်အသုံးဝင်တဲ့ သစ်သီးပါ။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ ပိုတက်စီယမ်ပါဝင်တဲ့သစ်သီးတွေက ရောင်ရမ်း မှုဖြစ်စဉ်ကိုလျှော့ချနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာနိုင်တယ်လို့သိရပါတယ်။

ဆယ်လ်မွန်ငါး
အဲဒီငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် ဘီ ၂ တွေ အပြည့်အဝ ပါဝင် တဲ့အတွက် သွေးချပ်ပြားတွေ စုဆောင်းမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေး ချပ်ပြားစုဆောင်းမှုများလာရင် မကြာခဏ ခေါင်းကိုက်ဝေဒနာခံစားရနိုင်ပါတယ်။ အဲ ဒီဆယ်လ်မွန်ငါးတွေက ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်ဝေ ဒနာကို တွန်းလှန်နိုင်ပါတယ်။

ကန်စွန်းဥ
ကန်စွန်းဥဟာလည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို တွန်းလှန်နိုင်ပါတယ်။ သူ့ မှာ များစွာပါဝင်တဲ့ ဗီတာမင် စီ၊ ဗီတာမင် ဘီ ၁နဲ့ ပိုတက်စီယမ်တွေကြောင့် ခေါင်းတစ် ခြမ်းကိုက်ဝေဒနာဖြစ်ချိန်မှာစားသုံးရင် နာကျင်မှုဝေဒနာသက်သာသွားနိုင်ပါတယ်။

ဖရဲသီးနှင့် မုန်လာဥနီ
ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ ရေများများသောက်ရင် သက်သာသွားနိုင်ပါ တယ်။ ဖရဲသီး၊ မုန်လာဥနီ၊ သခွားသီးနဲ့ တရုတ်နံနံပင်လိုမျိုး အစားအစာတွေမှာ ရေ ဓာတ်များစွာပါဝင်တဲ့အတွက် သူတို့ကို စားသုံးရင်လည်း ဝေဒနာသက်သာနိုင်ပါတယ်။ ရေဓာတ်ချို့တဲ့တာကြောင့် ခေါင်းကိုက်ဝေဒနာအများဆုံးဖြစ်တာပါ။

ကိုက်လန်နှင့် ကွီနိုးဝါး
ကွီနိုးဝါးဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဘိုင်ဗိုဖလိုင်ဗင် (ဗီတာမင် ဘီ ၂)၊ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်တွေကြောင့် ပါ။ ကိုက်လန်ကတော့ သူ့မှာပါဝင်တဲ့ အိုမီဂါ ၃ နဲ့အမျှင်ဓာတ်တွေကြောင့် ခေါင်းတစ် ခြမ်းကိုက်ဝေဒနာကို သက်သာနိုင်ပါတယ်။

ဒိန်ချဉ်
လေ့လာမှုအများအပြားအရ ဗီတာမင် ဘီ (ရီဗိုဖလေဗင်)ဟာ ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာအတွက် အထိရောက်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒိန်ချဉ်မှာ ဗီတာမင် ဘီတွေ များစွာပါဝင်ပါတယ်။

ရှောက်ရည်
ရှောက်ရည်မှာ များစွာပါဝင်တဲ့ ဗီတာမင် စီ တွေကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေ ဒနာကို တွန်းလှန်နိုင်ပါတယ်။ အဲဒီဝေဒနာခံစားရချိန်မှာ ရေတစ်ဖန်ခွက်ထဲကို ရှောက် ရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာဆားထည့်ကာ သောက်လိုက်ပါ။ ရောင်ရမ်း မှုတွေလျော့ကျသွားပြီး ဝေဒနာသက်သာသွားနိုင်ပါတယ်။

Tips
သစ်ကြံပိုးခေါက်ကို အနှစ်ပြုလုပ်ပြီး နားထင်နေရာမှာ ကပ်ပေးပါ
– သစ်ကြံပိုးခေါက်ကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။
– ရေအနည်းငယ်ရောစပ်ကာ အနှစ်ဖြစ်အောင် ပြုလုပ်ပါ။
– ခေါင်းတစ်ခြမ်းကိုက်စဉ်မှာ အဲဒီအနှစ်ကို နားထင်နဲ့ နဖူးနေရာမှာ ကပ်ပေးပါ။
– မိနစ် ၃၀ အကြာမှာ ရေဆေးကြောလိုက်ပါ။
– ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသက်သာသွားပါလိမ့်မယ်။
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal