ခေါင်းလျှော်တဲ့အခါဘာတွေမှားယွင်းနေလဲ

ဆံသားက အညစ်အကြေးတွေ သန့်စင်ဖို့၊ ဆံသား နူးညံ့ပျော့ပျောင်း လှပ စေဖို့၊ အနံ့ဆိုးတွေ ကင်းရှင်းစေဖို့ ခေါင်း လျှော်တဲ့အခါ သင်ပြုလုပ်တာတွေက နည်းမှန်လမ်းမှန်တွေ ဟုတ်ရဲ့လားဆိုတာ သိရှိအောင် ရေးသားလိုက်ပါတယ်။

(၁) ခေါင်းမလျှော်ခင် ကြိုတင်ပြင်ဆင်ပါ
ခေါင်းမလျှော်ခင် ကြိုတင်ပြင်ဆင်မှု ကို တချို့တွေက လုပ်စရာမလိုဘူးလို့ ထင် မြင်ယူဆကြပေမယ့် ကြိုတင်ပြင်ဆင်မှု လုပ်တာက ထိရောက်အကျိုးရှိတယ်ဆို တာ သင်ကိုယ်တိုင် လက်တွေ့လုပ်ကြည့် တဲ့အခါ သိပါလိမ့်မယ်။ ခေါင်းမလျှော်ခင် မှာ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဦးရေပြားနဲ့ ဆံခြည်မျှင်အိတ်တွေကို အစိုဓာတ်ထိန်း ပေးဖို့ လိုပါတယ်။

(၂) အဆီလိမ်းပါ
ခေါင်းမလျှော်ခင်မှာ သင်ကြိုက်နှစ် သက်ရာအဆီတစ်မျိုးမျိုးကို ဦးခေါင်းနဲ့ဆံ သားအနှံ့ လိမ်းပေးပါ။ အဆီက ဆံသားကို အစိုဓာတ်ထိန်းပေးပြီး ပျော့ပျောင်းစေပါ တယ်။ ခေါင်းလျှော်နေချိန်မှာ ဆံသား ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။ အုန်းဆီ၊ သံလွင်ဆီတွေ အသုံးပြုတာက ဆံသားအတွက် ပိုမိုသင့်တော်ပါတယ်။ အုန်းဆီနဲ့ သံလွင်ဆီက ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ ပါဝင်ပြီး ဆံသားအတွင်းထဲအ ထိ ထိုးဖောက်ဝင်ရောက်တာကြောင့် အစို ဓာတ်ကို ကြာရှည်ထိန်းပေးပါတယ်။ ဗီတာမင် အီးနဲ့ အင်တီအောက်ဆီးဒင့်က ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေ ပါတယ်။ အဆီအစား ပျားရည်၊ ဒိန်ချဉ် ဒါမှမဟုတ် ထောပတ်သီး စတဲ့ တစ်မျိုးမျိုး ကိုလည်း အစားထိုး သုံးစွဲနိုင်ပါတယ်။ ဦး ရေပြားအနှံ့လိမ်းပြီးတဲ့အခါ ခေါင်းဆောင်း စွပ်ပြီး တစ်နာရီလောက် ထားပါ။ ပြီးမှ ရေ နဲ့ သန့်စင်အောင် ဆေးချပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

(၃) သင့်လျော်သော ရှမ်ပူ ရွေးချယ်ပါ
ဈေးကွက်ထဲမှာ ရှမ်ပူအမျိုးအစား များစွာ ရှိပါတယ်။ ဖြောင့်ထားတဲ့ဆံပင်၊ ကောက်ထားတဲ့ဆံပင်၊ သဘာဝဆံပင်၊ အ ရောင်ဆိုးထားတဲ့ဆံပင် စတာတွေအ တွက် သီးသန့်ထုတ်လုပ်ထားတဲ့ ရှမ်ပူ အမျိုးအစားတွေထဲက သင့်ဆံသားနဲ့ ကိုက်ညီမယ့် ရှမ်ပူကို ရွေးချယ်ဝယ်ယူပါ။ ရှမ်ပူရွေးချယ်မှု မှန်ကန်မှသာ ခေါင်း လျှော်ပြီးတဲ့အခါ သင့်စိတ်တိုင်းကျ ဆံ သားတွေကို ပိုင်ဆိုင်နိုင်မှာပါ။

(၄) ရှမ်ပူထဲက ပါဝင်ပစ္စည်းများကို စစ် ဆေးပါ
ခေါင်းလျှော်ရည်ထဲမှာ အမြှုပ်ထ အောင် ထည့်ထားတဲ့ ဆာလဖိတ်က ဆံ သားကို ထိခိုက်ပျက်စီးစေပါတယ်။ ဆာ လဖိတ်တွေက ဆံသားကို အကာအကွယ် ပေးထားတဲ့ အပေါ်ယံအလွှာကို ဖယ်ရှား တာကြောင့် ဆံသားတွေ ကြွပ်ဆတ်မာ ကျောပြီး ပျက်စီးစေပါတယ်။ ဆာလဖိတ် မပါဝင်တဲ့ ခေါင်းလျှော်ရည် အမျိုးအစား ကို ရွေးချယ်ဝယ်ယူပါ။ ဆာလဖိတ်မပါဝင် တဲ့ ခေါင်းလျှော်ရည်က အမြှုပ်မထတာ ကြောင့် ဆံသားပေါ်က အညစ်အကြေး တွေ မပြောင်စင်ဘူးဆိုပြီး စိတ်က မှား ယွင်းစွာ ထင်မြင်နိုင်ပါတယ်။ အယ်လ်ကို ဟောပါဝင်တဲ့ ခေါင်းလျှော်ရည်က ဆံ သားခြောက်သွေ့ပြီး ပျက်စီးစေလို့ အယ်လ်ကိုဟောမပါဝင်တဲ့ ခေါင်းလျှော် ရည်ကို ရွေးချယ်ဝယ်ယူပါ။

(၅) လိုချင်သောဆံသားရရှိစေဖို့ အာရုံစိုက် ပါ
ပျော့ပျောင်းပြီး လှပတဲ့ဆံသားတွေ ရရှိ ပိုင်ဆိုင်နိုင်စေဖို့ ပရိုတင်းပိုမိုစားသုံးဖို့ လိုအပ်ပါတယ်။ ဆံသားက ကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်တယ်ဆိုရင် ဆံသားမှာ အ စိုဓာတ်ထိန်းသိမ်းနိုင်အောင် အာရုံစိုက်ပါ။ အစိုဓာတ်ထိန်းပေးတဲ့ ခေါင်းလျှော်ရည်နဲ့ ပေါင်းတင်နည်းတွေကို လုပ်ဆောင်ပါ။

(၆) ဆံပင်အရှုပ်ကို ဖြည်းဖြည်းချင်း ရှင်းပါ
ဆံပင်တွေ ရှုပ်နေတဲ့အခါမျိုးမှာ စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်း ရှင်း ပါ။ ဆံပင်ရှည်ထားသူ၊ ဆံပင်အကောက် ထားသူတွေမှာ ဆံပင်ရှင်းတဲ့အခါ စိတ် ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းရှင်းဖို့လို ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်လုံးဝ ခြောက်သွားမှ ဆံပင်ရှင်းတာမျိုး ရှင်းရ ခက်နိုင်ပါတယ်။ ခေါင်းလျှော်ပြီး ကွန်ဒီရှင် နာသုံးပြီးတဲ့အချိန်မှာ ဆံပင်ရှင်းပေးဖို့ လိုပါတယ်။ ဆံပင်ရှင်းတဲ့အခါ ဘီးတွေ၊ ဘရပ်ရှ်တွေ အသုံးပြုမယ့်အစား လက် ချောင်းတွေနဲ့သာ ညင်သာစွာ ရှင်းပေးဖို့ လိုပါတယ်။ ရေစိုနေချိန်မှာ ဘီး၊ ဘရပ်ရှ် တွေ အသုံးပြုပြီး ဆံပင်ရှင်းတာက ဆံပင် ကျွတ်စေလို့ပါ။

(၇) ခေါင်းလျှော်နည်း မှန်ကန်ရဲ့လား
အများစုက မှားယွင်းတဲ့ ခေါင်းလျှော် နည်းနဲ့ တစ်သက်လုံး ခေါင်းလျှော်လာခဲ့ကြ ပါတယ်။ ခေါင်းလျှော်တဲ့အခါ ရေလောင်းပြီး ခေါင်းလျှော်ရည်ကို ဦးရေပြားနဲ့ ဆံသားအနှံ့ လိမ်းကာ လျှော်တတ်ကြပါတယ်။ ကွန်ဒီရှင် နာကိုလည်း ခေါင်းလျှော်ရည် အသုံးပြုသ လိုပဲ ဦးရေပြားကို ဆံသားအနှံ့ လိမ်းပြီးမှ ရေလောင်းဆေးတတ်ကြပါတယ်။ အဲဒီနည်း လမ်းက မမှန်ကန်ပါဘူး။ တကယ်တော့ ခေါင်းလျှော်ရည်ကို ဦးရေပြားမှာလိမ်းကာ ညင်သာစွာ နှိပ်နယ်ပြီး လျှော်ပါ။ ပြီးမှ ကွန်ဒီရှင်နာကို ဆံသားအဖျားတွေကိုသာ လိမ်းပေးရပါမယ်။

(၈) မကြာခဏ ခေါင်းမလျှော်သင့်ပါ
နေ့စဉ် ခေါင်းလျှော်တာ၊ တစ်ရက် ခြားလောက် ခေါင်းလျှော်တာမျိုးကို ရှောင် ပါ။ မကြာခဏခေါင်းလျှော်တာက ဆံသား ခြောက်သွေ့ပြီး ကြွပ်ဆတ်တာကို ဖြစ်စေ ပါတယ်။ ဆံပင်ကောက်ထားသူတွေအ နေနဲ့ ၄-၅ ရက်ခြား တစ်ကြိမ် ခေါင်း လျှော်တာက အကောင်းဆုံးပါ။ ဆံပင် ဖြောင့်ထားသူတွေအနေနဲ့ ၃-၄ ရက် တစ်ကြိမ် ခေါင်းလျှော်ပေးပါ။ ဆံသား အမျိုးအစားပေါ် မူတည်ပြီး တစ်ဦးချင်း ခေါင်းလျှော်သင့်တဲ့ အကြိမ်အရေ အ တွက်တွေ ကွာခြားနိုင်ပါတယ်။

(၉) ကွန်ဒီရှင်နာ အသုံးပြုပါ
ခေါင်းလျှော်ပြီးတဲ့အခါ ကွန်ဒီရှင်နာ အသုံးပြုတာက ဆံသားအတွက် ကောင်း မွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ ကွန်ဒီ ရှင်နာကို ကိုယ့်ဆံသားနဲ့ ကိုက်ညီမယ့်အ မျိုးအစားကို ရွေးချယ် ဝယ်ယူပါ။ ခေါင်း လျှော်ပြီးတဲ့အခါ ကွန်ဒီရှင်နာကို ဆံသား အနှံ့လိမ်းပြီး စက်နဲ့အပူပေးတာ၊ အ ခြောက်ခံစက်နဲ့ လေမှုတ်တာ၊ တဘက်ကို ရေနွေးထဲထည့် ရေညှစ်ပြီး ခေါင်းပေါင်း ထားတာ စတဲ့ တစ်နည်းနည်းကို လုပ် ဆောင်ပါက ဆံသားအတွက် သိသိသာ သာ ထူးခြားမှုကို ရရှိစေပါတယ်။

(၁၀) ခေါင်းလျှော်ရည် တစ်မျိုးတည်းကို သာ အသုံးပြုပါ
ပုံမှန်ခေါင်းလျှော်နေကျ ပုံစံအတိုင်း ရှမ်ပူတစ်မျိုးမျိုးနဲ့ ခေါင်းလျှော်ပြီးတဲ့အခါ ကွန်ဒီရှင်နာ သုံးတယ်။ ခေါင်းမလျှော်ခင် မှာ ဆီတစ်မျိုးမျိုးလိမ်းပြီး ပေါင်းတယ်။ ဒီ နည်းတွေအတိုင်း ပုံမှန်ခေါင်းလျှော်တာကို ပြုလုပ်နေပေမယ့် တစ်လတစ်ကြိမ် လောက်တော့ ဘာမှမသုံးဘဲ ကြေးချွတ် အာနိသင်အပျော့စား ခေါင်းလျှော်ရည် တစ်မျိုးတည်းပဲ အသုံးပြုပြီး ခေါင်းလျှော် လိုက်ပါ။ ဆံပင်အတွက် အသုံးပြုထား တဲ့ ဓာတုဗေဒပါဝင်ပစ္စည်းတွေကို ဖယ်ရှား ပေးလို့ ဆံသားပျက်စီးမှုကို လျော့နည်း စေပါတယ်။

(၁၁) စင်ကြယ်အောင် ရေနှင့်ဆေးကြောပါ
ခေါင်းလျှော်ပြီးတဲ့ ဆံသားပေါ်က ရှမ်ပူတွေ ကုန်စင်အောင် ရေနဲ့ ဆေး ကြောပါ။ ပြီးမှ ကွန်ဒီရှင်နာကို အသုံးပြု ပါ။ ကွန်ဒီရှင်နာ အသုံးပြုပြီးတဲ့အခါမှာ လည်း ပြောင်စင်အောင် ရေဆေးကြော ပေးဖို့ လိုပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ရှမ်ပူတွေ၊ ကွန်ဒီရှင်နာ တွေက သင့်ဆံသားကို ပျက်စီးစေနိုင်တာ ကြောင့် ရေနဲ့ ပြောင်စင်အောင် သန့်စင် ဆေးကြောပေးဖို့ လိုပါတယ်။

(၁၂) ရေအေးနှင့် ဆေးချပါ
ခေါင်းလျှော်ပြီးတဲ့အခါ ရေအေးနဲ့ ဆံသားအနှံ့ လောင်းချပေးပါ။ ဆံသားရဲ့ အပေါ်ယံလွှာကို တည်မြဲစေပြီး တောက် ပမှုကို ဖြစ်စေပါတယ်။ ရေအေးနဲ့ လောင်း ချပြီးချိန်မှာတော့ ခေါင်းထပ်မဖီးပါနဲ့။ ဆံပင်ကောက်တာ၊ ဆံပင်ဖြောင့်တာတွေ ပြုလုပ်တဲ့အခါ ချုပ် ဆေးထည့်သလိုမျိုးပဲ ခေါင်းလျှော်ပြီး ရေအေးလောင်းချလိုက် တာက အကျိုးအာနိသင် ရရှိစေပါတယ်။
ဆံပင်အခြောက်ခံတဲ့အခါ စက်နဲ့ အပူပေးမယ့်အစား တဘတ်နဲ့ ညင်သာ စွာ သုတ်ပြီး အခြောက်ခံတာ အကောင်း ဆုံးပါ။ တဘတ်နဲ့ သုတ်တဲ့အခါ ဆံသား ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သုတ်တာ မျိုးကို ရှောင်ပါ။ တဘတ်အစား စွတ် ကျယ်အင်္ကျီအဟောင်း တစ်ထည်ကို လည်း အသုံးပြုနိုင်ပါတယ်။ အပူပေးပြီး အခြောက်ခံတာမျိုးကို မကြာခဏ ပြု လုပ်ပါက ဆံသားပျက်စီးနိုင်ပါတယ်။
ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *