ချောင်းဆိုးလိုက်တိုင်း တကျွိကျွိအသံမြည်သည့် ကလေးငယ်၏လည်ချောင်းထဲမှ ၀ီစီကို ရှာဖွေတွေ့ရှိ

အိန္ဒိယနိုင်ငံမှ လေးနှစ်သားအရွယ် ကလေးငယ်တစ်ဦးဟာ ချောင်းဆိုးလိုက်တိုင်း ထူးထူးခြားခြားတကျွိကျွိအသံမြည်နေတာ ကြောင့် ဆရာဝန်တွေက စစ်ဆေးပြီးတဲ့နောက်မှာတော့ ကလေးရဲ့လည် ချောင်းထဲမှာ အရုပ်ဝီစီကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လေ လမ်းကြောင်းမှာပိတ်ဆို့မှုတစ်ခုကြောင့် ကလေးရဲ့ဘယ်ဘက်အဆုတ် က ဖောင်းပွနေတာကို ဓာတ်မှန်မှာမြင်တွေ့ခဲ့ရတာပါ။ ဒါဟာ ပန်း နာရင်ကျပ်ရှိတဲ့လူတွေမှာ မြင်တွေ့ရလေ့ရှိတဲ့အဆုတ်အခြေအနေ တစ်မျိုးပါ။ ကလေးငယ်ဟာ အရုပ်ဝီစီနဲ့ကစားရင်းကနေ မတော်တဆမျို ချမိခဲ့တာဖြစ်ပြီးတော့ အဲဒီအချိန်ကတည်းက နှစ်ရက်ဆက်တိုက် ချောင်းဆိုးနေခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆုတ်ရဲ့လေလမ်း ကြောင်းမှာပိတ်ဆို့နေရင် ချောင်းဆိုးတတ်ပေမယ့် တကျွိကျွိအသံတော့ ထွက်လေ့မရှိပါဘူး။ အရုပ်ဝီစီကို ဖယ်ရှားပြီးတဲ့နောက်မှသာ ကလေးရဲ့ ဖောင်းပွနေတဲ့အဆုတ်က ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်လို့သိရပါတယ်။

◘ အေးယုနိုင် (AP,6.9.18) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *