ခွေးက လျက်လိုက်သဖြင့် ခြေ၊ လက် အားလုံးဖြတ်လိုက်ရသည့်အမျိုးသမီး

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာနေတဲ့အမျိုး သမီးတစ်ယောက်ဟာ ၁၀ ရက် မေ့မြောသွားအပြီး သတိပြန်ရလာချိန် မှာ သူ့ခြေတွေ၊ လက်တွေ အားလုံးအဖြတ်ခံထားရပြီဆိုတာ သိလိုက် ရတော့ ယူကျုံးမရဖြစ်သွားပါတယ်။ သူမွေးထားတဲ့ခွေးက သူ့ကိုလျက် လိုက်လို့ ပိုးဝင်ပြီး သူခမျာအခုလိုသေလုမျောပါးဖြစ်သွားတာပါ။ အ သက် ၅၄ နှစ်အရွယ် မာရီထရိန်နာဟာ အပန်းဖြေခရီးက ပြန်လာအ ပြီးမှာပဲ နေထိုင်မကောင်းဖြစ်တော့တာပါ။ အစကတော့ တုပ်ကွေးပဲလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနာရင်းပြီး ပိုးဝင်တာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သူ့ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ ခွေးရဲ့တံတွေး ထဲမှာ တွေ့ရတတ်တဲ့ပိုးတစ်မျိုးဝင်နေကြောင်း ဆရာဝန်တွေ သိလိုက် ရပါတယ်။ အဲဒီပိုးဟာ လူကိုကူးစက်နိုင်ပြီး ကူးစက်ခံရရင် လူနာအ တွက် အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။ အတိုချုံးပြောရရင်တော့ သူ ဟာ ဆေးရုံမှာ နှစ်လခွဲကြာအောင်နေလိုက်ရပြီး ရှစ်ကြိမ်ခွဲစိတ်လိုက် ရပါတယ်။ ရောဂါပိုးက အပျံ့မြန်တာကြောင့် ဆရာဝန်တွေက သူ့ခြေ လက်တွေကို ဖြတ်ပစ်လိုက်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။ မာရီထရိန်နာ ရဲ့လက်မောင်းမှာ ပြတ်ရှရာတစ်ခုရှိနေတာကို အိမ်မှာမွေးထားတဲ့ခွေး က လျှာနဲ့လျက်လိုက်ပါတယ်။ အဲဒီကနေပိုးဝင်သွားတော့တာပါ။
(DM, 8.8.19) ချယ်ရီ

 

 

Post Author: Good Health Journal