ဂေါက်ရောဂါသက်သာအောင် ဘာတွေလုပ်ဆောင်ကြမလဲ

အဆစ်ရောင်ဂေါက်ရောဂါက သွေးတွင်းမှာ ယူရစ်အက်စစ်တွေ အဆမတန် များပြားတာကြောင့် ဖြစ်ရတာပါ။ အများစုက သွေးတွင်းမှာ ယူရစ်အက်စစ်တွေ များ နေပေမယ့် အဆစ်ရောင်ဂေါက်ရောဂါဝေဒနာတွေကို မခံစားရတတ်ပါဘူး။ သွေး တွင်းမှာ အလွန်အမင်းများနေတဲ့ ယူရစ်အက်စစ်တွေ ပုံဆောင်ခဲအဖြစ် အဆစ်တွေ ထဲမှာ အနည်ကျတဲ့အခါမှသာ ဂေါက်ရောဂါဝေဒနာတွေကို ခံစားရပါတယ်။

ဖြစ်နိုင်ခြေများသူ
ကိုယ်အလေးချိန် ပုံမှန်ထက် များ နေသူ၊ အရက်အလွန်အကျွံသောက်သူ၊ ပျူရင်းဓာတ်များများပါတဲ့ အသား၊ ငါး စားသူတွေနဲ့ တချို့ဆေးဝါးသောက်သုံး နေရသူတွေမှာ ဂေါက်ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

တွေ့ရများသော ရောဂါလက္ခဏာများ
အဆစ်ရောင် ဂေါက်ရောဂါက ည ဘက်မှာ ရောဂါဝေဒနာတွေ ပိုဆိုးတတ် ပါတယ်။ ရောဂါထတဲ့အချိန်မှာ ခြေဖဝါး၊ တံတောင်ဆစ်၊ ဒူးခေါင်း၊ ခြေမနဲ့ တချို့ အဆစ်အမျက်တွေ ရောင်ရမ်းတာ၊ နာ ကျင်တာ၊ ဖြစ်တဲ့နေရာမှာ နီရဲနေတာတွေ ကို ခံစားရတတ်ပါတယ်။ နာကျင်မှုက ဘယ်လောက်တောင် နာကျင်လဲဆိုရင် လေတိုးရင်တောင် နာကျင်တယ်လို့ ခံစားရသူတွေက ပြောတတ်ကြပါတယ်။

(၁) ရေများများသောက်ပါ
တစ်နေ့ကို ရေ ၂-၃ လီတာသောက် ပေးပါ။ တစ်နေ့ကို ရေကို မကြာခဏ သောက်ပေးပါ။ ကျောက်ကပ်လုပ်ငန်း တွေ ကောင်းမွန်စေပြီး ယူရစ်အက်စစ် တွေကို ခန္ဓာကိုယ်တွင်းမှ ဖယ်ရှားပေးနိုင် ပါတယ်။

(၂) မုန့်ဖုတ်ဆော်ဒါ အသုံးပြုပါ
မုန့်ဖုတ်ဆော်ဒါမှုန့်ကို အရည်ဖျော် ပြီး သောက်သုံးတာက ယူရစ်အက်စစ် ပုံဆောင်ခဲတွေ ပျော်စေပြီး ယူရစ်အက် စစ်တွေ အပြင်ကို စွန့်ထုတ်ဖို့လည်း အား ပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ လက်ဖက် စားဇွန်းတစ်ဝက်ကို ရေရှစ်အောင်စနဲ့ ရောဖျော်ပြီး တစ်နေ့ကို အများဆုံး ရှစ် ခွက်သောက်ပေးပါ။ ညအိပ်ရာမဝင်ခင် တစ်ခွက်သောက်ပါ။ မနက်အိပ်ရာထချိန် မှာ တစ်ခွက်သောက်ပြီး နေ့လယ်ခင်းမှာ ၂-၄ နာရီခြား တစ်ကြိမ်၊ အစာနဲ့ခြားပြီး သောက်ပေးပါ။ ဆော်ဒါမှုန့်ထဲမှာ ဆိုဒီ ယမ်ပါဝင်တာကြောင့် စားတဲ့အစာထဲမှာ ဆားလျှော့စားပါ။

(၃) ပျူရင်းပါဝင်သော အစာကို ရှောင်ပါ
ယူရစ်အက်စစ်က ပျူရင်းဓာတ်တွေ ပြိုကွဲတဲ့အခါဖြစ်လာပါတယ်။ ပျူရင်း ဓာတ်ကို အစားအစာကနေ ရရှိပြီး ပျူရင်းဓာတ်များတဲ့ အစားအစာကို စားသုံးပါက ဂေါက်ရောဂါဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ပျူ ရင်းပါဝင်မှုများတဲ့ အစာတွေကို ရှောင်ပါ။ အနီရောင်အသား၊ အပုပ်ခံပြီး ချက်ပြုတ် ရသော အသား၊ ကြက်၊ ဘဲ၊ ပင်လယ်စာ စတာတွေမှာ ပျူရင်းများစွာပါဝင်လို့ ဂေါက်ရောဂါရှိသူတွေ အနေနဲ့ ရှောင် သင့်ပါတယ်။ အရက်၊ ဘီယာတွေ ကလည်း ဂေါက်ရောဂါကို ပိုဆိုးစေ တာကြောင့် အရက်သေစာသောက်စား မှုကို ရှောင်ကြဉ်သင့်ပါတယ်။ တူနာငါး၊ ဆယ်လ်မွန်ငါး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ကွေကာ၊ အီတလီခေါက်ဆွဲ၊ ထမင်း၊ ဟင်းသီးဟင်းရွက်၊ ချယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ စပျစ်သီး စတာတွေမှာတော့ ပျူရင်းဓာတ် ပါဝင်မှုပါတယ်။

(၄) အမျှင်ဓာတ်များသော အစာစားပါ
အမျှင်ဓာတ်များတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကောက်နှံတစ်ခုလုံးပါဝင်စာ စ တဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေကို စားသုံးတာက သွေးတွင်းကို ယူ ရစ်အက်စစ် စုပ်ယူမှု အားကောင်းစေပါ တယ်။ သွေးတွင်းစုပ်ယူလိုက်တဲ့ ယူရစ် အက်စစ်တွေကို ကျောက်ကပ်ကို ဖြတ် ပြီး ဆီးကတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပါတယ်။

(၅) အရက်သောက်သုံးမှုကို လျှော့ချပါ
အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲ က ယူရစ်အက်စစ်တွေ ပြင်ပစွန့်ထုတ်မှု ကို ဟန့်တားတာကြောင့် ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်တွေ များလာပါတယ်။ အဆစ်ရောင် ဂေါက်ရောဂါရှိသူတွေအ နေနဲ့ အရက်သောက်သုံးတာကို လုံးဝ ဖြတ်သင့်ပါတယ်။

(၆) အဆင့်ဆင့်ပြုပြင်ထားသော ကာဗို ဟိုက်ဒရိတ် ရှောင်ပါ
ဖြူဖွေးနေအောင် အဆင့်ဆင့်ပြု ပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေအစား ကောက်နှံတစ်ခုလုံးပါဝင်စာကို စားသုံး တာက ဗိုက်ပြည့်တင်းမှုကို ဖြစ်စေလို့ ကိုယ်အလေးချိန် မတက်အောင် ထိန်း နိုင်ပါတယ်။ ကိုယ်အလေးချိန်များတာက အဆစ်ရောင်ဂေါက်ရောဂါကို ပိုဆိုးစေတဲ့ အချက်ဖြစ်နေလို့ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal