ငွေကုန်ကြေးကျမများဘဲ နှာတံပေါ်ချင်ပါသလား

မော်ဒယ်လ်တွေ၊ ရုပ်ရှင်မင်းသမီး တွေလို ရုပ်ရည်ချောမောလှပတဲ့အမျိုး သမီးတွေမှာ တောက်ပတဲ့မျက်လုံး၊ လှပ တဲ့မျက်ခုံး၊ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်း တွေအပြင် ပေါ်လွင်တဲ့နှာတံတွေလည်း ပိုင်ဆိုင်ကြပါတယ်။ နှာခေါင်းဟာ မျက် နှာတစ်ခုလုံးပေါ်မှာ အပေါ်လွင်ဆုံးနေ ရာဖြစ်တဲ့အတွက် မိမိကို ဆွဲဆောင်မှု ရှိနေစေဖို့ နှာတံပေါ်လွင်နေဖို့ အလွန် အရေးကြီးပါတယ်။
နှာတံပေါ်လွင်အောင် မိတ်ကပ်နဲ့ ပြုပြင်တာ ဒါမှမဟုတ် ခွဲစိတ်ပြုပြင်တာ တွေနဲ့ ပြုလုပ်နိုင်ပေမယ့် ဒီလိုပြုလုပ် တာက ငွေကုန်ကြေးကျများနိုင်ပါတယ်။ အခုဖော်ပြမှာကတော့ နှာတံပေါ်မယ့် လေ့ကျင့်ခန်းတွေကို မိမိဘာသာ အိမ်မှာ ပုံမှန်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေပါ။

၁။ နှာခေါင်းပုံဖော်ခြင်း


ဒီလေ့ကျင့်ခန်းက နှာတံတွဲကျမှုမ ရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်း
♦ သင်ရဲ့ လက်ညှိုးနှစ်ဖက်ကို အသုံး ပြုပြီး နှာတံ တစ်ဖက်တစ်ချက်ကို ဖိအား ပေးကာ အသက်ပြင်းပြင်းရှူထုတ်လိုက် ပါ။
♦ နှာသီးဖျားတစ်ဖက်တစ်ချက်စီပေါ် ကိုပါ ဖိအားပေးပါ။ ဒီလိုလုပ်နေစဉ် အသက်ပြင်းပြင်း မရှူထုတ်ပါနဲ့။
♦ ၁၀ ကြိမ်ပြုလုပ်ပါ။

၂။ နှာတံတိုသူတို့အတွက် လေ့ကျင့် ခန်း


အသက်အရွယ်ရလာတဲ့အခါမှာ မျက်နှာအတွင်းမှာ ရှိတဲ့ အရိုး၊ အရိုးနုနဲ့ ကြွက်သားတွေအားလုံးဟာ ကျုံ့လာ တတ်ပါတယ်။ ဒီလေ့ကျင့်ခန်းက သင့် နှာခေါင်းရဲ့ ပုံစံမပျက်အောင် (ဥပမာ နှာခေါင်းတိုသွားတာလိုမျိုး) ကူညီနိုင် တဲ့အပြင် အရိုးနုပုံစံမပျက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်း
♦ လက်ညှိုးကို နှာတံထိပ်ပေါ်တင်ပြီး အသာအယာဖိပေးပါ။
♦ နှာခေါင်းကို ဖိထားရင်းနဲ့ ခေါင်းကို အောက်ကိုငုံ့ပေးပါ။
♦ နေ့စဉ်နေ့တိုင်း သင်ကြိုက်နှစ်သက် သလောက် ပြုလုပ်နိုင်ပါတယ်။

၃။ နှာတံဖြောင့်လိုသူတို့အတွက် လေ့ကျင့်ခန်း


ဒီလေ့ကျင့်ခန်းကတော့ နှာတံဖြောင့် အောင် ကူညီပေးနိုင်ပါတယ်။

ပြုလုပ်နည်း
♦ ပြုံးပြီး သင့်လက်ချောင်းတွေနဲ့ နှာတံကို အပေါ်သို့ ပင့်တင်ပါ။
♦ ဒီလေ့ကျင့်ခန်းက နှာခေါင်းကြွက် သားတွေ သန်မာဖို့အတွက် ကူညီပေးနိုင် ပါတယ်။
♦ နေ့စဉ် အကြိမ် ၂၀-၃၀ အထိ ပြု လုပ်ပေးပါ။

၎။ အသက်ရှူလေ့ကျင့်ခန်း


အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် တာက ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများစွာရှိပါတယ်။ ဒီထဲမှာ နှာတံပေါ်လွင်တာကလည်း တစ်ခုအပါ အ၀င်ပါ။

ပြုလုပ်နည်း
♦ ထိုင်ခုံတစ်ခုပေါ်မှာ သက်သောင့် သက်သာ ထိုင်ပါ။
♦ နှာခေါင်းပေါက်တစ်ဖက်ကို လေး စက္ကန့်ခန့် လက်နဲ့ပိတ်ထားပြီး တခြား တစ်ဖက်ကို အသက်ရှူနိုင်ဖို့အတွက် ဖွင့်ထားပါ။
♦ နောက်တစ်ဖက်ပြောင်းလုပ်ပါ။
♦ ၁၀ ကြိမ်ပြုလုပ်ပေးပါ။

၅။ နှာရိုးကောက်သူတို့အတွက် လေ့ကျင့်ခန်း


ဒီလေ့ကျင့်ခန်းက ကြွက်သားတွေ တည်ဆောက်နိုင်ပြီး နှာတံပေါ်လွင်ဖို့ ကူ ညီနိုင်ပါတယ်။

ပြုလုပ်နည်း
♦ မျက်နှာကို တည့်တည့်ထားပြီး နှာ ခေါင်းကို ဟိုဘက်ဒီဘက် လှုပ်ရှားပေးပါ။
♦ တစ်ကြိမ်ပြုလုပ်ရင် လေးငါးခါနဲ့ အနည်းဆုံး တစ်နေ့ တစ်ကြိမ် ပြုလုပ်ပါ။

၆။ နှာရိုးနှိပ်နယ်ခြင်း


နှာရိုးကို နှိပ်ပေးတာကလည်း နှာ တံပေါ်လွင်စေနိုင်သလို ခေါင်းကိုက်ဝေ ဒနာလည်း သက်သာနိုင်ပါတယ်။

ပြုလုပ်နည်း
♦ လက်ချောင်းတွေကို အသုံးပြုပြီး သင့်နှာရိုးတစ်လျှောက်နဲ့ နှာခေါင်းအစိတ် အပိုင်းအားလုံးကို စက်ဝိုင်းပုံသဏ္ဌာန် နှိပ်နယ်သွားပါ။
♦ တစ်နေ့ အနည်းဆုံး ငါးမိနစ်ခန့် နှိပ်ပေးရပါမယ်။

၇။ နှာခေါင်းဘေးကအရေးကြောင်း (Smile Line) ပျောက်နိုင်မည့် လေ့ကျင့်ခန်း


အသက်အရွယ်ကြီးလာတဲ့အခါ နှာ ခေါင်းဘေးတစ်လျှောက် အရေးကြောင်း တွေ ပေါ်လာနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်း က အဲဒီအရေးကြောင်းတွေကို ဖျောက် ဖျက်ပေးနိုင်ပါတယ်။

ပြုလုပ်နည်း
♦ ပါးစပ်အတွင်း လေအပြည့်ဖြည့်ပြီး ပါးဖောင်းကာ လေတွေ ခံတွင်းအနှံ့ ရောက်အောင် ဟိုဘက်ဒီဘက်ကို ခပ် နှေးနှေး(အနည်းဆုံး ငါးစက္ကန့်ခန့်) ရွှေ့ ပေးပါ။
♦ နေ့စဉ်နေ့တိုင်း ပြုလုပ်ပေးပါ။

#ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *