ဆောင်းတွင်းမှာGlow နိုင်ဖို့

ပျိုမေတို့ရေ အအေးဓာတ်ပိုမယ့် ဆောင်း ရာသီမှာ အသားအရေခြောက်တာ၊ ယားယံ တာ၊ အရေပြားပျက်စီးတာတွေ ကြုံရနိုင်ပါ တယ်။ ဒီအတွက် အသားအရေ ထိန်းသိမ်း စောင့်ရှောက်ဖို့ ကြိုတင် Plan လုပ်ပြီးပြီလား။ မလုပ်ရသေးဘူးဆိုရင် ဒီမှာ List လုပ်ပေးထား တဲ့ အိုင်ဒီယာတွေကို ကောက်ယူအသုံးချ လိုက်ပါနော်။ အေးစိမ့်တဲ့ဆောင်းတွင်းမှာ ကျန်းမာတဲ့အသားအရေနဲ့ Glow နိုင်ဖို့ ဒီ အချက်တွေကို လိုက်နာပေးပါ။

(၁) ရာသီဥတုအခြေအနေ
ပျိုမေတို့နေထိုင်ရာ မြို့ဒေသရဲ့ဆောင်းတွင်းအအေးချိန်ပေါ်မူတည်ပြီး အသားအရေ စောင့်ရှောက်ဖို့လိုအပ်တဲ့ အတိုင်းအတာကွာ ခြားပါလိမ့်မယ်။ အရမ်းအေးတဲ့မြို့မှာဆိုရင် အဝတ်သုံးလေးထပ်လောက် ဝတ်ရနိုင်ပေမယ့် ရန်ကုန်ဆောင်းတွင်းကတော့ အဝတ်နှစ်ထပ် ဝတ်ရုံနဲ့ လုံလောက်ပါတယ်။

(၂) အသုံးပြုတဲ့ရေ
ရာသီဥတုအေးတဲ့အခါ ရေနွေးထဲ အကြာကြီးစိမ်ချိုးချင်ကြပါလိမ့်မယ်။ ဒါ ပေမဲ့ အရမ်းပူတဲ့ရေနွေးထဲကို အကြာ ကြီး စိမ်တာဟာ အရေပြားကို ပိုပြီး ခြောက်စေပါတယ်။ ရေနဲ့ထိတွေ့ တဲ့အခါ အသားအရေက နီရဲလာ တယ်ဆိုရင် ဒါဟာ ရေအရမ်း ပူတာကို ဖော်ပြနေပါတယ်။ အရမ်းမပူတဲ့ ခပ်နွေးနွေးရေ နဲ့ ၅-၁၀ မိနစ် ရေချိုးပေး တာကလုံလောက်ပါတယ်။

(၃) အရေပြားအတွက် အစိုဓာတ်
ရေချိုးပြီးတိုင်း အရေပြား ခြောက်တာကနေကာကွယ်ဖို့ အစို ဓာတ်များများပါဝင်တဲ့ လိုးရှင်းတွေ လိမ်းပေးပါ။ ပိုပြီးပျစ်တဲ့ ခရင်မ်ပုံစံလိုး ရှင်းတွေက ဆောင်းတွင်းအတွက် သင့် တော်ပါတယ်။ အရမ်းအေးလွန်းတယ် ဆိုရင် လိုးရှင်းအပြင် အရေပြားအတွက် ထုတ်ထားတဲ့ အဆီတစ်မျိုးမျိုး(သံ လွင်ဆီ၊ အုန်းဆီ)ကိုပါ လိုးရှင်းနဲ့ရော လိမ်းပေးပါ။ လက်အရေပြားခြောက် သွေ့အက်ကွဲပြီး ပိုးဝင်တာတွေ မဖြစ်အောင် Hand Cream ကို သွားလေရာဆောင်ထား ပေးပါ။

(၄) မျက်နှာအသားအရေ
ဆောင်းရာသီမှာ မျက်နှာအသားအရေ ထိန်းသိမ်းဖို့ဆိုရင် အဓိကကတော့ အရေပြား အစိုဓာတ်ထိန်းဖို့ပါပဲ။ အရေပြားခြောက်ရင် အရေးကြောင်းတွေ ပိုဖြစ်စေပြီး ဝက်ခြံတွေ လည်း ထွက်တတ်ပါတယ်။ ဒါကြောင့်ဆောင်း တွင်းမှာ အသားအရေခြောက်စေတဲ့ ဏနနူငညါ Tမနအောနညအ တွေခံယူတာကိုလျှော့ပါ၊ အယ်လ် ကိုဟောမပါတဲ့ အစိုဓာတ်ထိန်း Skincare Products တွေ အသုံးပြုပေးပါ။ နှုတ်ခမ်း အတွက် အစိုဓာတ်ပေးမယ့် Lip Balm, Lip Butter တွေ အသုံးပြုပါ။

(၅) နေလောင်ကာခရင်မ်
နေလောင်ကာခရင်မ်က အသားအရေ မပျက်စီးအောင် စောင့်ရှောက်ပေးနိုင်ပါ တယ်။ ဆောင်းတွင်းမှာ နေရောင်မရလို့ နေလောင်ကာခရင်မ်လိမ်းစရာမလိုဘူးလို့ ထင် ရင်မှားပါလိမ့်မယ်။ အရေပြားပျက်စီးစေတဲ့ နေရောင်ခြည်ရဲ့ယူဗီရေးတွေက တိမ်ဘယ် လောက်ထူထူ ဖြတ်သန်းနိုင်ပါတယ်။ ဒါ ကြောင့် ဆောင်းတွင်းမှာလည်း နေလောင် ကာခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။

(၆) ခန္ဓာကိုယ်ကျန်းမာစေဖို့
ခန္ဓာကိုယ်ကြီးကျန်းမာနေမှလည်း အ သားအရေစိုစိုပြည်ပြည်နဲ့ လှနေနိုင်မှာပါ။ ဒါကြောင့်ဆောင်းတွင်းမှာ ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ အစားအစာတွေကိုစားပါ။ အရေ ပြားအရမ်းခြောက်တဲ့သူတွေဆိုရင် ငါးကြီး ဆီလို့ခေါ်တဲ့ အိုမီဂါသရီး၊ အိုမီဂါစစ်ပါတဲ့ ဖြည့်စွက်ဆေးတွေမှီဝဲပါ။ ရေများများ သောက် ပေးပါ။

(၇) ကိုယ်လက် လှုပ် ရှားပြုလုပ် ပါ
ဆောင်းတွင်း အေးအေးမှာ အိပ် ရာထဲကွေးပြီးပဲ နှပ်မနေပါနဲ့။ စော စောထပြီး ရေမ ချိုးခင် သွေးပူ လေ့ကျင့်ခန်း လေးလုပ်တာ၊ ညနေပိုင်း ရေ မချိုးခင် လမ်း လျှောက်တာ၊ စက်ဘီးနင်းတာ စသဖြင့် ကိုယ် လက်လှုပ်ရှားမှု တစ်မျိုးမျိုးလုပ် ပါ။ ခန္ဓာကိုယ် တွင်း သွေးလှည့် ပတ်မှု ကောင်းစေပြီး အသားအရေကို Glow စေပါတယ်။

Darliko

Post Author: Good Health Journal