ဆောင်းရာသီမှာကလေးငယ်ရဲ့အသားအရေကိုဘယ်လိုဂရုစိုက်ပေးသင့်လဲ

ဆောင်းရာသီက ပီပီပြင်ပြင်နဲ့ အေး လာနေပြီမို့ နုနယ်တဲ့ကလေးတွေရဲ့ အ ရေပြားက လူကြီးတွေထက် ပိုပြီး ထိခိုက် နိုင်ပါတယ်။ အေးတဲ့မြောက်လေတွေ တိုက်ခတ်တာကြောင့်လည်း ကလေးရဲ့ အရေပြားကို ခြောက်သွေ့စေတတ်ပါ တယ်။ အရေပြား ခြောက်တာကြောင့် ယားယံတာ၊ နီရဲတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အဲ့ဒီကတစ်ဆင့်ကုတ်ခြစ်ရင်းက ပိုးဝင် ပြီး အနာရင်းတာတွေအထိ ဖြစ်လာနိုင်ပါ တယ်။ နုနယ်လွန်းတဲ့ ကလေးငယ်တို့ရဲ့ အသားအရေကို မထိခိုက်စေဖို့ လိုက်နာ ဆောင်ရွက်သင့်တာတွေကို ရေးသား လိုက်ပါတယ်။

နွေးနွေးထွေးထွေး ဝတ်ဆင်ပေးပါ
အပြင်က လေအေးတွေနဲ့ ရာသီဥ တု အေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကလေးကို နွေးနွေးထွေးထွေးဖြစ်စေဖို့ အထပ်ထပ်ဝတ်ဆင်ပေးပါ။ အနွေးထည် ထပ်ဝတ်ပေးပါ၊ ဦးထုပ် ဆောင်းပေးပါ။ ကလေးတွေက လူကြီးတွေထက် တစ် ထပ်ပိုဝတ်ပေးဖို့ လိုပါတယ်။ ကလေးရဲ့ အဝတ်အစားတွေအောက်ကို သင့်လက် ထည့်ကြည့်လို့ပူနေမယ်ဆိုရင်တော့ ဝတ် ထားတာ များနေပြီမို့ အဝတ်တစ်ထပ်ကို ချွတ်ပေးနိုင်ပါတယ်။

းခေါင်းနဲ့ ခြေ၊လက်တွေ နွေးအောင် ထားပါ
အဝတ်တွေ အထပ်ထပ် ဝတ်ပေးရုံ နဲ့ မပြီးသေးပါဘူး။ ကလေးရဲ့ လက်ဖျား၊ ခြေဖျားလေးတွေ နွေးနေစေဖို့ လက် အိတ်၊ ခြေအိတ်တွေ ဝတ်ပေးထားဖို့ လည်း လိုပါတယ်။ ဒါ့အပြင် နားရွက်ဖုံး အောင် ခေါင်းစွပ်ဦးထုပ်လေးဆောင်းပေး ထားဖို့လည်း လိုပါတယ်။ ဦးခေါင်းနဲ့ ခြေ၊ လက်တွေ နွေးနေမယ်ဆိုရင်အအေးဒဏ် ကို ပိုမိုကြာရှည်စွာ ခံနိုင်ခြေရှိပါတယ်။

အခန်းတွင်းမှာ ရေနွေးငွေ့ထုတ်စက် ထားပါ
ကလေးငယ်အိပ်တဲ့အခန်းထဲမှာ ရေနွေးငွေ့စက်ဖွင့်ထားပေးပါ။ ဒါမှ အ ရေပြားက အစိုဓာတ်ကို စုပ်ယူနိုင်မှာ ဖြစ် ပြီး အသားအရေ ခြောက်သွေ့မှုမဖြစ် အောင် ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

ရေနွေးနွေးနဲ့ ချိုးပေးပါ
ရေနွေးနွေးနဲ့ ချိုးပေးတာကြောင့် ကလေးငယ်ကို နွေးထွေးသွားစေပါ တယ်။ ရေပူနေဖို့ မလိုပါဘူး။ ကလေးရဲ့ အရေပြားလေးတွေ အပူလောင်သွားမှာ စိုးလို့ပါ။ ညအိပ်ရာမဝင်ခင်မှာ ကလေး ငယ်ကို ရေနွေးနွေးနဲ့ ရေချိုးပေးတာ ကြောင့် အိပ်တဲ့အခါမှာလည်း နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားစေပါတယ်။ ရေချိုးပေးတဲ့အခါ ၅ မိနစ် ပိုပြီး မကြာ သင့်ပါ။ ကလေးငယ်ရှူးရှူး အီးအီးတွေ ပါပြီး သန့်စင်ပေးတဲ့အခါမှာလည်း ရေ နွေးနွေးကိုသာ အသုံးပြုသင့်ပါတယ်။

ကျွမ်းကျင်သူနဲ့ ပြသပါ
သင့်ကလေးရဲ့အရေပြားက ခြောက် သွေ့နေတယ်၊ အထိအခိုက်မခံတဲ့ အရေ ပြားဖြစ်တယ်၊ နီရဲနေတယ်၊ ယားယံနေ တယ်ဆိုရင်တော့ ဟိုက်ဒရိုကော်တီဇုန်း ၁% ပါဝင်တဲ့ ခရင်မ်ကိုအရေပြား နေရာ ပေါ် လိမ်းပေးနိုင်ပါတယ်။ တကယ်လို့ ကလေးရဲ့ အရေပြားနီရဲတာ၊ ယားယံ တာတွေ နှစ်ရက်ကြာလာတဲ့အထိ မ သက်သာခဲ့ဘူးဆိုရင် ဆရာဝန်နဲ့ ပြသ တိုင်ပင်ဖို့ လိုပါတယ်။

နှင်းခူလိုလက္ခဏာမျိုးကို သတိပြုမိပါစေ
ကလေးရဲ့အရေပြားမှာ နှင်းခူလိုမျိုး လက္ခဏာ ပြလာပြီဆိုရင် တစ်နေ့ကို နှစ် ကြိမ် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့ လိုအပ်နေပါပြီ။ ထပ်မဆိုးလာဖို့၊ ဆက် မဖြစ်အောင် ကာကွယ်နိုင်ဖို့နဲ့ ကလေး သက်သောင့်သက်သာဖြစ်စေဖို့ အရေ ပြားကို အစိုဓာတ်ထိန်းပေးတာက အ ကောင်းဆုံးနည်းလမ်းပါ။

အစိုဓာတ် ထိန်းပေးပါ
အရေပြားအတွက် အရေးကြီးတာ က အစိုဓာတ်ပါ။ အသားအရေ နူးညံ့စို ပြည်ဖို့၊ ချောမွေ့ဖို့၊ ပျော့ပျောင်းဖို့ဆိုရင် အစိုဓာတ်ရရှိဖို့က အဓိကကျပါတယ်။ ဆောင်းတွင်းမှာ အေးတာရယ်၊ လေအေး တွေရယ်ကြောင့် လူကြီးတွေတောင် အ သားအရေက ခြောက်သွေ့ပြီး တင်းကျပ် ကျပ်ဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ နုနုနယ်နယ်အသားအရေဆိုရင် ပိုလို့ တောင် ဆိုးပါသေးတယ်။ ကလေးရဲ့အ သားအရေ အစိုဓာတ်ရရှိဖို့ဆိုရင် ရေ ဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်တဲ့ လိုးရှင်း လိမ်းပေးသင့်ပါတယ်။

အခန်းအပူချိန်ကို စစ်ဆေးပါ
ကလေးငယ် အိပ်စက်တဲ့၊ ဆော့က စားတဲ့ အခန်းရဲ့ အပူချိန်ကို သတိပြုမိဖို့ လိုပါတယ်။ ပြင်ပက ရာသီဥတုအရမ်း အေးနေရင် ပြင်ပလေတွေ မဝင်ရောက် နိုင်အောင် ပြတင်းပေါက်တွေနဲ့ အခန်း တံခါးကို ပိတ်ထားပေးပါ။ အခန်းတံခါး တွေပိတ်ထားပေမယ့် အခန်းတွင်းမှာ ပိတ်လှောင်နေတာမျိုးလည်း မဖြစ်ရ ပါဘူး။ အခန်းတွင်းမှာ လေဝင်လေထွက် ကောင်းအောင်နဲ့ ကလေးသက်သောင့် သက်သာဖြစ်အောင် Hနအေနမ သုံးပေးနိုင် ပါတယ်။

ညင်သာစွာ နှိပ်နယ်ပေးပါ
ကလေးငယ် ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ ဆိုရင် နေ့စဉ် ညင်ညင်သာသာလေး နှိပ် နယ်ပေးဖို့ လိုအပ်ပါတယ်။ နှိပ်နယ်ပေး တာကြောင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ် တွင်းမှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး ခုခံစွမ်းအားစနစ်ကိုလည်း မြင့်တက်စေ ပါတယ်။ နှိပ်နယ်တဲ့အခါ အဆီတစ်မျိုး မျိုးကို လိမ်းပေးသင့်ပါတယ်။ ဆောင်းရာ သီမှာ ကလေးငယ်ကို နှိပ်နယ်ပေးတာ ကြောင့် ခန္ဓာကိုယ်ကို နွေးထွေးစေပြီး ရာ သီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။

စွပ်ပြုတ်တိုက်ပါ
ဆောင်းရာသီမှာ ကလေးငယ်ကို စွပ်ပြုတ်တိုက်ပေးဖို့ မမေ့ပါနဲ့။ သူစားတဲ့ အစားအစာထဲမှာ စွပ်ပြုတ်တစ်ခွက်ပါဝင် အောင် ထည့်ကျွေးတာကြောင့် ကလေး ငယ်ကို နွေးထွေးစေတယ်၊ ရေဓာတ်ပြည့် ဝစေတယ်၊ အစားအစာတွေရဲ့ ချေဖျက်မှု ကို ကောင်းမွန်စေပါတယ်။ ကြက်သား ပြုတ်ပြီး အဲဒီကြက်ပြုတ်ရည်ထဲကို အ သီးအရွက်တွေ ထည့်ပါ၊ ကြက်သွန်ဖြူ အနည်းငယ် ထုခြေပြီး ထည့်ပါ။ ကလေး ငယ်ကို စွပ်ပြုတ်နွေးနွေးလေး သောက် သုံးပါစေ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal