ဆောင်းရာသီရဲ့အရေပြားပြောင်းလဲမှုတွေကိုဘယ်လိုအန်တုမလဲ

ဆောင်းရာသီဝင်လာပြီဆိုတာနဲ့ ကျွန်မတို့ရဲ့အရေပြားက စတင်ပြောင်းလဲလာတာကို သတိပြုမိမှာပါ။ အသားအရေတွေ ခြောက်လာတာ၊ နှုတ်ခမ်းတွေခြောက်ပြီး အက်ကွဲလာတာ၊ခြေဖနောင့်တွေကွဲတာ စတာတွေက သိသာတဲ့အချက်တွေပါ။

ခြောက်သွေ့တဲ့အရေပြား ပိုင်ရှင် တွေက အဆီပြန်တတ်သူတွေထက် ဆောင်းရာသီဒဏ်ကို ပိုပြီးခံစားကြရပါ တယ်။ သင်က ခြောက်သွေ့တဲ့ အသား အရေပိုင်ရှင်မျိုးဆိုရင် တခြားသူတွေ ထက် ဆောင်းရာသီမှာ ပိုမိုအလေးထား ဂရုစိုက်ရမယ့်အချက်တွေရှိနေပါတယ်။

အစားအသောက်ကို ဂရုစိုက်ပါ
အရေပြားနူးညံ့မှု၊ ကြမ်းတမ်းမှုတွေ က အလှကုန်ပစ္စည်းတွေ တစ်ခုတည်းအ ပေါ်မှာပဲ မူတည်တာမဟုတ်ပါဘူး။ စား သုံးတဲ့ အစားအသောက်တွေကလည်း အရေးကြီးပါတယ်။ အာဟာရရရှိမှုက အရေပြားကို အသစ်တစ်ဖန်ပြောင်းလဲနိုင် ပါတယ်။ ဆောင်းရာသီမှာ အရေပြား အစိုဓာတ်ထိန်းနိုင်ဖို့အတွက် တစ်နေ့ကို ရေ ၂-၃ လီတာ သောက်ပါ။ လတ်ဆတ် တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စား သုံးပါ။

အစိုဓာတ် နေ့စဉ်ဖြည့်ပေးပါ
အေးမြတဲ့ရာသီဥတုမှာ အေးမြတဲ့ လေတွေတိုက်ခတ်နေတာကြောင့် အရေ ပြားကိုခြောက်သွေ့စေပါတယ်။ အစိုဓာတ် ထိန်းခရမ်င်ကို နေ့စဉ်မဖြစ်မနေ လိမ်း ပေးသင့်ပါတယ်။ မျက်နှာသန့်စင်ပြီးတာနဲ့ ကိုယ်နဲ့သင့်တော်တဲ့ အစိုဓာတ်ထိန်းပေး တဲ့ ခရင်မ်တစ်မျိုးမျိုးလိမ်းပါ။ ညအိပ်ရာ မဝင်မှာလည်း မျက်နှာသန့်စင်ပြီး ည လိမ်းခရင်မ်ကိုလိမ်းပါ။ နေ့လိမ်းခရင်မ် လိမ်းတဲ့အခါ မျက်လုံးတစ်ဝိုက်နဲ့ အရေ ပြားခြောက်တဲ့နေရာတွေကို အဓိကထား လိမ်းပေးပါ။
သဘာဝနည်းလမ်း ။ ။ ဆောင်းတွင်းမှာ အသားအရေ နူးညံ့ပျော့ပျောင်းစေဖို့ ကုလားပဲကို အမှုန့်ကြိတ်ပြီး နွားနို့ ဒါမှမ ဟုတ် ဒိန်ချဉ်နဲ့ရောပါ။ မျက်နှာပေါ်လိမ်း ပြီး ၁၅ မိနစ် လောက်ထားပြီးမှ ရေနွေး နွေးနဲ့သန့်စင်ပေးပါ။

ဆီကုထုံး သုံးပါ
ဆောင်းရာသီမှာ ခြောက်သွေ့ကွဲ အက်နေတဲ့ အရေပြားတွေအတွက် ရေ မချိုးခင်မှာ အုန်းဆီအနည်းငယ် လိမ်း ပေးပါ။ ရေချိုးပြီး၊ မျက်နှာသစ်ပြီးတာနဲ့ အိမ်အပြင် အေးတဲ့နေရာတွေကို ချက် ချင်းထွက်မသွားသင့်ပါဘူး။ အနည်းဆုံး မိနစ် ၃၀ လောက် စောင့်ပြီးမှသာ သွား သင့်ပါတယ်။ ပတ်ဝန်းကျင်ရဲ့အပူချိန် ရုတ်တရက် ပြောင်းလဲမှုကြောင့် အရေ ပြားမှာရှိတဲ့ ဆံချည်မျှင် သွေးကြောလေး တွေ ပေါက်ကွဲသွားနိုင်တာကြောင့်ပါ။ ရေချိုးတဲ့ အခါမှာလည်း ချိုးတဲ့ရေထဲကို အဆီတစ်မျိုးမျိုးကို အစက်အနည်းငယ် လောက်ထည့်ပြီး ချိုးသင့်ပါတယ်။ ရေမ ချိုးခင်မှာ အဆီကိုအပူပေးပြီး ကိုယ်တိုင် နှိပ်နယ်ပေးသင့်ပါတယ်။ ဆောင်းရာသီ မှာ ရေပူချိုးတာကို ရှောင့်သင့်ပါတယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို လျော့နည်းသွားနိုင်တာကြောင့်ပါ။ ရေ ချိုးတဲ့အခါလည်း အချိန်ကြာကြာ မချိုး သင့်ပါ။

ဗာဒံစေ့ စားသုံးပါ
ဗာဒံစေ့က အရေပြားကို အဆီဓာတ် ပံ့ပိုးပေးနိုင်ပါတယ်။ ဗာဒံစေ့ကို အဆီ ဓာတ်ကို စုပ်ယူနိုင်လို့ နွားနို့၊ ချိစ်တို့ ရော ထားတဲ့ အရောထဲ တစ်ညအိပ် စိမ်ထား ပြီး စားသုံးနိုင်ပါတယ်။ အရေပြားစိုပြည် လှပစေဖို့ များစွာ အထောက်အကူဖြစ်စေ ပါတယ်။

ဆီးဖြူသီး စားပါ
ဆီးဖြူသီးထဲမှာ ဗီတာမင် စီ များစွာ ပါဝင်ပြီး အရေပြားရဲ့ နက်ရှိုင်းတဲ့ အလွှာ ထဲအထိ အာဟာရဖြည့်စွက်ပေးနိုင်ပါ တယ်။ ဆီးဖြူသီးကို စားသုံးပေးမယ်ဆို ရင် အသားအရေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှုတ်ခမ်းမခြောက်အောင်ကာကွယ်ပါ
ဆောင်းရာသီမှာ အေးမြတဲ့ လေထု က နှုတ်ခမ်းသားတွေကို ခြောက်သွေ့ ပျက်စီးစေပါတယ်။ နှုတ်ခမ်းခြောက်လို့ ဆိုပြီး နှုတ်ခမ်းကိုတံတွေးဆွတ်တာ၊ နှုတ် ခမ်းကိုက်တာတွေကို ရှောင်ပါ။ ခြောက် သွေ့မှုကို ပိုဆိုးစေနိုင်ပါတယ်။ နှုတ်ခမ်း ခြောက်တာ မဖြစ်အောင် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရေကို လုံလောက်စွာသောက်သုံးပါ။ လတ်ဆတ် တဲ့သစ်သီးနဲ့ သစ်သီးဖျော်ရည်တွေ သောက်နိုင်ပါတယ်။

Lip Balm သုံးပါ
နှုတ်ခမ်းခြောက်တာကို သက်သာ စေဖို့ နှုတ်ခမ်းမှာ Lip Balm သုံးနိုင်ပါ တယ်။ အနည်းဆုံး SPF 20-30 ပါဝင် တာကို ရွေးချယ်သုံးသင့်ပါတယ်။ ဗီတာ မင်အီး ပါဝင်တာမျိုးဆို ပိုကောင်းပါတယ်။ ညအိပ်ရာမဝင်ခင်မှာ Ghee (သန့်စင် ထားတဲ့ထောပတ်)ကို နှုတ်ခမ်းပေါ်လိမ်း ပြီး ညင်သာစွာ နှိပ်နယ်ပေးပြီးမှ အိပ်စက် သင့်ပါတယ်။ နှုတ်ခမ်းပေါ်က သဘာ၀ အဆီတွေလျော့နည်းမသွားအောင် ထိန်း သိမ်းပေးလို့ နှုတ်ခမ်းခြောက်သွေ့အက် ကွဲတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဆံသားခြောက်သွေ့မှုကို တားဆီးပါ
အေးမြတဲ့အချိန်မှာ အပြင်ကို သွား တဲ့အခါ သင့်အသားအရေတင်မကဘဲ ဆံသားကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဆံသားတွေ ပျက်စီးမှုမှ ကာကွယ်ဖို့အ တွက်ဆိုရင် ခေါင်းလျှော်ပြီးတဲ့အခါ Dမပနမ အသုံးပြုပြီး ခြောက်သွေ့အောင်မလုပ်ဘဲ သဘာဝအတိုင်းပဲအခြောက်ခံပါ။ ဆောင်း ရာသီမှာ ဆံပင်ကောက်တာ၊ ဖြောင့်တာ တွေ ပြုလုပ်တာကြောင့် ဆံသား ပိုမိုပျက် စီးစေပါတယ်။ ဆံသားပျက်စီးမှု သက် သာစေဖို့ ခေါင်းလျှော်ပြီးတိုင်း ကွန်ဒီရှင် နာအသုံးပြုပေးပါ။

နွေ၊ မိုး၊ ဆောင်း ဘယ်လိုရာသီဥတု မျိုးမဆို နေရောင်ခြည်ကရှိနေတာပါပဲ။ ဒါကြောင့် တစ်နှစ်ပတ်လုံးမှာ နေရောင် ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် တွေကိုကာကွယ်ဖို့ Sင်္ဏ ပါဝင်တဲ့ အသား အရေထိန်းသိမ်းတဲ့ အလှကုန်တွေကို အ သုံးပြုပေးရပါမယ်။ နေရောင်ခြည်ကြောင့် အရေးကြောင်းတွေ ထင်ရှားစေတာ၊ အသားအရေညိုမည်းလာတာ၊ အစက်အ ပြောက်တွေဖြစ်တာ၊ နေလောင်တာ စတာတွေဖြစ်စေပါတယ်။ ဒါကြောင့် ဆောင်းရာသီမို့ နေရောင်ခြည်ကာကွယ်ဖို့ မလိုဘူးဆိုပြီး မထင်လိုက်ပါနဲ့။ နေရောင် ကာနိုင်စွမ်း Sင်္ဏ ပါဝင်တာတွေကို ရွေး ချယ် အသုံးပြုသင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal