ဆေးများများသောက်လေကောင်းလေလား

ဆေးတွေဆိုတာအများကြီး သောက်နိုင်လေ ကောင်းလေ မဟုတ်ပါဘူး။ အထူးသဖြင့် ဖြည့်စွက် ဆေးတွေကို လူအများစုက အများကြီးသောက်လေ့ ရှိပါတယ်။ အရင်ဆုံးသိထားရမှာတစ်ခုကတော့ ဖြည့်စွက်ဆေးတွေဆိုတာ သူတို့ ပြောထားတဲ့အာနိ သင်အတိုင်းထိရောက်မှုရှိပါတယ်လို့ ပြစရာခိုင်လုံ တဲ့ သုတေသနသက်သေအဖြေ မရှိတာများ ပါတယ်။ ဖြည့်စွက်ဆေးတွေဆိုတာဟာ FDA ကို ဖြတ်စရာမလိုဘဲ ဈေးကွက် တွင်း ရောင်းချနိုင်တဲ့ဆေးတွေဖြစ် ပါတယ်။
သင်ဟာ နာတာရှည်ရောဂါ အတွက် ဆေးဝါးမှီဝဲနေရသူဖြစ် ရင်ဖြည့်စွက်ဆေးတွေကိုကိုယ့် သဘောနဲ့ကိုယ် မသောက်ဖို့လို ပါတယ်။ နောက်ပြီး ရောဂါတစ်ခုခု ဖြစ်ရင် ဆရာဝန်တစ်ယောက်နဲ့သွားပြ လိုက်၊ နောက်ဆရာဝန်တစ်ယောက်နဲ့ သွားပြ လိုက်၊ နှစ်ယောက်လုံးပေးတဲ့ဆေးတွေကို အကုန် ရောသောက်တာတွေ လုပ်လို့မရပါဘူး။ ဆေးခန်း သွားပြရင် သောက်နေကျ ဆေးတွေကဘာတွေလဲ၊ ရောဂါအခံ ဘာရှိလဲ စတာတွေ အကုန်ပြောပြရပါ မယ်။ သင်ဟာ ဆေးတွေ သောက်နေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်း ၆ ခုကို ပြန်မေးပါ။

(၁) ဘာအတွက်သောက်တာလဲ
ဒါဟာ မလိုအပ်ဘဲဆေးတွေ မသောက်မိစေ ဖို့ဖြစ်ပါတယ်။ ဆေးတွေ မ လိုအပ်ဘဲသောက်တာက ကျန်းမာရေးပိုကောင်းမလာစေပါဘူး၊ ဒါ့အပြင် ဆေး အချင်းချင်းဓာတ်ပြုနိုင်ခြေ မြင့်လာစေပါတယ်။

(၂) ဘယ်လောက်ကြာကြာသောက်ရမလဲ
ဆေးတိုင်းက စွဲပြီး သောက်ရတာ မဟုတ်ပါ ဘူး။ ကြာရှည်စွဲပြီး သောက်ရတဲ့ ဆေးတွေရှိသလို၊ သတ်မှတ်ထားတဲ့ရက်ထက်ကျော်လွန်ပြီး မသောက် ရတဲ့ဆေးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဆေး တစ်ခုသောက်ပြီဆိုရင် ဘယ်လောက် ကြာကြာ သောက်ရမလဲဆိုတာ သေချာသိအောင်လုပ်ထားပါ။

(၃) ဆေးအာနိသင်တူတူချင်း သောက်မိနေလား
အာနိသင်တူတူပဲဖြစ်တဲ့ ဆေးနှစ်မျိုးကို သောက်မိတာမျိုးတွေ လူကြီးတွေမှာ အဖြစ်များပါ တယ်။ ဒါဟာ လိုအပ်တာထက်ပိုတဲ့ အာနိသင်ကို သက်ရောက်စေပြီး ဆေးရဲ့ဆိုးကျိုးလည်းပိုရရှိစေပါတယ်။

(၄) ဆေးရဲ့ဆိုးကျိုးတွေကဘာတွေရှိလဲ
ဆေးတိုင်း၊ ဖြည့်စွက်ဆေးတွေအပါအဝင် ဆိုးကျိုးမရှိဘူးလို့ မထင်ပါနဲ့၊ ဆေးတွေဆိုတာ ဆိုး ကျိုးတွေ အနည်းနဲ့အများပေးနိုင်ပါတယ်။

(၅) မတည့်တဲ့ဆေးတွေနဲ့တွဲသောက်မိနေလား
ဆေးတွေအချင်းချင်းဓာတ်ပြုတဲ့အခါ ဘေး ထွက်ဆိုးကျိုးတွေပိုထွက်လာနိုင်သလို မတည့်တာ ဖြစ်ရင် ကျန်းမာရေးထိခိုက်စေလို့သတိပြုပါ။

ထူးဒါလီကိုကို(MPharm)

Post Author: Good Health Journal