ဆေးဝါးမကူဘဲ ဖြေရှင်းနိုင်သော ကျန်းမာရေးပြဿနာများ

ကျန်းမာရေးပြဿနာတချို့ကို ဆေးဝါးမလိုဘဲ မိမိဘာသာ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။

အိပ်မပျော်ခြင်း
ဖြေရှင်းနည်း ► ချမိုမိုင်းလက်ဖက်ရည်သောက်ပါ
အိပ်မပျော်တာ၊ အိပ်ရေးမ၀တာကို လူတိုင်းနီးပါးခံစားဖူးကြမှာပါ။ သင်ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတာကအိပ်ပျက်စေတဲ့အကြောင်း တစ်ခုပါ။ Facebook စာမျက်နှာတွေ ဖတ်ရှုနေတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချက်တင်လုပ်နေတာ၊ ညဘက် အိပ်ချိန်လွန်တဲ့အထိ ဖုန်းပြောနေတာတွေက သင့်ကိုအိပ်ပျက်စေတဲ့ အကြောင်းတွေပါ။ ကော်ဖီသောက်မယ့်အစား ချမိုမိုင်းခတ်ထားတဲ့ လက်ဖက်ရည်သောက်ပေးတာက အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

လေပွခြင်း
ဖြေရှင်းနည်း ► ဒိန်ချဉ်သောက်ပါ
လေပွတာကအများစုမှာဖြစ်တတ်ကြပြီး ဖြစ်နိုင်တဲ့အကြောင်းတွေကလည်း များစွာရှိပါတယ်။ အစာမကြေတာ၊ လက်တို့နဲ့မတည့်တာ၊ အမျှင်ဓာတ်ကြွယ်ဝတာတွေကို အလွန်အမင်းစားမိတာနဲ့ တချို့ဆေးဝါးတွေကြောင့် လေပွတာကို ဖြစ်နိုင်ပါတယ်။ လေပွတာကို အကျိုးပြုဘက်တီးရီးယားတွေနဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ နည်းသွားတဲ့အခါမျိုးမှာ အစာတွေကို ချေဖျက်ဖို့နဲ့ မှိုပိုးတွေ ပွားများမှုကိုဟန့်တားဖို့ အားနည်းသွားတတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့ ဒိန်ချဉ်သောက်ပြီး လေပွတာကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ ဒိန်ချဉ်ကို စတော်ဘယ်ရီနဲ့ ရောပြီး စားနိုင်ပါတယ်။

ဓာတ်မတည့်ခြင်း
ဖြေရှင်းနည်း ► နှာခေါင်းစည်းတပ်ထားပါ
အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၀-၂၀ ရာခိုင်နှုန်းလောက်က ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဓာတ်မတည့်တာကြောင့် နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ နှာချေတာနဲ့ဖျားတာတွေကို ခံစားရနိုင်ပါတယ်။ ပန်းပေါင်းစုံဖူးပွင့်တဲ့ ရာ သီတွေမှာ အိမ်အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်သွားပါ။ ပျားရည် တစ်နေ့ လက်ဖက်စားဇွန်းတစ်ဇွန်း သောက်ပါ။ လေ့လာသူတွေက ပျားရည်က ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာကိုသက်သာစေတယ်လို့ တွေ့ရှိခဲ့ ပါတယ်။

စိုးရိမ်စိတ်များခြင်း
ဖြေရှင်းနည်း ► တရားထိုင်ပါ၊ ယောဂကျင့်ပါ
အင်္ဂလန်နိုင်ငံမှာ အရွယ်ရောက်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ စိုးရိမ်စိတ်များတဲ့ဝေဒနာကို ခံစားနေရပါတယ်။ စိုးရိမ်စိတ်များတာကြောင့် မလိုလားအပ်တာတွေကို မဆင်မခြင် လုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတာ ဟာ ဦးနှောက်အတွင်းမှာ ဟော်မုန်းဓာတ်တွေ မညီမမျှဖြစ်တာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့်တာတွေနဲ့ စိုးရိမ်သောကတွေကို လျော့နည်းသက်သာစေပါတယ်။ အရီဇိုးနား တက္ကသိုလ်မှလေ့လာမှုအရ ယောဂလေ့ကျင့်ခန်း ပြုလုပ်တာက စိုးရိမ်စိတ်တွေကို လျှော့ချနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။

 

♦ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) ♦

 

Good Health Page မှာ ဖော်ပြထားသော ကဏ္ဍများနှင့် Good Health Journal မှာ ဖော်ပြထားသော ကဏ္ဍများကို ကြိုက်နှစ်သက်ပါက လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ မည်သည့် Facebook စာမျက်နှာ၊ ၀က်ဘ်ဆိုက်မှတစ်ဆင့် ကူးယူဖော်ပြခြင်းခွင့်မပြုပါကြောင်း အသိပေးအပ်ပါသည်။

#အယ်ဒီတာအဖွဲ့

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *