ထောပတ်သီးကို အလှအပအတွက် ဘယ်လိုသုံးမလဲ

ထောပတ်သီးက အရေပြားကို နူးညံ့ပျော့ပျောင်းစေပြီး အားဖြည့် ပေးပါတယ်။ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး အရေပြားကို ရေ ဓာတ်ဖြည့်ပေးပါတယ်။ ထောပတ် သီးမှာ ဗီတာမင် အေ၊ စီ၊ အီးနဲ့ အရေပြားအတွက် အဓိကလိုအပ် တဲ့ အာဟာရဓာတ်တွေများစွာ ပါ ဝင်ပါတယ်။ ဒါကြောင့် အလှအပ အတွက် ဘယ်လိုသုံးနိုင်မလဲ လေ့ လာကြည့်ရအောင် . . .

သက်ကြီးအစက်အပြောက်တွေကင်းစင်စေတယ်

ထောပတ်သီးက သက်ကြီးအစက် အပြောက်တွေကို ကင်းစင်စေပါတယ်။ အမာရွတ်တွေကို ဖယ်ရှားပေးပြီး အသား အရေကို ဝင်းပစိုပြည်စေပါတယ်။

ရေဓာတ်ဖြည့်ပေးပြီး အသားအရေဖြူ ဝင်းစေတယ်
ထောပတ်သီးက ခြောက်သွေ့တဲ့ အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အ သားအရေကို ဖြူဝင်းစေပါတယ်။ ထော ပတ်သီးကို အစိုဓာတ်ထိန်းခရင်မ်နဲ့ မျက် နှာသန့်စင်တဲ့ ပစ္စည်းတွေမှာ ထည့်သွင်း ဖော်စပ်ကြပါတယ်။ အရေပြားခြောက် သွေ့မှုကြောင့်ဖြစ်တဲ့ ယားယံတာကို လည်း သက်သာစေပါတယ်။

အရေးကြောင်းမဖြစ်အောင် ကာကွယ် ပေးတယ်
ထောပတ်သီးက အရေပြားကို အ ဆိပ်အတောက်တွေရဲ့ ဖျက်စီးမှုမှ ကာ ကွယ်ပေးပြီး အရွယ်မတိုင်မီ အရေး ကြောင်းဖြစ်ပေါ်တာကို တားဆီးပေးပါ တယ်။ မျက်နှာပေါ် ထောပတ်သီးမှည့်ကို တိုက်ရိုက် လိမ်းပေးနိုင်ပါတယ်။

နေရောင်ကာခရင်မ်အဖြစ် အသုံးပြု နိုင်တယ်
နေ့စဉ် လိမ်းနေတဲ့ နေရောင်ကာ လိုးရှင်း ဝယ်ယူတဲ့အခါ ထောပတ်သီးနဲ့ ပြုလုပ်ထားတာကို ရွေးချယ်ဝယ်ယူပါ။ ထောပတ်သီးက နေရောင်ခြည်မှာ ပါဝင် တဲ့ ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီနှစ်မျိုး လုံးကို ကာကွယ်ပေးနိုင်ပါတယ်။ နှင်းခူ ဖြစ်တာ၊ နေလောင်တာတွေအတွက်လည်း ထောပတ်သီးကို အသုံးပြုနိုင်ပါတယ်။

အရေပြား သန့်စင်စေတယ်
အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သန့်စင်စေပါတယ်။ သွေး လှည့်ပတ်မှု ကောင်းစေလို့ အရေပြား အ တွင်းထဲထိ အာဟာရဓာတ်တွေ ရောက်ရှိ စေပါတယ်။ ထောပတ်သီးထဲက အမိုင်နို အက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတာမင်းက အရေပြားကို သန့်စင်စေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် အရေပြား ပျက် စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကျန်းမာသောအရေပြားကို ပိုင်ဆိုင် နိုင်စေတယ်
ထောပတ်သီးထဲမှာ အင်တီအောက် ဆီးဒင့်တွေ များစွာပါဝင်လို့ အရေပြား ပျက်စီးမှုမှကာကွယ်ပေးပါတယ်။ ဖြူဝင်း ပြီး လှပတဲ့အသားအရေပိုင်ရှင်ဖြစ်အောင် ကူညီပေးပါတယ်။

ဝက်ခြံမထွက်အောင် တားဆီးပေးတယ်
ထောပတ်သီးကို ပုံမှန်စားသုံးပေးပါ က မျက်နှာပေါ်မှာဝက်ခြံထွက်တာကို တား ဆီးပေးပြီး အသားအရေ လှပစေပါတယ်။

ဖြူစင်ဝင်းမွတ်စေတယ်
ထောပတ်သီးက အရေပြားအတွက် အကောင်းဆုံးသစ်သီးပါ။ အရေပြားကို ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှုမှ ကာ ကွယ်ပေးပါတယ်။ ကောင်းတဲ့အဆီဓာတ် ဖြည့်ပေးလို့ အရေပြားကျန်းမာစေပါ တယ်။ အရေပြားမှာ ရေဓာတ်ထိန်းပေးပြီး အသားအရေဖြူစင်ဝင်းမွတ်စေပါတယ်။

အာဟာရဖြည့်ပေးတယ်
ထောပတ်သီးထဲမှ အဆီက အရေ ပြားထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ပါ တယ်။ အရေပြားကို သန့်စင်စေပြီး အာ ဟာရဖြည့်ပေးတာကြောင့် ကလေးငယ် တစ်ယောက်ရဲ့ အသားအရေလိုပဲ နူးညံ့ လှပစေပါတယ်။ ဆဲလ်အသစ်ဖြစ်ပေါ်မှု ကို အားပေးပြီး ခန္ဓာကိုယ်တွင်းကိုလည်း သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

ကွန်ဒီရှင်နာအဖြစ် အသုံးပြုနိုင်တယ်
ထောပတ်သီးက ခြောက်သွေ့တဲ့ ဆံသားအတွက် ကွန်ဒီရှင်နာအဖြစ် အ သုံးပြုနိုင်ပါတယ်။ ထောပတ်သီးအမှည့် ကိုခရင်မ်ပုံစံဖြစ်အောင်ခြေပြီး ဦးရေပြား အနှံ့လိမ်းကာ ညင်သာစွာနှိပ်နယ်ပေးပါ။ ဆံသားနူးညံ့ပျော့ပျောင်းစေပြီး ကျန်းမာ စေပါတယ်။ ခြောက်သွေ့ပျက်စီးနေသော ဆံသားအတွက် အကောင်းဆုံးကွန်ဒီရှင် နာပါ။

ဆံသားပျက်စီးမှုမှ ကာကွယ်ပေးတယ်
အပူပေးတာ၊ ဓာတုပစ္စည်း အသုံးပြု တာတွေကြောင့် ပျက်စီးနေတဲ့ ဆံသားအ တွက်လည်းထောပတ်သီးကို အသုံးပြုနိုင် ပါတယ်။

ဆံသားတောက်ပြောင်စေတယ်
ထောပတ်သီးထဲမှာ အဆီ၊ ဗီတာမင် နဲ့ အိုမီဂါ-၃ အဆီတွေ ပါဝင်တာကြောင့် ဆံသားတောက်ပြောင်လှပစေပါတယ်။

ဆံသားသန်စွမ်းစေတယ်
ထောပတ်သီးက ဆံသားကြီးထွားမှု ကို ပုံမှန်ဖြစ်အောင်လှုံ့ဆော်ပေးပြီး ဆံ ပင်ကျွတ်တာကနေ ကာကွယ်ပေးပါ တယ်။ ဆံပင်ကျွတ်တာများပြီး ဆံသား ပါးနေသူတွေအတွက် ထောပတ်သီးက အကောင်းဆုံး အိမ်သုံးဆေးနည်းပါ။

ဦးရေပြား အစိုဓာတ်ကို ထိန်းပေးတယ်
ဦးရေပြားခြောက်သွေ့တာကြောင့် ယားယံတာနဲ့ ဆံပင်ပြဿနာတွေ မျိုးစုံ ကြုံတွေ့နိုင်ပါတယ်။ ထောပတ်သီးမှာပါ ဝင်တဲ့ အဆီက ဦးရေပြားထဲအထိ စိမ့်ဝင် ပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ ဆံ ချည်မျှင်အိတ်တွေကို လှုံ့ဆော်ပေးပြီး ဦး ရေပြားအတွင်း သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *