ဒေါက်မြင့်ဖိနပ်လှလှလေးတွေကြောင့် မနာကျင်စေလို . . .

မိန်းကလေးတွေမှာလည်း တစ်ယောက်အကြိုက်တစ် မျိုးစီမို့ တချို့က ဒေါက်မြင့်လေကြိုက်လေဖြစ်ပြီး တချို့က လည်း ခပ်ပါးပါးလေးစီးရတာကို ပိုနှစ်သက်တာလည်း ရှိပါ တယ်။ ဒေါက်မြင့်ဖိနပ်ပုံစံအမျိုးမျိုးရှိရာမှာ ကွာလတီနဲ့ ဒေါက် အမြင့်ပေါ်မူတည်ပြီး ဘယ်လိုပုံစံဒေါက်မြင့်ဖိနပ်ပဲဖြစ်ဖြစ် စီး တာကြာရင် ခြေထောက်လေးတွေ နာကျင်ရမြဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ဒေါက်မြင့်ဖိနပ်တွေကြောင့် နာကျင်မှုသက်သာ စေဖို့ နည်းလမ်းတွေကို ရေးပေးလိုက်တယ်နော်။

Tip -1
ဖိနပ်ဆိုက်မှန်အောင်ရွေးချယ်ပါ၊ အရှည်ဆုံး ခြေချောင်းနဲ့ ဖိနပ်ထိပ်ကြားမှာ နေရာလွတ်ရှိဖို့လိုပါတယ်။ ဒါမှ ဒေါက်မြင့် ရှူးဖိနပ်ကြောင့် ခြေချောင်းလေးတွေ မနာကျင်မှာပါ။ သင့်ခြေ ထောက် အကျယ်ထက် သေးတဲ့ဖိနပ်မျိုးလည်း မဖြစ်ပါစေနဲ့။

Tip -2
ဖိနပ်ကို ပြုလုပ်ထားတဲ့ အသားကလည်း စကားပြောပါ တယ်။ အကောင်းဆုံးကတော့ လယ်သာအသားနဲ့ ချုပ်လုပ် ထားတဲ့ ဖိနပ်တွေက Synthetic ထက် ပိုပြီး သက်သောင့် သက်သာဖြစ်ပါတယ်။

Tip -3
နောက်ထပ် trick တစ်ခုကတော့ ကွာလတီကောင်းတဲ့ insole cushion ကို ခံစီးပါ။ သူက လမ်းလျှောက်လိုက်တိုင်း မှာ ခြေဆစ်လှုပ်ရှားမှု ထိခိုက်မှုနည်းအောင် ထောက်ပံ့ပေးနိုင် ပါတယ်။

Tip -4
သင်ရဲ့ လမ်းလျှောက်တဲ့ ပုံစံကလည်း အရေးကြီးပါတယ်။ ဒေါက်မြင့်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့ပုံစံ မမှန်ရင်လည်း ခြေ ထောက်တွေပေါ် ဒဏ်ပိုပိစေပါတယ်။ ဒီအတွက် ခန္ဓာကိုယ်ကို မတ်မတ်အနေအထားအတိုင်းလျှောက်ပြီး Core Muscle ကြွက်သားတွေကို အဓိက အသုံးပြုပါ။

Tip -5
အနံ့ပျောက်ဆေး (Deodorant) ကို ရှူးဖိနပ် အနောက်
ဘက်နဲ့သင့်ခြေထောက်ကို ဖျန်းပေးပါ။ ဒါကလည်း
သင့်ခြေထောက် ပွန်းပဲ့တဲ့ ဒဏ်ကို
လျော့နည်းစေနိုင်
ပါတယ်။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *