နေပူထဲတွင်ရပ်ထားသော ကားထဲ၌ထည့်မထားသင့်သည့် ပစ္စည်းများ

ကျွန်မတို့ဟာ အိမ်ပြင်ကို ကားနဲ့ ထွက်တဲ့အခါမှာ ကျွန်မတို့အတွက် လို အပ်တဲ့ပစ္စည်း ဥပမာ ရေဘူး၊ နေကာ မျက်မှန်၊ ဖုန်း အစရှိတာတွေကို သယ် ဆောင်သွားလေ့ရှိကြပါတယ်။ ကိုယ် သွားချင်တဲ့နေရာရောက်လို့ နေပူထဲကား ရပ်ထားမိတဲ့အခါ ကားထဲမှာ ရေဘူး၊ အစားအစာနဲ့ အီလက်ထရွန်နစ်ပစ္စည်း တွေကို မထားသင့်ဘူးဆိုတာကတော့ လူတိုင်းသိနေလောက်ပါပြီ။ ဒါ့အပြင် အောက်ပါပစ္စည်းတွေကို ကားထဲမှာချန် ထားခဲ့ရင် အလွန်အန္တရာယ်ရှိနိုင်တယ် ဆိုတာကတော့ သိလောက်ဦးမှာ မဟုတ် သေးတဲ့အတွက်ဖော်ပြပေးလိုက်ပါတယ်။

နေရောင်ကာလိမ်းဆေးခရင်မ်
နေရောင်ကာလိမ်းဆေးကတော့ အပြင်ထွက်တိုင်း မဖြစ်မနေ သယ် ဆောင်သွားသင့်တဲ့အရာပါ။ သူ့ကို များ သောအားဖြင့် ကားရဲ့ ဒက်ခ်ျဘုတ်ပေါ် မှာတင်ထားပြီး ခရီးရှည်သွားတဲ့အခါမှာ လိုအပ်ရင် လိုအပ်သလို အသုံးပြုကြပါ တယ်။ နေရောင်ကာလိမ်းဆေးက အ ရေပြားကို နေရောင်ဒဏ်ကနေ ကာကွယ် ထားနိုင်တယ်ဆိုပေမယ့် သူကိုယ်တိုင်နေ ရောင်ခြည်နဲ့ အချိန်အကြာကြီးထိတွေ့တဲ့ အခါမှာတော့ အာနိသင်ပျက်ပြယ်သွား တတ်ပါတယ်။

နေကာမျက်မှန်
နွေရာသီမှာ အပြင်ထွက်ရင် နေ ကာမျက်မှန်ကို မရှိမဖြစ် တပ်ကြပါတယ်။ အရိပ်ထဲကိုဝင်တော့မှာမို့လို့ နေကာမျက် မှန်ကိုကားထဲမှာ ချန်ထားမိခဲ့ရင် နေပူရှိန် ကြောင့် ကိုင်းတွေ ပုံပျက်သွားနိုင်ပြီး Fitting မကျနိုင်တော့ပါဘူး။ ဒါ့အပြင် Metalic ကိုင်းတွေကနေ နေရောင်နဲ့ ဓာတ်ပြုပြီး အရေပြားယားယံတာ၊ ဓာတ် မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဖျော်ရည်များ
နွေရာသီမှာ မော်တော်ကားနဲ့ ခရီး သွားသူတွေအနေနဲ့ ဖျော်ရည်ကို မပါ မဖြစ် သယ်ဆောင်သွားတတ်ကြပါတယ်။ ရေပုလင်း ဒါမှမဟုတ် ဖျော်ရည်ပုလင်းကို ပူလောင်နေတဲ့ကားထဲ ထည့်ထားခဲ့ရင် မီးထတောက်နိုင်တယ်ဆိုတာ သင်သိပါ ရဲ့လား။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ရေဘူးထဲက ရေတွေက မှန်ဘီလူးလိုမျိုး လုပ်ဆောင်ပြီး နေရောင်ခြည်ကို အလွန် အမင်းစုပ်ယူနိုင်တဲ့အတွက် မီးထတောက် တတ်ပါတယ်။ မီးလောင်ခဲ့ရင်လည်း ထိန်း ချုပ်ဖို့ အလွန်ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် ပလတ်စတစ်ရေဘူးတွေက အပူနဲ့ ထိ တွေ့တဲ့အခါ BPA ဆိုတဲ့ ဓာတုပစ္စည်း တွေထွက်လာပါတယ်။BPA ပမာဏ များစွာပါဝင်တဲ့ရေကို သောက်သုံးမိရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါ တယ်။ ဒါကြောင့် ကားထဲမှာ ဆော်ဒါပါ ဝင်တဲ့ ဖျော်ရည်တွေမထားသင့်ပါဘူး။ ပလတ်စတစ်ဘူး၊ ဖန်ဘူး၊ ဖန်ပုလင်း၊ သတ္တုဘူးခွံနဲ့ ထားတတ်တဲ့ ဖျော်ရည်တွေ ကလည်း နေရောင်ခြည်ဒဏ်ကြောင့် အရ သာပြောင်းလဲသွားနိုင်ပါတယ်။

ဆေးဝါးများ
ဆေးဝါးတွေကို ထားသိုဖို့ အပူချိန် အတိုင်းအတာ သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့အပူချိန်ထက် ပိုမြင့် မားနေရင် ဆေးထဲက ဓာတုပစ္စည်းတွေ ပြောင်းလဲမှုဖြစ်ပြီး အာနိသင် ပျက်နိုင်ပါ တယ်။

စိုနေသော ရေကူးဝတ်စုံ
အပူဒဏ်ကို ကာကွယ်ဖို့အတွက် ရေကူးကန်မှာ ရေကူးလေ့ရှိကြပါတယ်။ ဒါပေမဲ့ ရေကူးကန်က ပြန်လာတဲ့အခါ မှာ စိုနေတဲ့ ရေကူးဝတ်စုံကို ကားထဲကို ဒီအတိုင်းပဲ ပြန်သယ်လာတတ်ကြပါ တယ်။ ဒီလိုသယ်တာကြောင့် ရေကူး ဝတ်စုံမှာပါလာတဲ့ ဘက်တီးရီးယားတွေ က ပူနေတဲ့ကားအတွင်းမှာ အလွန် ပေါက်ဖွားလွယ်ပါတယ်။ ဒီရေကူးဝတ်စုံ ကို သေချာမလျှော်ဘဲ နောက်တစ်ကြိမ် ပြန်လည် အသုံးပြုမယ်ဆိုရင် ရောဂါပိုး အလွယ်တကူ ဝင်ရောက်သွားနိုင်ပါ တယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *