နေရောင်ခြည်ကြောင့် အရေပြားမထိခိုက်အောင် ဘာတွေစားကြမလဲ

နေရောင်ခြည်နဲ့ထိတွေ့မှုများပါက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ် စေပါတယ်။ ဒါကြောင့် နေရောင်ခြည်ထဲ ကို ထွက်တဲ့အခါ အရေပြားနဲ့ မထိတွေ့ အောင် လက်ရှည်အင်္ကျီဝတ်တာ၊ နေ ရောင်ကာခရင်မ် လိမ်းတာ၊ ထီး၊ ဦးထုပ် ဆောင်းတာ၊ နေကာမျက်မှန်တပ်တာ စတဲ့ အကာအကွယ်တွေ ပြုလုပ်ဖို့ လိုပါ တယ်။ ဒါ့အပြင် အစားအသောက်တွေ က နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်နိုင်တယ်ဆိုတာ ပညာရှင်တွေက အတည်ပြုထားပြီး ဖြစ် ပါတယ်။

မုန်လာဥနီ
မုန်လာဥနီမှာပါဝင်တဲ့ ဘီတာကယ် ရိုတင်းက အမြင်အာရုံကြည်လင်စေတဲ့ အပြင် အရေပြားပေါ် နေရောင်ခြည် အလွန်အမင်းထိတွေ့မှုမှလည်း ကာ ကွယ်ပေးပါတယ်။ ဘီတာကယ်ရိုတင်းက အင်တီအောက်ဆီးဒင့်ဖြစ်ပြီး နေရောင် ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အရေပြားနဲ့မထိတွေ့နိုင်အောင် အလွှာ တစ်ထပ်အနေနဲ့ ကာကွယ်ပေးနိုင်ပါ တယ်။
စတော်ဘယ်ရီသီး
အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာ မင်စီကို စတော်ဘယ်ရီသီးထဲမှာ များစွာ တွေ့နိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို ဓာတ်ပြယ်စေပြီး အရေပြားမပျက်စီး အောင်ကာကွယ်ပေးပါတယ်။ စတော် ဘယ်ရီသီးက နေလောင်တဲ့ဝေဒနာအ တွက် အကောင်းဆုံးဖြစ်ပြီး အနာကျက် လည်း မြန်စေပါတယ်။

လက်ဖက်စိမ်း
လက်ဖက်စိမ်းထဲက ကက်တီချင်က ဓာတ်တိုးဆန့်ကျင်ပေးတဲ့အာနိသင်ရှိပါ တယ်။ တစ်နေ့ကို လက်ဖက်စိမ်းရည် နှစ် ခွက်သောက်ပါက နေရောင်ခြည်ထိတွေ့ မှုကြောင့် အရေပြားပေါ် ထိခိုက်မှုတွေ မ ဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အရေ ပြားနေလောင်တာအတွက် လက်ဖက် စိမ်းရည်အေး လိမ်းပေးနိုင်ပါတယ်။ သူ့ ထဲမှာ ပါတဲ့ တန်နင်က နေလောင်ဒဏ်ရာ သက်သာစေနိုင်ပါတယ်။

ဗာဒံစေ့
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာ အဖြစ် စားသုံးနိုင်ပြီး နေရောင်ခြည်ဒဏ် ကြောင့် အရေပြားမထိခိုက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားအ တွက်အာဟာရဖြစ်စေတဲ့ ဗီတာမင် အီး ကြွယ်ဝစွာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ကို ရရှိစေပါတယ်။

အနီရောင်စပျစ်သီး
နေရောင်ခြည်နဲ့ထိတွေ့မှုများတာ ကြောင့် ဖြစ်တဲ့ Dဗြ ပျက်စီးမှုကို အနီ ရောင်စပျစ်သီးမှာပါတဲ့ ကွာစန်တင်ဒြပ် ပေါင်းက ကာကွယ်ပေးပါတယ်။ ဒီဒြပ် ပေါင်းက အရေပြားရောင်ရမ်းတာမဖြစ် အောင် ကာကွယ်ပေးပါတယ်။ ရေဓာတ် ဖြည့်ပေးပြီး နေလောင်တာ မဖြစ်အောင် လည်း ကာကွယ်နိုင်ပါတယ်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းက အရေပြားကင်ဆာမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့် အာနိသင်ရှိပြီး ဓာတ်တိုးပစ္စည်းတွေရဲ့ အရေပြားကို ထိခိုက်မှုမှ တွန်းလှန်ပေးပါ တယ်။ ခရမ်းချဉ်သီးကို အစိမ်းအတိုင်း စားတာထက် ချက်စားတာက လိုင်ကိုပင်း ဓာတ်ကို ပိုမိုရရှိစေပါတယ်။

ဖရဲသီး
ဖရဲသီးမှာလည်း ခရမ်းချဉ်သီးလိုပဲ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင် တဲ့ လိုင်ကိုပင်းများစွာ ပါဝင်ပါတယ်။ ရေ ဓာတ်လည်း ကြွယ်ဝတာကြောင့် အရေ ပြား အစိုဓာတ်ကို ထိန်းပေးပြီး ပူအိုက် တဲ့အချိန်တွေမှာ ရေဓာတ်မခန်း ခြောက် အောင် ကာကွယ်ပေးပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်း၊ ဆလတ်စတဲ့ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့် တွေ များစွာပါဝင်ပြီး နေရောင်ခြည် ကြောင့် အရေပြားမပျက်စီးအောင် ကာ ကွယ်ပေးတဲ့ ဇီဇမ်သင်းနဲ့ လူတင်းတွေ များစွာပါဝင်ပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းသပ်မှုအရ ဒီဒြပ်ပေါင်းတွေက နေရောင်ခြည်ကြောင့် ဆဲလ်တွေ ပုံမမှန် ပေါက်ပွားမှုမဖြစ်အောင် ကာကွယ်ပေး နိုင်တယ်လို့ တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *