နေ့ခင်းဘက်အိပ်တာထက် ညဘက်အိပ်တာက ဘာကြောင့် ပိုကောင်းတာလဲ

အိပ်စက်မှုပြဿနာတွေက ကျန်းမာ ရေးအပေါ်သက်ရောက်မှုများစွာရှိပါ တယ်။ အိပ်ရေးမ၀ပါက ဦးနှောက်၊ နှလုံးနဲ့ ခန္ဓာကိုယ်ခုခံအားစနစ်တွေအပေါ် ထိ ခိုက်မှု ဖြစ်စေပါတယ်။

အလင်းရောင်နှင့် ဇီဝနရီဆက်စပ်မှု
မနက်၊ ည ပုံမှန်ဖြစ်ပေါ်နေမှုကို ပြောင်းလဲလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝနရီနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ခန္ဓာကိုယ် ရဲ့ ဇီဝနရီက ဦးနှောက်ဆီကို နိုးထချိန်၊ အိပ်စက်ချိန်တွေကို သတင်းပို့ရပါတယ်။ နေကလာတဲ့ အလင်းရောင်ဖြစ်စေ၊ မီးသီး၊ မီးချောင်းနဲ့ ဖုန်း၊ တီဗီတွေကနေ ထွက်တဲ့ အလင်းရောင်တွေ အပါအဝင် အလင်း ရောင်နဲ့ အမှောင်ပေါ် မူတည်ပြီး သတင်း ပို့တာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အလင်း ရောင်ရရှိမှုပေါ် မူတည်ပြီး ညဘက်မှာ ဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ခဲ့တယ်ဆိုတာ ဖြစ်လာတာပါ။ ဒါကြောင့် နေ့ခင်းဘက် အိပ်စက်ချိန်မှာ အိပ်ခန်းအ တွင်း နေရောင်ခြည်ဝင်ရောက်နေတယ် ဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝနရီက ဆုံးဖြတ်ရ တာ အနည်းငယ် ရှုပ်ထွေးသွားပါတယ်။ နောက်တစ်ခုက ဆူညံသံတွေပါ။ နေ့ခင်း ဘက်မှာ အိပ်စက်မယ်ဆိုရင် အဲဒီဆူညံသံ တွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာက လည်း အရေးကြီးပါတယ်။
တစ်နေ့တာမှာ အိပ်ရေး၀၀ မအိပ် စက်ရဘူးဆိုရင် ကျန်းမာရေးအတွက်အန္တ ရာယ်ရှိပါတယ်။ စိတ်ရော ကိုယ်ပါ ထိခိုက် စေမှာပါ။ ခန္ဓာကိုယ်က အလင်းရောင်နဲ့ ထိ တွေ့နေမယ်ဆိုရင် မယ်လတိုနင်ဟော်မုန်း ထွက်ရှိမှုမှာလည်း မညီမမျှဖြစ်စေပါတယ်။

မယ်လ်တိုနင်ဟော်မုန်းနှင့် ကင်ဆာဆက်စပ်မှု
ဦးနှောက်ကနေ ထုတ်လုပ်တာဖြစ် ပြီး ခန္ဓာကိုယ်ရဲ့ တခြားဟော်မုန်းတွေအ ပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အိပ်ရာ နိုးထတာနဲ့ အိပ်စက်မှုတွေမှာ ဒီဟော်မုန်း က လွှမ်းမိုးမှုရှိပါတယ်။ မယ်လတိုနင် ဟော်မုန်း ထွက်တာပိုများရင် အိပ်စက်မှု ကို အားပေးပြီး ဒီဟော်မုန်း နည်းသွားပါ က နိုးထလာပါတယ်။ နေ့ခင်းအချိန်မှာ အလင်းရောင်ရှိနေတာကြောင့် ခန္ဓာကိုယ် က ဒီဟော်မုန်းမထုတ်လို့ ကျွန်မတို့တစ် တွေ နိုးကြားနေကြတာ ဖြစ်ပါတယ်။ ညဘက်မှာတော့ အလင်းရောင်နည်းသွား လို့ ဒီဟော်မုန်းတွေ ထုတ်လုပ်လို့ အိပ်ချင် လာတာဖြစ်ပါတယ်။ တီဗီ၊ ကွန်ပျူတာ၊ ဖုန်း စတာတွေကနေ ထွက်တဲ့ အလင်းရောင်က လည်း မယ်လတိုနင်ဟော်မုန်းထုတ်လုပ် မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ နေ့လယ်နေ့ခင်းမှာ အိပ်စက်မယ်ဆိုရင် ခန္ဓာကိုယ်ပေါ်ကို ဘာအလင်းရောင်မှမ ကျရောက်အောင်လုပ်ဖို့ လိုပါတယ်။ မယ် လတိုနင်ဟော်မုန်းက ကင်ဆာအကျိတ် တွေ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်တယ် လို့ ဆေးသိပ္ပံပညာရှင်တွေက တွေ့ရှိထား ပါတယ်။
လေ့လာမှုတွေအရ ညဘက်အလုပ် ဆင်းရတဲ့ အမျိုးသမီးတွေက ရင်သားကင် ဆာဖြစ်ပွားနိုင်ခြေပိုများတယ်လို့ တွေ့ရှိ ထားပါတယ်။ ညဘက်မှာ အလင်းရောင် နဲ့ ထိတွေ့နေရသလို နေ့ဘက်မှာလည်း အလင်းရောင်နဲ့ ထိတွေ့နေရတာကြောင့် မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကြောင့်လို့ သိရပါတယ်။ အ မျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင် ခြေနဲ့ပတ်သက်ပြီးလည်း လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *