နေ့စဉ်ခုနစ်နာရီကျော်ကြာ စမတ်ဖုန်းအသုံးပြုသည့် ကလေးများ ဦးနှောက်ဖွဲ့စည်းပုံပြောင်းလဲသွားကာ ဉာဏ်ရည်နိမ့်လာနိုင်

စမတ်ဖုန်းအပါအဝင် နည်းပညာ ပစ္စည်းတွေရဲ့မျက်နှာပြင်တွေကို နေ့စဉ် ခုနစ်နာရီကျော်ကြာအောင် ကြည့်နေ လေ့ရှိတဲ့ ကလေးတွေမှာ ဦးနှောက်ဖွဲ့ စည်းတည်ဆောက်ပုံပြောင်းလဲသွားနိုင် တဲ့အပြင် ဉာဏ်ရည်လည်းနိမ့်လာနိုင် တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ ကလေးတွေမှာ နည်းပညာပစ္စည်းစွဲလမ်း မှုတွေကြောင့် ဘယ်လိုသက်ရောက်မှု တွေရှိမလဲဆိုတာကို လေ့လာဖို့ရာအ တွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်အကုန်အကျခံထားတဲ့ အမျိုးသား ကျန်းမာရေးအဖွဲ့ရဲ့လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အဆိုပါ အရေးပါတဲ့လေ့လာမှုမှာ ကလေး ၄၅၀၀ ဦးရဲ့ ဦးနှောက်တွေကို စကင်ဖတ်ကာ စစ်ဆေးလေ့လာခဲ့ကြတာဖြစ်ပြီး ယခု အချိန်မှာတော့ အသက် ကိုးနှစ်ကနေ ၁၀ နှစ်ကြား ကလေး ၁၁၀၀၀ ရဲ့ဦးနှောက် နဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာမှတ်တမ်းတွေ ကို ဆယ်စုနှစ်နဲ့ချီကာ စောင့်ကြည့်လေ့ လာနေကြပြီလို့လည်း သိရပါတယ်။ ကန ဦးလေ့လာချက်တွေအရ စမတ်ဖုန်းနဲ့ နည်းပညာပစ္စည်းစွဲလမ်းမှုတွေကြောင့် ကလေးတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုစနစ် မှန်ကန်မှုမရှိတော့ဘဲ ဦးနှောက်ဖွဲ့စည်း တည်ဆောက်ပုံပြောင်းလဲသွားကာ မှတ် ဉာဏ်စွမ်းရည်နိမ့်ကျလာနိုင်တာကိုပါ လေ့လာတွေ့ရှိခဲ့ကြတာပါ။ ကလေးတွေ ရဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက် တွေမှာ အားနည်းချက်ရှိလာနိုင်တဲ့အပြင် သိမြင်နားလည်လွယ်နိုင်စွမ်းနဲ့ အာရုံစူး စိုက်နိုင်စွမ်းတွေမှာပါ အားနည်းလာနိုင် တယ်လို့ လေ့လာမှုမှာပါဝင်သူ ဒေါက် တာဂါယာဒေါင်းလင်းက ပြောကြားခဲ့ပါ တယ်။ စမတ်ဖုန်းနဲ့ နည်းပညာပစ္စည်း တွေသုံးစွဲမှုကြာချိန်ပမာဏက ကလေး တွေရဲ့ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အပေါ်သက်ရောက်မှုကို ဆက်လက်လေ့ လာနေကြဆဲဖြစ်ပြီး ဒီထက်ပိုမိုတိကျ ခိုင်လုံတဲ့အထောက်အထားတွေရရှိလာနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ ဒေါက်တာ ဂါယာဒေါင်းလင်းကဆိုပါတယ်။

(DM, 14.2.19) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *