နေ့စဉ်ကော်ဖီသုံးခွက်ထက်ပိုသောက်ပါက ခေါင်းတစ်ခြမ်းကိုက်သည့်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ဟုဆို

American Journal of Medicine မှာ ဖော်ပြခဲ့တဲ့ သု တေသနသစ်တစ်ခုအရ နေ့စဉ်ကော်ဖီသုံးခွက်ထက် ပိုသောက် တာက ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါဖြစ်နိုင်ခြေကို မြင့်တက် လာစေနိုင်ပါတယ်။Beth Israel Deaconess Medical Center က cardiovascular epidemiology သုတေသန အဖွဲ့ရဲ့သုတေသနပညာရှင်Elizabeth Mo stofsky ဦး ဆောင်တဲ့အဖွဲ့ဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရတဲ့ အရွယ်ရောက်ပြီးသားလူနာ ၉၈ ဦးကို စောင့်ကြည့်ပြီး ကော်ဖီအ သောက်များတဲ့နေ့မှာ ခေါင်းကိုက်တဲ့နှုန်းနဲ့ကော်ဖီမသောက် တဲ့နေ့မှာ ခေါင်းကိုက်တဲ့နှုန်းကို နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။ ရလဒ်မှာ ကော်ဖီရဲ့အကျိုးအာနိသင်က ခေါင်းတစ်ခြမ်းကိုက် တဲ့ရောဂါကိုအကျိုးသက်ရောက်မှုရှိနိုင်တာကို တွေ့ရှိခဲ့ရတာ ကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာရှိတဲ့လူတွေကို တစ်နေ့ ကော်ဖီသုံးခွက်ထက်ပိုမသောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

(AP,15.8.19) အေးယုနိုင်

Post Author: Good Health Journal