နေ့စဉ်ကြက်သွန်နီဥတစ်ခြမ်းစားပါက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်

နေ့စဉ်ကြက်သွန်နီဥတစ်ခြမ်းစားသုံးပေးတာက အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သုတေသနသစ် တစ်ရပ်မှာဖော်ပြထားခဲ့ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်အစရှိတဲ့ကြက်သွန်နွယ်ဝင် ဟင်းသီးဟင်းရွက် တွေကို နေ့စဉ် ၄၄ ဂရမ်စားသုံးပေးမယ်ဆိုရင် အူမကြီးကင် ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။ လူပေါင်း ၁၆၆၆ ဦးကို နေ့စဉ်ကြက်သွန်နီ ၇၄ ဂရမ်စားသုံးစေပြီး လေ့လာစောင့်ကြည့်ခဲ့ ရာမှာတော့ပါဝင်သူတွေဟာ ကြက်သွန်နီကို အဲဒီပမာဏ လောက်မစားသူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၇၉ ရာ ခိုင်နှုန်းပိုနည်းတာကို တွေ့ရှိခဲ့ပါတယ်။ First Hospital of China Medical University ရဲ့လေ့လာမှုအရ ကြက်သွန်မျိုး နွယ်စုဝင်ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့Bioactive ဒြပ် ပေါင်းတွေက ကင်ဆာမဖြစ်အောင်ကာကွယ်ပေးတာဖြစ်နိုင် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကြက်သွန်နီကိုလှီးဖြတ် တာနဲ့ထောင်းတာက အာနိသင်တွေကို ပိုမိုအစွမ်းထက်စေပေ မယ့် ပြုတ်လိုက်မယ်ဆိုရင်တော့ အာနိသင်တွေက လျော့ကျသွား နိုင်တယ်လို့ သိရပါတယ်။

(AP,28.3.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *