နေ့စဉ် ဒိန်ချဉ်သောက်ပေးလျှင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ နည်းနိုင်

နေ့တိုင်း ဒိန်ချဉ်တစ်ခွက်သောက်ပေးရင် အဆုတ်ကင် ဆာဖြစ်နိုင်ခြေ နည်းသွားနိုင်တယ်လို့ နောက်ဆုံးထွက်လေ့ လာချက်ကဆိုပါတယ်။ နေ့တိုင်းမှန်မှန် ဒိန်ချဉ်သောက်တဲ့လူ တွေဟာ ဒိန်ချဉ်နေ့တိုင်း မသောက်တဲ့လူတွေနဲ့ယှဉ်ရင် အဲဒီ ရောဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းနည်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုကောင်းတာကတော့ ဒိန်ချဉ်ကို အမျှင်ဓာတ် များတဲ့အစားအစာနဲ့ တွဲစားပေးပါ။ ဒါဆိုရင်တော့ အဆုတ်ကင် ဆာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းကျော် နည်းသွားပါလိမ့်မယ်။ ဒိန် ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်ပြီး ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။ ဒိန်ချဉ် သောက်တဲ့အကျင့်ကို အားပေးရမှာဖြစ်ပြီး ဒိန်ချဉ်နဲ့တခြားနို့ထွက်ပစ္စည်းတွေရဲ့ ကောင်းကျိုးတွေကို သေသေချာချာပြန်လေ့လာသင့်တယ်လို့ သုတေသီတွေက ပြောလိုက်ပါတယ်။
(DM, 12.12.19) ချယ်ရီ

Post Author: Good Health Journal