နေ့စဉ် နနွင်းစားပေးခြင်းက မှတ်ဉာဏ်စွမ်းရည်တိုးမြင့်ပြီး ပျော်ရွှင်စေနိုင်

နေ့စဉ်နေ့တိုင်း နနွင်းပုံမှန်စားသုံးပေးတာက မှတ်ဉာဏ် စွမ်းရည်ကိုတိုးမြင့်စေပြီး စိတ်ခံစားချက်ကိုကောင်းမွန်စေကာ ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ရရှိစေနိုင်တယ်လို့ ကယ်လီဖိုးနီးယား လော့စ်အိန်ဂျလိစ်တက္ကသိုလ်မှ သုတေသနလေ့လာ မှုအရသိရ ပါတယ်။ နနွင်းက ရောင်ရမ်းမှုကို လျော့ကျစေပြီး အင်တီအောက် ဆီးဒင့်ပါရှိမှုတွေကြောင့် နေ့စဉ်စားသုံးပေးသင့်ပြီး အသက်အ ရွယ်ရလာတဲ့အခါ မှတ်ဉာဏ်လျော့နည်းမှုအခြေအနေကိုလည်း လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပြီး ဦးနှောက်တွင်းလုပ် ဆောင်ချက်တွေကိုလည်း မှန်ကန်စေတာကြောင့် စိတ်ကျဝေဒ နာနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေလည်း အဖြစ်နည်းစေနိုင်တယ် လို့ ကယ်လီဖိုးနီးယား လော့စ်အိန်ဂျလိစ်တက္ကသိုလ်၊ သက်ရှည် ကျန်းမာမှုလေ့လာရေးစင်တာရဲ့ သက်ကြီးရွယ်အိုစိတ်ပညာဌာန က ဒေါက်တာဂယ်ရီစမောက ဆိုပါတယ်။ အသက် ၅၀ ကနေ ၉၀ အရွယ်ကြား မှတ်ဉာဏ်ပိုင်းဆိုင် ရာ အားနည်းချို့တဲ့လာနေသူ သက်ကြီး ရွယ်အို ၂၀ ဦးခန့်ကို နေ့စဉ် နနွင်း ၉၀ မီလီဂရမ်ပါရှိတဲ့ ဆေးတောင့်တွေကို တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ ၁၈ လတိတိသောက် စေခဲ့တာမှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာတိုးတက်လာပြီး စိတ်ခံစား ချက်တွေလည်း ကောင်းမွန်လာတာကြောင့် ပျော်ရွှင်ကျန်းမာလာ ကြတာကို တွေ့ရတယ်လို့ ဒေါက်တာဂယ်ရီစမောကဆိုပါတယ်။

◘ (DM, 2.8.18)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *