နေ့စွဲများက ပြောသော ကျန်းမာရေး အသိများ

ဒီနောက်ပိုင်း ကျွန်မမှာ စွဲလာတဲ့ အကျင့်တစ်ခုကို ပြောပါဆိုရင် အစားအ သောက်တစ်ခု၊ ဆေးတစ်ခုခုကို ဝယ်တဲ့ အခါမျိုးမှာ မသိမသာ သက်တမ်းကုန်ဆုံး တဲ့နေ့ကိုလှပ်ကြည့်လိုက်မိတာပါပဲ။ ကြက်ဥတစ်လုံးချင်းစီပေါ်မှာ နေ့စွဲရိုက် ထားတဲ့ သက်တမ်းကုန်နေ့စွဲကို စစ်ကြည့် တတ်တဲ့ အလေ့အကျင့်ရှိတဲ့ ဒေသတစ်ခု မှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှင် သန်သွားပြီးတဲ့အချိန်မှာ လူတစ် ယောက်မှာအသက်ပိုမပါဘူး၊ ငါတို့ ကျန်း မာရေးအတွက် တာဝန်အရှိဆုံးသူဟာ ငါတို့ပဲ  ဆိုတဲ့ သူတို့ရဲ့အလေ့အထ ကောင်းတချို့နဲ့ ကျွန်မ ယဉ်ပါးလာခဲ့ တယ်။ ဒါကြောင့်ပဲ ကုန်တိုက် တစ်ခုခုထဲ ကို ရောက်လို့ အစားအသောက်တွေကို ဝယ်မယ့်အချိန်မှာ Expiration Date ကိုစစ်ဆေးတာကို တကူးတကလေ့ ကျင့်မိစရာမလိုဘဲ လုပ်ဖြစ်နေတယ်။
ဒါကြောင့်ပဲ ကျွန်မရဲ့အလေ့အကျင့် လေးကို ပြန်စဉ်းစားမိရင်းနဲ့ ကျန်းမာရေး နဲ့ ဆက်စပ်နေမှုကိုပါ မျှဝေပေးချင်မိ တယ်။ အစားအသောက်တွေဟာလည်း ကျွန်မတို့ သက်ရှိတွေလိုပဲ တည်မြဲနိုင်တဲ့ သက်တမ်းဆိုတာ ရှိပါတယ်။ ဒေသထွက် စားသောက်ကုန်ကနေ နိုင်ငံတကာကနေ လာတဲ့ အစားအသောက်အထိ အားလုံး မှာ သူတို့အာနိသင်ပေးနိုင်တဲ့၊ ကျွန်မ တို့ကိုအထောက်အကူပြုပေးနိုင်တဲ့ ကာ လ ကန့်သတ်ချက်ဆိုတာရှိပါတယ်။ ဒါ ကြောင့်ပဲ အစားအသောက်တွေရဲ့ အ ရည်အသွေးတွေ၊ ဘေးကင်းမှုတွေအ တွက် အစားအသောက်တွေကို မစားသုံး ခင် ထုတ်လုပ်နေ့စွဲ၊ သက်တမ်းကုန်နေ့ စွဲတွေကို စစ်ကြည့်ဖို့ဟာ ကျွန်မတို့ အား လုံးလေ့ကျင့်ရမယ့် အလေ့အထတစ်ခု ဖြစ်ပါတယ်။
ကျွန်မတို့မြင်နေရတဲ့ နေ့စွဲလေး တွေရဲ့နောက်မှာ ကျွန်မတို့ မမြင်သာရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိနေ ပါသေးတယ်။ ပထမဆုံးအချက်ကတော့ သက်တမ်းကုန်နေ့စွဲကို သတိထားမိခြင်း ဟာ ကျွန်မတို့ကို ကင်ဆာရောဂါတွေက တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံတွေထဲမှာ အဖြစ်များတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းတစ် လျှောက်ကို အန္တရာယ်ပေးနိုင်တဲ့ ကင် ဆာရောဂါရဲ့ဇာစ်မြစ်တွေထဲမှာ အစားအ သောက်တွေကို သတိမထားမိတာက လည်း ပါဝင်နေပါတယ်။ သတ်မှတ်ရက် လွန်နေတဲ့ အစားအသောက်တွေ၊ ကြာ ကြာခံအောင် စီမံထားတဲ့အစားအ သောက်တွေဟာ ဒီလိုမျိုး အန္တရာယ်တွေ ကို လက်ယပ်ခေါ်ရာ ရောက်နေပါတယ်။ ဒါကြောင့်ပဲ အမေရိကန်အစားအ သောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက တော့ အူနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကာကွယ်ချင်ရင် Expiration Date တွေကို စစ်ကြပါလို့ တိုက်တွန်းထားပါ တယ်။ ဒါကြောင့်ပဲ သက်တမ်းကုန်ဆုံး ရက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ မကြာခဏ ဒွိဟဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အခြေအ နေလေးတွေကို စုစည်းလိုက်ပါတယ်။
၁။ အစားအသောက်အထုပ်အပိုးရဲ့ အ ဖုံးကို ဖွင့်ဖောက်ခြင်းဟာသက်တမ်း ကန့် သတ်ချက်ကိုထိခိုက်မှုရှိစေပါသလား။
အစားအသောက်အတော်များများ ကတော့ အစားအစာတွေကို လေလုံ အောင်ထားဖို့၊ နေရောင်ခြည်နဲ့ တိုက် ရိုက်ထိတွေ့မှုမရှိတဲ့ နေရာမျိုးတွေမှာ ထားဖို့ညွှန်ကြားထားတတ်ပါတယ်။ အထူးသဖြင့်တော့ နို့နဲ့ပြုလုပ်တဲ့ အစား အသောက်တွေမှာ ဒီလိုမျိုး သတိပေး ချက်တွေက ပိုများပါတယ်။ အဲဒီအထဲက မှ နောက်ထပ် အချက်တစ်ချက်ကတော့ ဖွင့်လိုက်တာနဲ့ သက်တမ်းကုန်ဆုံးရက်ကို ထိခိုက်နိုင်တယ်ဆိုတာကို ဖော်ပြထား ခြင်းပါပဲ။ ဒီလိုအစားအသောက်မျိုးတွေ ဟာ သုံးလလောက် သက်တမ်းရှိနေပေ မယ့် သူ့တို့ရဲ့အဖုံးတွေကို ဖွင့်လိုက်တာနဲ့ မူလ အနံ့၊ အရသာအတိုင်း ရှိနေဖို့ အာမ မခံနိုင်တော့ပါဘူး။ အအေးခန်းထဲမှာ ထားရတဲ့ အစားအသောက်မျိုးတွေဟာ အဖုံးမဖွင့်ခင်အထိတော့ လတ်ဆတ်မှုရှိ နေပြီး သက်တမ်းကြာကြာထားနိုင်ပါ တယ်။ ဒါကြောင့်ပဲ ဒိန်ချဉ်လို အစားအ သောက်မျိုးတွေဟာ အဖုံးဖွင့်လိုက်တာနဲ့ သူ့မှာပေးထားတဲ့ Expiration Date သတ်မှတ်ချက်ဟာ ပျက်စီးသွားပြီ ဆို တာကိုကျွန်မတို့အားလုံးသိနေဖို့ လိုအပ် ပါတယ်။

၂။ Expiration Date ဟာ အရသာကို ကာကွယ်မှုပေးနိုင်တာလား။
နောက်ထပ်သိရမယ့်အချက်က တော့ ကျွန်မတို့ ဖတ်လိုက်ရတဲ့ Expiration Date ဟာ အထဲမှာရှိတဲ့ စားသောက်ကုန် ပေါ်မှာဘယ်လိုမျိုး ထူးထူးခြားခြား သက် ရောက်မှုတွေရှိနေသလဲဆိုတာကို ကျွန်မ တို့ သိထားဖို့ လိုပြန်ပါတယ်။ အစားအ သောက်တွေရဲ့ ဖွဲ့စည်းမှုကို ထိန်းသိမ်း တာ၊ တည်တံ့မှုကို ထိန်းနိုင်တာ၊ အသွင် အပြင်ကို ထိန်းနိုင်တာတို့တွေအပြင် အာ ဟာရတန်ဖိုးထိန်းနိုင်တာ စတဲ့အချက် တွေနဲ့ဆက်စပ်မှုရှိနေပါတယ်။ သတ် မှတ်နေ့စွဲမကုန်ခင် အသုံးပြုလိုက်ရင် ကျွန်မတို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို ရနိုင်တယ်လို့ ညွှန်ပြထားရာ ရောက်သ လို သက်တမ်းလွန်ပြီးမှ သုံးစွဲရင်တော့ ဘယ်လိုထူးခြားတဲ့ အာနိသင်မျိုးကိုမှ ရနိုင်မှာ မဟုတ်ဘူးဆိုတာကိုပါ သတိ ပေးထားရာ ရောက်ပါတယ်။ တချို့ တည်မြဲမှု နည်းတဲ့ အစားအသောက်တွေ မှာတော့ သက်တမ်းကုန်ဆုံးနေတဲ့ စား သောက်ကုန်တွေကို သုံးစွဲတာဟာ ဆိုး ရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပွားစေတယ်လို့သတိပေးရာ ရောက် ပါတယ်။

၃။ သက်တမ်းကုန်ပြီးတဲ့နောက်မှာ လတ် ဆတ်နေသေးရင်ကော ဒါကို ဆက်စား သင့်သလား။
ဒီမေးခွန်းကတော့ အတော့်ကို အ ဖြေရကျပ်ပါတယ်။ အစားအသောက်တွေ ဟာ ဝယ်လာပြီးလို့ နှစ်နာရီ အတောအ တွင်းမှာအအေးခန်းထဲမှာထားနိုင်ရင် သူ့ ရဲ့ သက်တမ်းကုန်ဆုံးတဲ့နေ့ရောက်တဲ့ အထိ အကောင်းအတိုင်း ဆက်ရှိနေနိုင်ပါ သေးတယ်။ အအေးခန်းဟာ အစားအ သောက်တွေရဲ့တည်မြဲမှုကို ထိန်းထား ပေးနိုင်ပေမယ့် ပိုးကောင်တွေ ပေါက်ဖွား တာကိုတော့ ဟန့်တားနိုင်မှာ မဟုတ်ပါ ဘူး။ အပြင်ပန်းအမြင်မှာ ကောင်းနေပေ မယ့် အစားအသောက်မှာတော့ Structural Damage ကတော့ ဖြစ်ပျက်နေပါ တယ်။ ဒါကြောင့်ပဲ အစားအသောက်တွေ ကို အအေးခန်းထဲမှာ ထည့်သိမ်းထားရင် ကြာကြာခံနိုင်တယ်ဆိုပေမယ့် အစားအသောက်အမျိုးအစားပေါ်မူတည်နေသေး တာကိုတော့ ကျွန်မတို့ သတိထားဖို့ လိုအပ်ပါသေးတယ်။ ဒါကြောင့်ပဲ အစား အသောက်တစ်ခုမှာ သက်တမ်း ကုန်ဆုံး ရက်နဲ့အတူ ဘယ်လိုမျိုး သိမ်းသင့်တယ် ဆိုတဲ့သတင်းအချက်အလက်မျိုးကိုပါ သတိထားဖတ်ကြည့်ပေးဖို့ လိုအပ်ပါ တယ်။

၎။ Expiration Date နီးနေတဲ့ အစားအသောက်တွေကို ဝယ်သင့် သလား။
ဈေးကွက်စီးပွားရေး စနစ်တွေ ပိုပို ပီပြင်လာတာနဲ့အမျှ ကျွန်မတို့ဟာ ဈေး ကွက်ရဲ့ဆွဲဆောင်မှုနောက်ကို ပါသွား တတ်ကြပါတယ်။ ဒါကြောင့်ပဲ တချို့ သက်တမ်းကုန်ခါနီး အစားအသောက် တွေကို ထက်ဝက်ဈေး၊ ဒါမှမဟုတ်ရင် လည်း ဒီထက် သက်သာတဲ့ ဈေးမျိုးတွေ နဲ့ ရတတ်ကြပါတယ်။ ကျွန်မတို့ နေ့စဉ် စားသောက်နေကျ အသားငါးကနေ၊ ကလေးသရေစာ မုန့်တွေအထိ ဒီလို ဆွဲဆောင်မှုမျိုးနဲ့ ကျွန်မတို့အနားကို ရောက်လာတတ်ပါတယ်။ ရုတ်တရက် အခြေအနေကိုကြည့်လိုက်ရင် တန် တယ်၊ ဝယ်ပျော်တယ်ဆိုပေမယ့် ကျွန်မ တို့ လက်ထဲမှာ ဘာမှအသုံးမပြုလိုက်ရဘဲ ရက်လွန်သွားတတ်တာမျိုးကို သတိပြု သင့်ပါတယ်။

၅။ သတ်မှတ်ရက်မကုန်ခင်မှာပဲ အစား အသောက်တွေဟာ ပျက်စီးသွားနိုင်ပါ သလား။
ဒါကတော့ ကျွန်မတို့ အားလုံး သတိထားရမယ့်အချက်ပါပဲ။ အထုပ်အ ပိုးရဲ့အပြင်ဘက်မှာရှိနေတဲ့ နေ့စွဲလေး ဟာ အစားအသောက်တွေ ကျွန်မတို့အ တွက် ရာနှုန်းပြည့် စိတ်ချရတယ်လို့ မဆို လိုပါဘူး။ အသားငါးတွေ၊ ဥတွေ၊ နို့ထွက် အစားအသောက်တွေဟာ ကျွန်မတို့ လက်ထဲကို အချိန်မရွေး လွှင့်ပစ်ရနိုင် တယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ရောက် လာတတ်တယ်ဆိုတာကို သတိချပ်နေဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့ ဝယ် လာတဲ့ အစားအသောက်တွေဟာ သက် တမ်းမကုန်ခင်၊ အနံ့ပြောင်းသွားတာ၊ အ ရောင်တွေ ကွက်လာတာမျိုးတွေ မြင်ရင် ဆက်ပြီးတော့ မစားသုံးသင့်တော့ပါဘူး။ အဲ့ဒီလိုပဲ တချို့အသီးအနှံတွေဟာလည်း ရက်မပြည့်ခင်မှာပဲ ရိရွဲသွားတတ်ပါတယ်။

၆။ သံဘူးနဲ့လာတဲ့အစားအသောက်တွေ ဟာပိုပြီးတော့ ကြာကြာခံနိုင်ပါသလား။
ပုံမှန်အားဖြင့်တော့ သံဘူးနဲ့ လာတဲ့ အစားအသောက်တွေရဲ့ Shelf Life ဟာ ၂ – ၅ နှစ်လောက်အထိ ရှိတတ်ပါ တယ်။ ဘူးမှာ ကွဲအက်နေတဲ့အရာတွေ၊ သံချေးတက်နေတာ၊ ဘူးတွေ ဖောင်းလာ တာမျိုးတွေသာ ရှိခဲ့ရင်တော့ စိတ်ချလက် ချ စားလို့ရတယ်လို့ မဆိုနိုင်ပါဘူး။ ဒါတွေအပြင် သယ်ဆောင်ခဲ့တဲ့ ဒေသ ပေါ် မူတည်ပြီးတော့ ဓာတ်ပြုမှုတွေဟာ လည်း ဖြစ်ပွားနိုင်တာကြောင့် သတိထား စစ်ဆေးပြီးမှသာ စားသုံးသင့်ပါတယ်။

၇။ ဒေသတစ်ခုနဲ့ တစ်ခု၊ နိုင်ငံတစ်ခုနဲ့ တစ်ခုကြား သက်တမ်းကုန်ဆုံးရက်တွေ ကွာခြားနိုင်ပါသလား။
နိုင်ငံတစ်ခုနဲ့ တစ်ခုပေါ်မူတည်ပြီး တော့ ရာသီဥတုအခြေအနေဟာ ကွာ ခြားတတ်ပါတယ်။ အေးတဲ့ဒေသထွက် အစားအသောက်တွေဟာ အပူပိုင်းဒေသ မှာ တည်မြဲဖို့အတွက် ခက်ခဲပါတယ်။ ဒါ တွေအပြင် ထုတ်လုပ်တဲ့ နိုင်ငံရဲ့စည်း မျဉ်း၊ စည်းကမ်းပေါ် မူတည်ပြီးတော့ ထုပ်ပိုးမှုမှာ ဖော်ပြထားတဲ့ Information တွေကလည်း ကွာခြားတတ်ပါတယ်။ ဒါ ကြောင့် ကျွန်မတို့ ဝယ်တဲ့အစားအ သောက်ဟာ ထုတ်လုပ်တဲ့ နိုင်ငံပေါ်မူ တည်ပြီးတော့ Expiration Date ပါတာ၊ မပါတာကွာခြားမှု ရှိနေတတ်ပါ တယ်။
ဒါဆိုရင်တော့ အစားအသောက် တွေကို သက်တမ်းမကုန်ခင်မှာ အာနိ သင်အပြည့်အဝရအောင် ဘယ်လို သိမ်း ဆည်း၊ သုံးစွဲရမလဲဆိုတာကို ကျွန်မတို့ လေ့လာပြင်ဆင်သင့်ပါပြီ။ ရေခဲသေတ္တာ ရဲ့အပူချိန်ကို 40 degrees Fahrenheit ထက် မများရအောင် ထားတာဟာ အေးခဲထားတဲ့အစားအသောက်တွေ ကြာကြာခံအောင် ကူညီပေးပါတယ်။ မတူညီတဲ့ အစားအသောက်တွေကို သီး သန့် အကန့်လေးတွေအတိုင်း ခွဲထားတာ ဟာလည်း ပျက်စီးမှုကို ဟန့်တားနိုင်တဲ့ နောက်ထပ်နည်းလမ်းကောင်းတစ်မျိုး ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ ပြန့်ပွားမှု မဖြစ်ရအောင် ရက်လွန်နေတဲ့၊ ပုပ်သိုးနေတဲ့ အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ ကြာကြာထားမိတာ မျိုး၊ ချဉ်နေတဲ့ နို့ဘူးတွေကို မပစ်ဘဲ ဆက်ထားမိတာမျိုးကို အထူးဂရုစိုက်ရပါ လိမ့်မယ်။ နောက်ဆုံး အရေးကြီးအချက် ကတော့ First In First Out နည်းကို သုံးဖို့ပါပဲ။ အရင် ဝယ်ထားတဲ့အစားအ သောက်ကို အရင်ဆုံး စားလိုက်တာဟာ ဒိတ်လွန်လို့ လွှင့်ပစ်ရတတ်တဲ့ ပြဿနာ မျိုးတွေ နည်းသွားစေတတ်ပါတယ်။ ဒီလိုမျိုး အသေးအမွှားလေးတွေကို ဆင် ခြင် ပြင်ဆင်နိုင်ခဲ့ရင်လည်း ကျွန်မတို့ လူ မျိုးတွေလည်း ဘ၀ကို သက်တမ်းစေ့ နေ နိုင်သွားမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *