နေ့လယ်နေ့ခင်းဘက်အိပ်လျှင် အသက်ရှည်ရေးအတွက် အထောက်အကူပြုနိုင်

နေ့လယ်နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်တတ်တဲ့လူ တွေနှလုံးဖောက်နိုင်ခြေ ဒါမှမဟုတ် လေဖြတ်နိုင်ခြေ ထက်ဝက် နည်းသွားနိုင်ပြီး အသက်ရှည်ရှည်နေရနိုင်တယ်လို့ လေ့လာ ချက်က ဆိုပါတယ်။ တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် တစ်ရေးတစ်မောအိပ်ပေးတဲ့လူတွေဟာ နေ့ခင်းဘက်မှာ လုံးဝမ အိပ်တဲ့လူတွေနဲ့ယှဉ်ရင် နှလုံးဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနီးပါး နည်းသွားနိုင်တာပါတဲ့။ ဒါပေမဲ့ တစ်ပတ် ကိုနှစ်ကြိမ်ထက်ပိုအိပ်ရင်နှလုံးကျန်းမာရေးအတွက် ဒီ့ထက်ပို ပြီး အကျိုးထူးမှာမဟုတ်ပါဘူးတဲ့။ အိပ်ရေးမ၀တဲ့အခါ သွေး ကြောတွေမာတောင့်သွားနိုင်ပြီး သွေးကြောကျဉ်းသွားနိုင်ပါ တယ်။ တစ်ညကို ရှစ်နာရီအိပ်ပေးမှ အဲဒီဘေးကဝေးမှာပါ။ နေ့ ခင်းဘက်အိပ်ပေးတော့ ညဘက်မှာရှစ်နာရီပြည့်အောင် မအိပ်ခဲ့ ရလည်း စုစုပေါင်းလိုက်ရင်ရှစ်နာရီပြည့်သွားမှာပါ။ ဆွစ်ဇာလန် သုတေသီအဖွဲ့က အသက် ၃၅ နှစ်ကနေ ၇၅ နှစ်ကြား လူပေါင်း ၃၄၀၀ ကို ပျမ်းမျှငါးနှစ်ကြာလိုက်လေ့လာပြီးမှ အခုလို ကောက် ချက်ဆွဲလိုက်တာပါ။

(DM, 19.9.19) ချယ်ရီ

Post Author: Good Health Journal