ပေါင်ခြံတစ်ဝိုက် ထုံကျဉ်မှု ခံစားနေရတာဘာကြောင့်လဲ

ပေါင်ခြံတစ်ဝိုက်မှာ ထုံကျဉ်တဲ့ ခံစား မှုမျိုး သင်ဖြစ်ဖူးပါသလား။ ဖြစ်စေတဲ့အ ကြောင်းတွေကတော့ အများကြီးရှိပါ တယ်။ ထုံကျဉ်ရာကနေ နာကျင်တာနဲ့ တချို့လည်း တခြားဝေဒနာမျိုးတွေ ဆက် ပြီး ဖြစ်နိုင်ပါတယ်။ တချို့တွေမှာ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှု ပုံစံကြောင့် ဖြစ်တတ်သလို၊ တချို့လည်း ရောဂါ ကြောင့်၊ တချို့လည်း အဝလွန်နေတာ ကြောင့် ဖြစ်တတ်ပါတယ်။ ပေါင်ခြံတစ် ဝိုက်ထုံကျဉ်မှုတွေ ဘာကြောင့် ဖြစ်လာ နိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ရေးသား လိုက်ပါတယ်။

စက်ဘီးစီးခြင်း
အားကစားခန်းမထဲမှာ စက်ဘီးစီး လေ့ကျင့်ခန်းလုပ်တာမျိုး၊ စက်ဘီးစီးပြီး ပစ္စည်းပို့တာမျိုးတွေမှာ ကြာရှည်စက်ဘီး စီးရတာကြောင့် ပေါင်ခြံတစ်ဝိုက် ထုံကျဉ် မှုမျိုးကို ခံစားရနိုင်ပါတယ်။ ကြာရှည်စွာ စက်ဘီးစီးလိုက်ပြီးတဲ့နောက်မှာ ဒီလို ပြဿနာမျိုး ဖြစ်တတ်ပါတယ်။

ကြာရှည်စွာ ထိုင်နေခြင်း
စက်ဘီးပေါ်မှာ ကြာရှည်ထိုင်နေမှ မဟုတ်ပါဘူး။ အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်တာ၊ တီဗီကြည့်တာ စတဲ့ အ ထိုင်များနေတဲ့ နေထိုင်မှုပုံစံရှိသူတွေမှာ လည်း ပေါင်ခြံတစ်ဝိုက် ထုံကျဉ်တာကို ခံစားရနိုင်ပါတယ်။ အထိုင်များတဲ့အခါ ပေါင်ခြံတစ်ဝိုက်မှာရှိတဲ့ ကြွက်သားနဲ့ အာရုံကြောတွေကို ဖိမိတာကြောင့်ပါ။ အထိုင်များသူတွေအနေနဲ့ မကြာခဏ လမ်းထလျှောက်ပေးတာ၊ ဖုန်းပြောတဲ့အ ခါ၊ ရေသောက်တဲ့အခါ မတ်တတ်ရပ်ပြော တာ၊ ဆွဲဆန့်လေ့ကျင့်ခန်း စတာတွေ ပြုလုပ်ပါ။ ထိုင်တဲ့ထိုင်ခုံက ပုံသဏ္ဌာန် မမှန်တာကြောင့်လည်း ပေါင်ခြံတစ်ဝိုက် ထုံကျဉ်မှုကို ခံစားရနိုင်လို့ သင့်တော်တဲ့ ထိုင်ခုံကို ရွေးချယ်တတ်ဖို့လည်း လိုပါ တယ်။

အဝလွန်နေခြင်း
ခန္ဓာကိုယ်ရဲ့ ရှိသင့်တဲ့ ကိုယ်အလေး ချိန်ထက်ပိုပြီး ၀နေသူတွေမှာ မလိုလား အပ်တဲ့ ပေါင်ချိန်ကို သယ်မထားရကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတွေက ပိုပြီးထိခိုက် စေနိုင်ပါတယ်။ အထူးသဖြင့် ပေါင်ခြံတစ် ဝိုက်ပါ။ ကိုယ်အလေးချိန်များနေတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းက ဝိတ်ပိနေသလို အာရုံကြောတွေကိုလည်း ဖိမိစေပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကို ပုံမှန် BMI အတွင်းရှိနေအောင် ထိန်းထားသင့် ပါတယ်။ ကိုယ်အလေးချိန်ပုံမှန်ရှိတာ ကြောင့် ပေါင်ခြံတစ်ဝိုက်ထုံကျဉ်တာ မဖြစ်အောင် ကာကွယ်နိုင်တဲ့အပြင် အ မျိုးအစား ၂ ဆီးချိုသွေးချို မဖြစ်အောင် လည်း ကာကွယ်နိုင်ပါတယ်။

အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ
အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့လည်း ပေါင်ခြံတစ်ဝိုက် ထုံကျဉ်တာကို ခံစားရနိုင်ပါတယ်။ ဆီးချို သွေးချိုရောဂါရှိသူတွေရဲ့ သွေးအတွင်းမှာ သွေးချိုဓာတ်တွေ များနေတာကြောင့် အာရုံကြောတွေကို ပျက်စီးစေလို့ ပေါင်ခြံ တစ်ဝိုက်သာမက တခြားနေရာတွေ မှာလည်း ထုံကျဉ်တာကို ခံစားရနိုင်ပါ တယ်။ အထူးသဖြင့် ခြေထောက်၊ ခြေဖဝါး၊ လက်မောင်းနဲ့ လက်တွေမှာ အာရုံ ကြောတွေ ပျက်စီးလို့ ထုံကျဉ်မှုတွေ ပိုခံ စားရနိုင်ပါတယ်။

လိပ်ခေါင်းရောဂါရှိခြင်း
လိပ်ခေါင်းထွက်တယ်ဆိုတာ ခန္ဓာ ကိုယ်ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုက နေရာလွဲသွားတာ၊ ကိုယ်တွင်းအခေါင်း ထဲကနေ ကျွံထွက်လာတာကြောင့် ဖြစ် လာတာပါ။ အများအားဖြင့် အူက ဝမ်း ဗိုက်ပိုင်း ကြွက်သားနံရံရဲ့ အားနည်းတဲ့ နေရာကို တွန်းရာကနေ ကျွံကျလာတာ ဖြစ်ပါတယ်။ လိပ်ခေါင်းရောဂါအမျိုးမျိုး ဖြစ်နိုင်ပြီး ပေါင်ခြံတစ်ဝိုက် ထုံကျဉ်တာနဲ့ ပေါင်ခြံမဟုတ်တဲ့နေရာတွေမှာပါ ထုံကျဉ် မှုတွေ ခံစားရနိုင်ပါတယ်။ လိပ်ခေါင်းရော ဂါက ကုသပျောက်ကင်းနိုင်တာမျိုး မဟုတ်ဘဲ ပိုဆိုးမလာအောင်ဘဲ ထိန်းထား နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဆိုးရွားတဲ့အခြေအနေမှာ လိုအပ်လာပါက ခွဲစိတ်ကုသနိုင်တယ်ပါတယ်။

အာရုံကြောညပ်ခြင်း
ကျောရိုးဆစ် တစ်ခုနဲ့တစ်ခုကြားထဲ မှာရှိတဲ့ ချပ်ပြားဝိုင်းလေးတွေ ထိခိုက်ပျက် စီးမှုဖြစ်တဲ့အခါမျိုးမှာ ပေါင်ခြံတစ်ဝိုက်ထုံ ကျဉ်မှုမျိုး ခံစားရနိုင်ပါတယ်။ အာရုံကြော တွေကို ဖိမိတာကြောင့်ဖြစ်ရတာပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal