ပျော်ရွှင်သော မေမေ၊ ကျန်းမာသော ဘေဘီ

မိခင်လောင်းတစ်ယောက်အဖို့ မိမိ ရဲ့ရင်သွေးငယ်လေးလူ့လောကကို ကျန်း ကျန်းမာမာနဲ့ရောက်လာဖို့ဆိုတဲ့ ဆု တောင်းထက် ပိုပြီးတော့ ပြည့်ချင်တဲ့ ဆု တွေရှိမှာ မဟုတ်ပါဘူး။ ရင်သွေးငယ်ကို လွယ်ထားရပြီဆိုတဲ့ အချိန်ကနေ အစစ အရာရာသတိပြုပြီး သူရဲ့ကလေးကျန်း မာဖို့သာ အာရုံစိုက်နေမိတတ်ပါတယ်။ အစားအသောက် အနေအထိုင်ကအစ ကလေးငယ်အတွက်ပဲ ပြုပြင်ပြောင်းလဲ ပေးတတ်ကြပါတယ်။ အဲဒီအထဲကမှ မိခင်လောင်းတို့အတွက် အထောက်အ ကူပြုပေးနိုင်မယ့်၊ ပိုပြီးတော့ သတိထားဖို့ လိုမယ့်အရာတွေကိုစုစည်းဖော်ပြလိုက် ပါတယ်။

၁။ မိမိကိုယ်ဝန်ဆောင်မည့် အချိန် ကိုရွေးချယ်ပါ
ပြီးပြည့်စုံတဲ့ မိသားစု ဏူညေ တစ်ခု ဖြစ်ဖို့အတွက် အဓိက စဉ်းစားရမယ့် အရာထဲမှာ မိခင်လောင်းရဲ့အသက်အ ရွယ်ဟာ အရေးအကြီးဆုံးပါပဲ။ မိမိရဲ့ ကျန်းမာရေးအခြေအနေ၊ သုံးစွဲနေရတဲ့ ဆေးဝါးတွေ၊ အလုပ်အကိုင်အနေအ ထားပေါ်မူတည်ပြီးတော့ မိခင်ရော ရင် သွေးအတွက်ပါ အရေးကြီးတဲ့ အချိန် တစ်ခုကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

၂။ အိပ်ချိန်ပြည့်ဝပါစေ
ပုံမှန်လူတစ်ယောက်အဖို့ အိပ်ချိန် ဟာ ၆-၈ နာရီလောက်လိုတယ်ဆိုပေ မယ့် မိခင်လောင်းတစ်ယောက်အတွက် ကတော့ အနည်းဆုံး ၇ နာရီလောက်အထိ ရှိနေသင့်ပါတယ်။ ဒါဟာ မိခင်အတွက် သာမက ကလေးရဲ့ကျန်းမာရေးကိုပါ အ ထောက်အကူပြုစေတဲ့အရာလည်း ဖြစ်ပါ တယ်။ အိပ်တဲ့အချိန်မှာတော့ ဘယ်ဘက် ကို စောင်းအိပ်ရင် ကလေးဆီကို သွေးစီး ဆင်းမှု ပိုကောင်းတာကြောင့် အတတ်နိုင် ဆုံး ဘယ်ဘက်စောင်းအိပ်ဖို့ ကြိုးစား ကြည့်သင့်ပါတယ်။

၃။ လိုအပ်သော ဗီတာမင်တွေ အ ပြည့်အဝရှိနေပါစေ။
ကိုယ်ဝန်ဆောင်ချိန်မှာ အမြဲသတိရှိ နေရမယ့် နောက်ထပ် အချက်တစ်ခုက တော့သင့်တော်တဲ့ ဗီတာမင်တွေ အပြည့် အဝရှိနေစေရေးပါပဲ။ ကိုယ်ဝန်ဆောင် တစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာ မင်တွေကို အစားအသောက်တွေနဲ့ ဖြည့် စွက်အားဆေးတွေကနေ ရနိုင်ပါတယ်။ ဟင်းနုနယ်၊ နွားနို့၊ ဒိန်ချဉ်တို့ကနေ လို အပ်တဲ့ ကယ်လ်စီယမ်ကို ရနိုင်သလို ဖြည့်စွက်အားဆေးတွေ သောက်ပြီးတော့ လည်း လိုအပ်နေတဲ့အရာတွေကို ဖြည့် ဆည်းပေးနိုင်ပါတယ်။

၎။ တုပ်ကွေးရောဂါ ကြိုတင်ကာ ကွယ်ပါ
မိခင်လောင်းတွေဟာ တခြားသူ တွေထက်ခဏခဏဖျားတာ၊ နေမ ကောင်းတာ မျိုးဖြစ်တတ်ပါတယ်။ ရာသီ အကူးအပြောင်းရှိတဲ့အချိန်တွေမှာ ကူး စက်ရောဂါတွေကို ခံစားရလွယ်တတ်ပါ တယ်။ ဒီလိုမျိုး ရာသီ အပြောင်းအလဲ ကြောင့်ဖြစ်တဲ့အဖျားလား၊ ကိုယ်ဝန် ကြောင့် မအီမသာ ဖြစ်ရတာမျိုးလားဆို တာကို ရှင်းရှင်းလင်းလင်းခွဲနိုင်ဖို့ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ထားပြီး တုပ်ကွေးရော ဂါကာကွယ်ဆေးတွေကို ကြိုတင်ပြီး တော့ ထိုးသင့်ပါတယ်။

၅။ ရေသန့်ရှင်းမှုရှိအောင်နှင့် ရေ ဓာတ်လုံလောက်နေရအောင် ဂရု စိုက်ပါ
မိခင်လောင်းတစ်ယောက်ဟာ တ ခြားသူတွေထက် ရေဓာတ်ကို ပိုပြီးတော့ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သာမန်လူ တွေဟာ တစ်နေ့ကို ရေ ၈ ခွက်လောက် သောက်ဖို့ လိုအပ်တယ်ဆိုပေမယ့် ကိုယ် ဝန်ဆောင်သည်တွေကတော့ တတ်နိုင် သမျှ များများ သောက်ပေးသင့်ပါတယ်။ ရေချည်းပဲ သောက်ဖို့ ခက်ခဲမယ်ဆိုရင် ဟင်းရည်၊ ဖျော်ရည်စတာတွေကို သောက်ပြီးတော့ ရေဓာတ်ဖြည့်တင်း သင့်ပါတယ်။ အဲဒီလို သောက်သုံးတဲ့ နေ ရာမှာလည်း ရေရဲ့သန့်ရှင်းမှုက အရေး ကြီးနေပါသေးတယ်။ မသန့်ရှင်းတဲ့ရေမှာ ပါဝင်တဲ့ ပိုးမွှားတွေဟာ အော့အန်တာ၊ ဝမ်းလျှောတာတွေကနေ အစာအဆိပ် သင့်တဲ့ လက္ခဏာတွေအထိ ဖြစ်နိုင်ပါ တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် မှာ ခရီးသွားရင် ဒီလိုမျိုး ပြဿနာတွေ ပိုဖြစ်နိုင်တာကြောင့် ရေသန့်ရှင်းမှုကို သတိထားဖို့လိုပါတယ်။

၆။ ဖောလစ်အက်စစ်လုံလောက်ပါ စေ
ကိုယ်ဝန်မယူခင်၊ ကိုယ်ဝန်ဆောင် ချိန်တွေမှာ မဖြစ်မနေ သတိထားရမယ့် အရာဟာ ဖောလစ်အက်စစ်ပါပဲ။ မိခင် လောင်းတစ်ယောက်မှာ ဖောလစ် အက် စစ်သာ ချို့တဲ့နေခဲ့မယ်ဆိုရင် မွေးလာ တဲ့ကလေးဟာ အာခေါင်ကွဲတာ၊ နှုတ် ခမ်းကွဲတာ၊ ခါးရိုးဖုတာတွေကို ခံစားရဖို့ အခွင့်အလမ်းတွေ ပိုများနေပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ချို့တဲ့ခဲ့ ရင်လည်း သန္ဓေသားဖွံ့ဖြိုးမှု၊ အချင်းဖွံ့ ဖြိုးမှုတွေ နှောင့်နှေးလာကာ ကလေးငယ် ကြီးထွားမှုကို ဟန့်တားလိုက်ပါတယ်။ ဒါ ကြောင့်ပဲ အမျိုးသမီးတွေဟာ ပဲတောင့် ရှည်၊ ပဲကြီး၊ ရွှေပဲသီး၊ ချဉ်ပြီးတော့ အ ရည်ရွှမ်းတဲ့ အသီးတွေ၊ အစိမ်းရောင်အ ရွက်မျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့ကို စားပေး ပြီးဖောလစ်အက်စစ်ကို ဖြည့်စွက်သင့်ပါ တယ်။ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီး တစ်ယောက်ဆိုရင်တော့ ဆရာဝန်နဲ့တိုင် ပင်ပြီး ဖောလစ်အက်စစ်တွေကို ဖြည့် စွက်သောက်ပေးသင့်ပါတယ်။

၇။ တချို့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ
အစားအသောက်နဲ့ ပတ်သက်လာ ရင် ရွေးချယ်စရာတွေ အများကြီးရှိတဲ့အ ထဲကမှ ကိုယ်ဝန်ဆောင်သည် အမျိုးသ မီးတွေ မဖြစ်မနေ ရှောင်ရမယ့် အစားအ သောက်တွေ ရှိနေပါသေးတယ်။ အစိမ်း စားရတဲ့ အစားအသောက်တွေ၊ မကျက် တကျက်ချက်ပြုတ်ထားတာတွေကို လုံးဝ ရှောင်ကြဉ်ဖို့ လိုအပ်သလို ကလီစာတွေ ကိုလည်း သေသေချာချာ မချက်ထားရင် မစားသင့်ပါဘူး။ မကျိုချက်ရသေးတဲ့ နွား နို့တွေ၊ တခြား အစားအသောက်တွေက လည်း အစားအဆိပ်သင့်တာကို ဖြစ်စေ တတ်တာကို သတိထားဖို့လိုပါတယ်။ ပြု ပြင်ပြောင်းလဲထားတဲ့အစားအစာ၊ ဆီ ကြော်မုန့်၊ ကြာကြာခံအောင် ပြုလုပ်ထား တဲ့ အစားအစာ၊ အမြန်စာတွေကိုတော့ သတိထားပြီး ရှောင်ဖို့လိုအပ်ပါတယ်။

၈။ သင့်တော်တဲ့ ကိုယ်လက်လှုပ် ရှားမှု ပြုလုပ်ပါ
တချို့သူတွေကတော့ ကိုယ်ဝန် ဆောင်ချိန်မှာ လှုပ်ရှားမှုတွေကို တတ် နိုင်သမျှ နည်းရမယ်လို့ ထင်နေကြပါ တယ်။ ဒါပေမဲ့ အမျိုးသမီး အများစုအ တွက်ကတော့ ကိုယ်လက်လှုပ်ရှားမှု ပုံ မှန်ရှိတာဟာ မွေးဖွားမှုကို ပိုလွယ်စေတဲ့ အထောက်အပံ့လေး တစ်ရပ်ဖြစ်နေပါ တယ်။ ဒါကြောင့်ပဲ မိမိနဲ့ သင့်တော်မယ့် ဘယ်လိုလေ့ကျင့်ခန်းမျိုး၊ လှုပ်ရှားမှုမျိုး လုပ်သင့်တယ်ဆိုတာကို မိမိရဲ့ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားသင့်ပါတယ်။

၉။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ဟာ သောက်တဲ့သူရော၊ အနီးပတ်ဝန်းကျင်ကလူရော ဘယ်သူ့ကို မှ ကောင်းကျိုးမပေးပါဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေဟာ ဆေးလိပ် ကိုပိုပြီးတော့ သတိထားသင့်ပါတယ်။ ဆေးလိပ်ငွေ့ကြောင့် ကလေး ရုတ်တ ရက်သေဆုံးတာ၊ ပေါင်မပြည့်ဘဲ မွေးဖွား တာ၊ ရုတ်တရက် အသက်ရှူရပ်သွားတာ တွေအပြင် နောက်ထပ်မကောင်းတဲ့ အ ကျိုးဆက်များစွာကို ပေးနိုင်ပါတယ်။

၁၀။ အရက်ရှောင်ပါ
ကလေးမမွေးဖွားခင်၊ မွေးပြီးနဲ့ နို့ တိုက်နေချိန်အထိ မိခင်သတိထားပြီး ရှောင်ကြဉ်ရမယ့်အရာတွေထဲမှာ အရက် လည်းပါဝင်ပါတယ်။ မိခင်ကနေ ရောက် သွားတဲ့အရက်ကြောင့် ကလေးရဲ့မျက်နှာ သွင်ပြင်ပုံမှန်မဟုတ်တာ၊ ဉာဏ်ရည် ဉာဏ်သွေးနိမ့်တာ၊ ပြုမှုဆက်ဆံရေးချို့ ယွင်းတာစတဲ့ ဆိုးကျိုးတွေကိုဖြစ်စေ တတ်ပါတယ်။ ကိုယ်ဝန်ဆောင်စ လနုနု ကလေးငယ်ကအစ ထိခိုက်နိုင်တာ ကြောင့် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတဲ့ အချိန်တည်းက အရက်ကို ဖြတ်သင့်ပါ တယ်။

၁၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားပါ
မိခင်စားသောက်သမျှ အစာအာ ဟာရတွေဟာ ကလေးငယ်ဆီကို ရောက် ရှိသွားတယ်ဆိုတဲ့အချက်ကိုမေ့လို့ မရပါ ဘူး။ ဒါကြောင့် အရင်အချိန်တွေမှာ မိမိ အကြိုက်အတိုင်း စားသောက်ခဲ့ပြီးပြီ ဆို ရင်တော့ မိခင်လောင်းဘ၀မှာ ရှောင်ရ မယ့်၊ ဆောင်ရမယ့် အစားအသောက်တွေ ကို တစ်လှည့်ပြန်ပြီးတော့ သတိပြုသင့်ပါ တယ်။ အသီးအရွက်နဲ့ အသားဓာတ်တွေ မျှတအောင်စားပေးဖို့ လိုအပ်လာပါ တယ်။ မိမိပုံမှန်စားသောက်နေကျတာ ထက် အသီးအရွက်တွေကို ပိုစားပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လတ်ဆတ် တဲ့ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ ပရိုတင်းပါဝင်မှုမြင့်တဲ့ အစားအသောက် တွေကို ဦးစားပေးစားသုံးသင့်ပါတယ်။

၁၂။ စိတ်ဖိစီးမှုကို လျှော့ချပါ
လူတိုင်းဟာ စိတ်ဖိစီးမှု အနည်းနဲ့ အများ ဆိုသလို ရှိတတ်ကြစမြဲပါ။ အဲဒီအထဲကမှ မိခင်လောင်းတွေကတော့ ပိုပြီးတော့ သတိထားဖို့ လိုပါတယ်။ မိမိကိုယ် စိတ် ဖိစီးမှုတွေဖြစ်စေမယ့် ဏငေည ဏသငညအ တွေ ကို အတတ်နိုင်ဆုံးသတိထားမိပြီး လျော့ နည်းနိုင်သမျှ လျော့နည်းဖို့ ကြိုးစားကြည့် သင့်ပါတယ်။ မိမိကိုယ်မိမိ ဘဝင်မကျမှု၊ အနားပတ်ဝန်းကျင်က လူတွေအပေါ်မှာ စိတ်တိုင်းမကျမှုတွေဟာ မိခင်လောင်း တိုင်းလိုလို ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ စိန် ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ဒီလိုအခြေအ နေမျိုး မိမိမှာ ကြုံတွေ့ခဲ့မယ်ဆိုရင်လည်း အများထဲက တစ်ယောက်အဖြစ် မိမိ ကိုယ်မိမိမြင်တတ်အောင် ကြည့်နိုင်ဖို့လို သလို မိမိကို နားလည်ပေးနိုင်မယ့် သူ တစ်ယောက်ယောက်ကို ရင်ဖွင့်တာမျိုး ကို ပြုလုပ်ကြည့်သင့်ပါတယ်။

၁၃။ ပလတ်စတစ်အသုံးအဆောင် ပစ္စည်းတွေ သုံးစွဲမှုလျှော့ပါ
ကိုယ်ဝန်ဆောင်သည်တွေ သတိ ထားရမယ့် အရာတွေထဲမှာ အရောင် လှလှနဲ့ ပြုလုပ်ထားတဲ့ ပလတ်စတစ်အ သုံးအဆောင်တွေလည်း ပါနေပါတယ်။ တချို့ပလတ်စတစ် ပစ္စည်းတွေထဲမှာရှိတဲ့ Chemicals တွေဟာ ရာသီဥတုကြောင့် ပဲ ဖြစ်ဖြစ်၊ တခြားလှုံ့ဆော်မှုတစ်ခု ကြောင့်ပဲဖြစ်ဖြစ် သူထည့်ထားတဲ့ အစား အသောက်တွေထဲကို ဝင်ရောက် လာနိုင် ပါတယ်။ အဲဒီလိုမျိုးဝင်ရောက်လာတဲ့ Chemicals တွေဟာ တဖြည်းဖြည်းနဲ့ စုပုံလာပြီးတော့ ကလေးငယ်ရဲ့ကိုယ် လက် အင်္ဂါဖွံ့ဖြိုးမှုတွေကနေ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားမှုအထိ အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ အဆီ၊ အငန်၊ အချဉ်ထည့်ထားတဲ့ ပလတ်စတစ် ဘူးတွေ၊ ခွက်တွေမှာ အဖတ်ကွာတာ၊ အရောင်ကွက်လာတာမျိုးတွေ ကြုံလာ ခဲ့ရင်တော့ အဲဒီပစ္စည်းတွေကို ဆက်ပြီး မသုံးသင့်တောပါဘူး။

၁၄။ အလှကုန် ပစ္စည်းတချို့ကို လျှော့သုံးပါ
အလှကြိုက်တဲ့ မေမေတို့အတွက် တော့ ဒါဟာ သတင်းကောင်းတစ်ခု မ ဟုတ်ပါဘူး။ အကြောင်းကတော့ အလှ အပအတွက် အသုံးပြုကြတဲ့ တချို့ပါဝင် ပစ္စည်းတွေရဲ့ Chemicals တွေဟာ ကလေးငယ်တွေမှာဟော်မုန်း ပြောင်း လဲမှု ဖြစ်စေပြီး ကိုယ်လက်ကြံ့ခိုင်မှုက နေ ဉာဏ်ရည်ဖွံ့ဖြိုးမှုအထိ အနှောင့် အ ယှက်ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် အရည်အသွေးနိမ့်တဲ့ အလှကုန်ပစ္စည်း တွေမှာ ပါဝင်တဲ့ Chemicals တွေဟာ ကင်ဆာရောဂါဆီကို ဦးတည်တတ်သလို အသိဉာဏ်ချို့တဲ့မှုတို့ကိုပါ ခံစားရစေ တတ်ပါတယ်။ ဒါကြောင့်ပဲ ကလေးရော မိခင်အတွက်ပါ စိတ်ချရဖို့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အလှကုန်တွေကို ရွေးချယ်သင့်ပါတယ်။

၁၅။ Chemicals တွေနဲ့ ထိတွေ့ မှုကို နည်းနိုင်သမျှနည်းပါစေ
အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ Chemicals တွေလိုပဲ အိမ်အသုံးအ ဆောင်တွေမှာပါဝင်တဲ့ဃ့နာငခals တွေ ဟာ မိခင်လောင်းတွေအတွက် သတိ ထားစရာတွေပါပဲ။ အိမ်ကိုသန့်ရှင်းရေး ပြုလုပ်ဖို့အတွက် သုံးတဲ့ ကြေးချွတ်ဆေး တွေ၊ အိမ်သာသန့်ရှင်းရေးသုံး ဆပ်ပြာနဲ့ Chemicals တွေကလည်း ကိုယ်ဝန် ဆောင်သည်တွေ သတိပြုရမယ့် အချက် တွေပါပဲ။ ဒါကြောင့် ကြေးချွတ်ဆေး တွေကို အားပြုနေမယ့်အစား ဘေးထွက် ဆိုးကျိုးအနည်းဆုံး ဖြစ်တဲ့ သဘာဝနည်း လမ်းတွေကို သုံးသင့်ပါတယ်။ မုန့်ဖုတ်ဆို ဒါနဲ့ ရှလကာရည်တို့ဟာ လူသုံးများကြ သလို တခြားအချဉ်သီးတွေကိုလည်း အစားထိုး သုံးစွဲသင့်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *