မောင်နှမထဲတွင် အငယ်ဆုံးတို့က ပိုမိုသက်ရှည်ကျန်းမာလေ့ရှိဟု ဆို

မောင်နှမတွေထဲမှာဆိုရင် အကြီးဆုံးက အကောင်းဆုံး မှန်သမျှရထားတယ်၊ အလတ်က အလတ်ဆိုတဲ့အတိုင်း လတ် နေတယ်၊ အငယ်ဆုံးက ဆိုးတယ်လို့ လူတွေကသတ်မှတ်ထား ကြပါတယ်။ ဒါပေမဲ့ အကြီးတွေက နေရာတိုင်းမှာတော့ အ ကောင်းချည်းရနေတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျန်းမာရေး နဲ့ပတ်သက်ရင်ပေါ့။ မိသားစုတစ်ခုမှာ အငယ်ဆုံးက အကြီးတွေ နဲ့ယှဉ်ရင် ပိုကျန်းမာသက်ရှည်၊ ပိန်သွယ်လေ့ရှိတယ်လို့ လေ့ လာချက်ကဆိုပါတယ်။ အကြီးတွေက ဘ၀မှာပိုရုန်းကန်ရ တတ်ပြီး အဝလွန်နိုင်ခြေ၊ သွေးတိုးနိုင်ခြေ၊ ဆီးချိုနဲ့ကင်ဆာ ဖြစ်နိုင်ခြေတွေ များပါတယ်။ ဘာကြောင့်လဲဆိုတော့ အငယ် ရောက်လာရင် အကြီးတွေက မိဘတွေ သူတို့အပေါ်အချစ် လျော့မသွားစေဖို့ လုပ်ရပါတယ်။ အဲဒီမှာ စိတ်ဖိစီးမှု များလာ ပါတယ်။ ဒါက အသက်ကြီးရင်လည်း ဒီအတိုင်းပါပဲ။ ဘာ ကြောင့်လဲဆိုတော့ အကြီးတွေက ဦးစီးဦးဆောင်လုပ်ရတတ် တယ်လေ။ ဦးစီးဦးဆောင်လုပ်ရတော့ စိတ်ဖိစီးမှုကလည်း ပို များလာပါတယ်။ ဒါကြောင့် အငယ်တွေက ပိုသက်ရှည်ကျန်းမာ နိုင်ခြေများတာပါ။

(DM, 5 .9.19) ချယ်ရီ

Post Author: Good Health Journal