မွေးကင်းစကလေးငယ်တို့ရဲ့အသားအရေထိခိုက်မှုကင်းစေဖို့

မွေးကင်းစ ကလေးငယ်ရဲ့ အသား အရေက အရမ်းကိုနူးညံ့ပါတယ်။ မိခင် ဝမ်းကနေကျွတ်လာပြီးတဲ့အခါ ပတ်ဝန်း ကျင်နဲ့ထိတွေ့ရာမှာ အရေပြားကို မထိ ခိုက်စေဖို့ အလွန်ဂရုစိုက်ရမှာ ဖြစ်ပါ တယ်။ အောက်ပါအချက်တွေကမွေးကင်း စကနေစပြီး အရေပြားပြဿနာတွေ မဖြစ်စေဖို့ ဂရုတစိုက်လုပ်ဆောင်ပေး သင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

သန့်စင်ပေးခြင်း
မွေးကင်းစ ကလေးငယ်တွေရဲ့ အ ရေပြားကို ဠနမညငထ လို့ ခေါ်တဲ့ ဖယောင်း အလွှာတစ်ထပ်က ဖုံးထားပါတယ်။ မွေး ပြီး ရက်အနည်းငယ်မှ တဖြည်းဖြည်းချင်း ကွာကျသွားပါတယ်။ အဲဒီအချိန်မှာ အရေပြားကို ပွတ်တာ ဒါမှမဟုတ် ခရင်မ် တစ်မျိုးမျိုး လိမ်းပေးတာက မထိရောက် ပါဘူး။ မွေးပြီး တစ်ပတ်အတွင်းမှာ ပါးစပ် နေရာနဲ့ ဒိုင်ဘာဝတ်တဲ့နေရာတွေကိုညင် ညင်သာသာသန့်စင်ပေးဖို့ လိုပါတယ်။

ရေချိုးခြင်း
ကလေးငယ်ကို လိုအပ်တာထက် ပိုပြီး ရေချိုးသန့်စင်မယ်ဆိုရင် ကလေးရဲ့ အရေပြားမှာရှိတဲ့အဆီတွေကို ဖယ်ရှား လိုက်တာကြောင့် အသားအရေ ခြောက် သွေ့သွားနိုင်ပါတယ်။ တစ်ပတ်ကို ၃-၄ ကြိမ်လောက် ရေချိုးပေးမယ်ဆိုရင် လုံ လောက်ပါတယ်။ မွေးကင်းစကလေးအ တွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာအ ပျော့စားနဲ့ ရေနွေးနွေးလေးကို အသုံးပြု ပေးပါ။ ရေချိုးပြီးတဲ့အခါ အခန်းအပူချိန် မှာပဲ နူးညံ့တဲ့ တဘက်လေးနဲ့ ညင်ညင် သာသာ ပတ်ပေးထားပါ။

ပေါင်ဒါလိမ်းခြင်း
ကလေးငယ်ရေချိုးပြီးတဲ့အခါ အ ခန်းအပူချိန်မှာပဲ ခြောက်သွားအောင် အချိန်ပေးနိုင်ရင် ပေါင်ဒါကို အသုံးပြုဖို့ မလိုပါဘူး။ ပေါင်ဒါကိုသုံးမယ်ဆိုရင် က လေးငယ်ရဲ့အဆုတ်ထဲ အမှုန်တွေရောက် နိုင်သလို ဓာတုပစ္စည်း၊ အမွှေးနံ့တွေ ကြောင့်လည်း ကလေးရဲ့အသားအရေ ကို ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။

သဘာဝထုတ်ကုန်တွေကိုသာ သုံးပါ
ကလေးငယ်ရဲ့ အသားအရေက အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် ကလေးရဲ့အရေပြားအတွက် အသုံးပြုမယ့်ပစ္စည်းတွေက သဘာဝ ထုတ်ကုန်တွေ ဖြစ်ဖို့ လိုပါတယ်။ ဓာတု ဒြပ်ပေါင်းတွေ ပါတာ၊ အမွှေးနံ့တွေ လွန် ကဲတာ၊ ပိုးသတ်ဆေးတွေ ပါတာ စတာ တွေက ကလေးငယ်ရဲ့ အရေပြားကို ထိ ခိုက်စေပါတယ်။ ဒါကြောင့် ကလေးငယ် အတွက် အသုံးပြုတဲ့အခါ ဆပ်ပြာအပျော့ စား၊ မျက်စိမစပ်စေတဲ့ ခေါင်းလျှော်ရည်၊ အသားအရေနူးညံ့စေတဲ့ လိုးရှင်း စတဲ့ ကလေးတွေအတွက် သီးသန့်ဖြစ်ပြီး သ ဘာဝကနေ ထုတ်လုပ်တာမျိုးကို ရွေး ချယ်သင့်ပါတယ်။

ဒိုင်ဘာကြောင့် အနီစက်ထွက်ခြင်း
ကလေးငယ်ကို ဒိုင်ဘာဝတ်ပေးတဲ့ အခါ သန့်စင်မှုအားနည်းတာ၊ ဒိုင်ဘာကို မလဲဘဲ အချိန်ကြာမြင့်စွာ ထားတာ၊ ဒိုင် ဘာက တင်းကျပ်လွန်းတာ၊ စတာတွေ ကြောင့် ကလေးငယ်ရဲ့ ဒိုင်ဘာဝတ်တဲ့ နေရာတစ်ဝိုက်မှာ ဓာတ်မတည့်မှုဖြစ်ပြီး နီရဲလာတတ်ပါတယ်။ ဒိုင်ဘာက စွတ်စို နေတယ်ထင်ရင်ချက်ချင်းလဲပေးပါ။ ဒိုင် ဘာအမျိုးအစားကလည်း ကလေးငယ်နဲ့ သင့်တော်ပြီး အမျိုးအစားကောင်းတာမျိုး ကိုသာ သုံးသင့်ပါတယ်။

အရေပြားပြဿနာများ
ကလေးငယ်မှာ အရေပြားနီရဲပြီးဖြစ် တဲ့ နှင်းခူ ဒါမှမဟုတ် အက်တိုးပစ်နှင်းခူ မျိုးတွေ ဖြစ်လာနိုင်သလို လူကြီးတွေမှာ ဖြစ်တဲ့ ဝက်ခြံလိုမျိုးအဖုတွေလည်း ဖြစ် တတ်ပါသေးတယ်။ အရေပြားခြောက် သွေ့၊ နီရဲပြီးယားယံနေတတ်ပါတယ်။ ကု သဖို့ခက်ခဲတတ်ပေမယ့် အရွယ်ရောက် လာတဲ့အခါ သူ့အလိုလို ပျောက်ကင်း သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

နှိပ်နယ်ပေးခြင်း
ကလေးငယ်ကို နှိပ်နယ်ပေးတာက မိဘနဲ့ သားသမီးကြားချစ်ခင်မှုကို ပိုမိုရရှိ စေပါတယ်။ ကလေးငယ်ရဲ့ အရေပြားကို သဘာဝအဆီတွေနဲ့ ညင်သာစွာ နှိပ်နယ် ပေးတာကြောင့် အရေပြားအစိုဓာတ်ရရှိ ပြီး အာဟာရဓာတ်လည်း ပြည့်စေပါ တယ်။ အဆီကိုရွေးချယ်တဲ့အခါ ဓာတု ပစ္စည်းတွေ၊ အမွှေးနံ့ပါတာတွေရှောင်ပါ။

နေရောင်ခြည်
ကလေးငယ်ရဲ့ အသားအရေက ခြောက်သွေ့ပြီး ကွဲကြောင်းလေးတွေဖြစ် နေခဲ့မယ်ဆိုရင်တော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ပေးမထိသင့်ပါဘူး။ အထူးသ ဖြင့် တစ်လမပြည့်ခင် ကလေးငယ်တွေမှာ သတိထားသင့်ပါတယ်။ နေရောင်ခြည်ထဲ ကလေးငယ်ကို ခေါ်တဲ့အခါ အင်္ကျီလက် ရှည်၊ ဘောင်းဘီရှည်တွေဝတ်ပါ၊ နေ ရောင်ခံခရင်မ်လိမ်းပါ။

အစိုဓာတ်ထိန်းပေးခြင်း
ကလေးငယ်ရဲ့အရေပြား အစိုဓာတ် ထိန်းပေးနိုင်ဖို့ကလည်း အရေးကြီးပါ တယ်။ ကလေးငယ်ကို ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးရပါ မယ်။ ကလေးငယ်အတွက် ထုတ်လုပ် ထားတဲ့ အဆီတစ်မျိုးမျိုး ဒါမှမဟုတ် လိုရှင်းမျိုးကို သုံးနိုင်ပါတယ်။

ချည်ထည်တွေ ဝတ်ဆင်ပေးပါ
ကလေးငယ်က ချွေးထွက်ပြီး မိတ် ဖုလေးတွေ ရှိနေမယ်ဆိုရင်တော့ အေးမြ တဲ့ ချည်ထည်တွေ ဝတ်ဆင်ပေးသင့်ပါ တယ်။ အဝတ်အစားတွေက နူးညံ့ရမယ်၊ ချွေးကို စုပ်ယူနိုင်ရမယ်၊ ပွပွချောင်ချောင် နဲ့ သက်သောင့်သက်သာ ဖြစ်ရပါမယ်။ မိခင်က ရာသီဥတုနဲ့ ပတ်ဝန်းကျင်အပူ အအေးပြောင်းလဲမှုပေါ်မူတည်ပြီး ကလေး ငယ်ကို သင့်တော်တဲ့အဝတ်အစားမျိုးကို မိခင်က ဝတ်ဆင်ပေးတတ်ရပါမယ်။

အပျော့စား ကြေးချွတ်ပစ္စည်းသုံးပါ
ကလေးငယ်ရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို လျှော်ဖွပ်သန့် စင်ရာမှာ ကြေးချွတ်အားပြင်းတာတွေ မသုံးသင့်ပါဘူး။ ကလေးရဲ့အရေပြားကို ထိခိုက်စေနိုင်တာကြောင့် ကလေးအ တွက် သီးသန့်ထုတ်ထားတဲ့ အပျော့စား ကြေးချွတ်ပစ္စည်းတွေကိုသာ သုံးသင့်ပါ တယ်။ ကလေးအဝတ်တွေကို လူကြီး အဝတ်တွေနဲ့ ရောလျှော်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal