မွေးကင်းစများတွင်ဖြစ်တတ်သည့် စိတ်ပူရန်မလိုသောပုံမှန်အခြအနေများ

မေမေတွေအနေနဲ့ ကိုးလခန့် လွယ်ထားတဲ့မိမိရင်သွေးကို မွေးဖွားလာတဲ့ အခါမှာ ကိုယ်လက်အင်္ဂါ ပြည့်စုံ မစုံ အရင်ဆုံးသိချင်ကြပါတယ်။ ဒါ့အပြင် မွေးဖွား လာတဲ့ရင်သွေးငယ်တွေမှာ တွေ့ရှိရတဲ့ တချို့လက္ခဏာတွေက ပုံမှန်မှဖြစ်ရဲ့လား ဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ မိခင်တွေအနေနဲ့ စိတ်ပူဖို့မလိုတဲ့ မွေး ကင်းစကလေးတွေမှာဖြစ်တတ်တဲ့ ပုံမှန်အခြေအနေတွေကို ဖော်ပြပေးလိုက်ပါ တယ်။

ဝမ်းခဏခဏသွားခြင်း
မွေးကင်းစကလေးငယ်တွေမကြာ ခဏ ဝမ်းသွားတာက ပုံမှန်အခြေအနေ ပါပဲ။ သူတို့လေးတွေက အရည်ဝမ်း တွေသာ သွားတတ်တဲ့အတွက် အရှိန် ပြင်းပြင်းနဲ့ ဝမ်းသွားတတ်တာပါ။

စိုးရိမ်ရမည့်အခြေအနေ
ဝမ်းအရောင်က အညို၊ အစိမ်း ဒါ မှမဟုတ် အဝါ ဒါမှမဟုတ် အစေ့လေး တွေ ပါနေခဲ့ရင် စိုးရိမ်စရာမရှိပါဘူး။
ဝမ်းထဲမှာသွေးစလေးတွေပါနေရင် တော့ ကလေးဆရာဝန်နဲ့ ပြသသင့်ပါပြီ။

ရင်သားကြီးခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ ဟော် မုန်းအပြောင်းအလဲဖြစ်တာက ရင်သွေး ငယ်အပေါ်မှာပါ သက်ရောက်မှုရှိနိုင်ပါ တယ်။ မိခင်မှာ ရှိနေတဲ့ များစွာသော အီစထရိုဂျင်တွေက အချင်းကတစ်ဆင့် သန္ဓေသားဆီ ရောက်သွားတာကြောင့် မိမိရဲ့ ရင်သွေးငယ်မှာ (ယောက်ျားလေး ဖြစ်နေရင်တောင်မှ) ရင်သားကြီးထွား နေနိုင်ပါတယ်။ ဒီရင်သားကနေ နို့ရည် လေးတွေလည်း ထွက်ကျနိုင်ပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်အ ကြာမှာပဲ ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။

စိုးရိမ်ရမည့်အခြေအနေ
မိမိရင်သွေးရဲ့ ရင်သားနေရာမှာ နီ ရဲနေတာ၊ အထိမခံနိုင်တာတွေဖြစ်နေ ရင် ဆရာဝန်နဲ့ ပြသသင့်ပါပြီ။

ဦးခေါင်းပုံသဏ္ဌာန်မမှန်ခြင်း
သင့်ရင်သွေးငယ်က ဗိုက်ထဲက ထွက်လာခါစမှာ ဦးခေါင်းက ရှည်ရှည် လေးဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်တာ ကို မိခင်တွေအနေနဲ့ စိုးရိမ်တတ်ကြပါ တယ်။ အထူးသဖြင့် သဘာဝနည်းလမ်း အတိုင်း ရိုးရိုးမွေးဖွားထားတဲ့ ကလေး ငယ်တွေရဲ့ဦးခေါင်းက ပိုမိုရှည်ပြီး ကြမ်းတမ်းနေတတ်ပါတယ်။ ရက်သတ္တ ပတ်အနည်းငယ်မှာပဲ ပုံမှန်ပြန်ဖြစ်သွား နိုင်ပါတယ်။ ကလေးငယ်နောက်စိပြား မနေအောင် ဟိုဘက်ဒီဘက်လှည့် သိပ်ပါ။

စိုးရိမ်ရမည့်အခြေအနေ
သင့်အနေနဲ့ ကလေးကို အမျိုးမျိုး သိပ်ပေမယ့် ဦးခေါင်းတစ်ဖက်ပြားနေ တာမျိုးရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

မျက်စိစွေခြင်း
မွေးကင်းစကလေးငယ်တွေက ဖွံ့ ဖြိုးတဲ့အဆင့်မှာပဲ ရှိနေတာကြောင့် သူ တို့ရဲ့ ကြွက်သားတွေကို ထိန်းချုပ်ဖို့ ခက်ခဲကာ တစ်နေရာတည်းကို စူးစိုက် မကြည့်နိုင်ပါဘူး။ ဒီအတွက် မစိုးရိမ်ပါ နဲ့။ ခြောက်လအတွင်းမှာ သူတို့တွေရဲ့အ ကြည့် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

စိုးရိမ်ရမည့်အခြေအနေ
မျက်စိစွေတာ ခြောက်လကျော်တဲ့ အထိ မပျောက်ခဲ့ရင် ဆရာဝန်နဲ့ ပြသ ပါ။

လိင်အင်္ဂါရောင်ရမ်းခြင်း
ရင်သွေးငယ်တွေရဲ့ လိင်အင်္ဂါတွေ က ပုံမှန်မဟုတ်ဘဲ ကြီးနေတာ၊ ရောင် ရမ်းနေတာတွေတွေ့ရရင်လည်း မစိုး ရိမ်ပါနဲ့။ ဟော်မုန်းနဲ့ ထိတွေ့မှု များခဲ့ တာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်တွေ များပြားနေတဲ့အတွက် ပါ။ ဒီအရည်တွေ ခန္ဓာကိုယ်က ထွက် သွားတာနဲ့တစ်ပြိုင်နက် ပုံမှန်အခြေ အနေ ပြန်ဖြစ်သွားပါလိမ့်မယ်။

စိုးရိမ်ရမည့်အခြေအနေ
မွေးပြီး တစ်ပတ်နှစ်ပတ်အတွင်း ရောင်ရမ်းတာတွေ မပျောက်ဘူးဆိုရင်၊ လျော့ကျမသွားရင်တော့ ကလေးဆရာ ဝန်နဲ့ ပြသပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal