မွေးချင်းအစ်ကိုများ၍ ဘယ်သန်သည့်အမျိုးသားများ ဂေးဖြစ်နိုင်ခြေများ

အမျိုးသားတွေမှာ ဂေးဖြစ်နိုင်ခြေတွေနဲ့ပတ်သက်ပြီး ကနေဒါသုတေသီတွေရဲ့ လေ့လာချက်တွေအရ အမျိုးသား တွေမှာ မွေးချင်းအစ်ကိုများတဲ့သူတွေနဲ့ဘယ်သန်တဲ့သူတွေက ဂေးဖြစ်နိုင်ခြေများနေတာကို လေ့လာတွေ့ရှိခဲ့ကြတယ်လို့သိရ ပါတယ်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုတက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာချက်တွေအရ အမျိုးသားတွေမှာ ဘယ်သန်တဲ့သူတွေ၊ မွေးချင်းထဲမှာ အစ်ကိုများတဲ့သူတွေ၊ မိသားစုဝင်ထဲမှာ အနည်း ဆုံး ဂေးတစ်ဦးရှိနှင့်ထားပြီးသူတွေမှာ ဂေးဖြစ်လာနိုင်ခြေ ပိုများ တယ်လို့ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ သာမန်အမျိုးသားတွေ ထက် ဂေးတွေမှာ ဘယ်သန်ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းပိုများနေ တာကို တွေ့ရှိခဲ့တာကြောင့် အပြန်အလှန်အားဖြင့် ဘယ်သန် တဲ့အမျိုးသားတွေအနေနဲ့ ဂေးဖြစ်နိုင်ခြေများတာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဂေးအမျိုးသား ၈၀၀ ကျော်နဲ့ လေ့လာခဲ့ကြတာဖြစ်ပြီး ဂေးဖြစ်နိုင်တဲ့ အဓိကအချက်တွေထဲမှာ ဘယ်သန်တွေပြီးရင် မွေးချင်းတွေထဲမှာ အသက်အရွယ်ပိုကြီးတဲ့ အစ်ကိုများသူတွေကလည်း ဂေးဖြစ်နိုင်ခြေ ၁၄ ဒသမ ၈ ရာခိုင် နှုန်းပိုများတယ်လို့ ဆိုပါတယ်။

(DM, 13.6.19) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *