မွေးနေ့ကိတ်ဖယောင်းတိုင်မှုတ်ခြင်းက ဗက်တီးရီးယားများ ပြန့်ပွားစေနိုင်

သုတေသနအသစ်တစ်ရပ်မှာ မွေးနေ့ကိတ်ဖယောင်းတိုင် မှုတ်တာကြောင့် ဘက်တီးရီးယားတွေ ပြန့်ပွားစေနိုင်တယ်လို့ ဆိုထားပါတယ်။ အမေရိကန်နိုင်ငံမှ Clemson တက္ကသိုလ်က သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီးတော့  မွေးနေ့ကိတ်မှာ ဖယောင်း တိုင်မှုတ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့အကျိုးဆက်တွေကို စမ်းသပ်ခဲ့ကြပါတယ်။ ဖယောင်းတိုင်မှုတ်လိုက်တာကြောင့် ပါးစပ်ထဲကဘက်တီးရီးယားတွေက လူတွေအများကြီးစားသုံးမယ့် ကိတ် မုန့်ပေါ်ကိုပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်။ သုတေသနမှာ လူတိုင်း က ကိတ်မုန့်ပေါ်ကဖယောင်းတိုင်ကို မှုတ်လိုက်တာကြောင့် ကိတ်မုန့်ပေါ်မှာ ဘက်တီးရီးယားတွေ ပြန့်ပွားသွားတာမျိုး မမြင် တွေ့ရပေမယ့် တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်မှာ တော့ မြင်တွေ့ခဲ့ကြရပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ဖယောင်းတိုင်မှုတ်သူက ကျန်းမာသန်စွမ်းသူဆိုရင် အန္တရာယ်မရှိ ဘူးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း ဖယောင်းတိုင်မှုတ်ပြီး တဲ့နောက် ကိတ်မုန့်ပေါ်မှာဘက်တီးရီးယားတွေ ပြန့်ပွားခြင်းရှိမရှိ ကိုတော့ သေချာပေါက်ပြောနိုင်မှာမဟုတ်ပါဘူး။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *