သုတေသနအသစ်တစ်ရပ်မှာ မွေးနေ့ကိတ်ဖယောင်းတိုင် မှုတ်တာကြောင့် ဘက်တီးရီးယားတွေ ပြန့်ပွားစေနိုင်တယ်လို့ ဆိုထားပါတယ်။ အမေရိကန်နိုင်ငံမှ Clemson တက္ကသိုလ်က သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီးတော့ မွေးနေ့ကိတ်မှာ ဖယောင်း တိုင်မှုတ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့အကျိုးဆက်တွေကို စမ်းသပ်ခဲ့ကြပါတယ်။ ဖယောင်းတိုင်မှုတ်လိုက်တာကြောင့် ပါးစပ်ထဲကဘက်တီးရီးယားတွေက လူတွေအများကြီးစားသုံးမယ့် ကိတ် မုန့်ပေါ်ကိုပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်။ သုတေသနမှာ လူတိုင်း က ကိတ်မုန့်ပေါ်ကဖယောင်းတိုင်ကို မှုတ်လိုက်တာကြောင့် ကိတ်မုန့်ပေါ်မှာ ဘက်တီးရီးယားတွေ ပြန့်ပွားသွားတာမျိုး မမြင် တွေ့ရပေမယ့် တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်မှာ တော့ မြင်တွေ့ခဲ့ကြရပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ဖယောင်းတိုင်မှုတ်သူက ကျန်းမာသန်စွမ်းသူဆိုရင် အန္တရာယ်မရှိ ဘူးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း ဖယောင်းတိုင်မှုတ်ပြီး တဲ့နောက် ကိတ်မုန့်ပေါ်မှာဘက်တီးရီးယားတွေ ပြန့်ပွားခြင်းရှိမရှိ ကိုတော့ သေချာပေါက်ပြောနိုင်မှာမဟုတ်ပါဘူး။
Related Posts '
18 MAR
မှတ်ဉာဏ်ဆိုတာဘာလဲ။ မှတ်ဉာဏ်ကောင်းအောင် ဘာလုပ်ရမလဲ
“က”ကနေ “အ”အထိ အလွယ်တကူ ရွတ်ဆိုပြနိုင်ပါသလား။...
08 AUG
ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ?
ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း...
08 AUG
WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း
WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု...
25 OCT
COVID-19 ပြင်းထန်သည့် လူနာငါးဦးတွင် တစ်ဦးက ကာကွယ်ဆေးမထိုးရသေးသည့် ကိုယ်ဝန်ဆောင်ဖြစ်နေ
နာမကျန်းမှုပြင်းထန်ဆိုးရွားတဲ့ COVID-19 လူနာ ငါးဦးမှာ...
25 OCT
Ultrasound လှိုင်းဖြင့် သုက်ပိုး ဖျက်ဆီးသည့်စက်ကိရိယာသည် အမျိုးသား သန္ဓေတားနည်းအသစ် ဖြစ်လာမည်လား
လက်ရှိမှာ အမျိုးသမီးတွေအတွက် သန္ဓေတားနည်း ၁၂...