ယောက်ျားပီသစေဖို့ဘယ်လိုအစားအစာတွေစားသုံးဖို့လိုလဲ

ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏက ယောက်ျားပီသမှုကိုဖြစ်စေတဲ့ အကြောင်းတွေထဲမှာ တစ်ချက် ပါဝင်ပါတယ်။ ဒီဟော်မုန်းပမာဏတက်စေဖို့ဆိုရင် အောက်ပါ အစားအစာတွေ စားသုံးဖို့လိုပါတယ်။

၁။ ကန်စွန်းဥနှင့် အာလူး
တက်စထရိုစတီရုန်းဟော်မုန်း ထုတ် လုပ်ဖို့ ကာဗိုဟိုက်ဒရိတ်ရရှိဖို့ လိုအပ်ပါ တယ်။ ကောက်နှံကွေကာတွေကနေ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်တယ်ဆိုပေ မယ့် ဂလူတန်နဲ့မတည့်တဲ့သူတွေမှာ ပြ ဿနာတချို့ရှိတတ်ပါတယ်။ ကန်စွန်းဥ၊ အာလူးတွေကနေရရှိတဲ့ ကာဗိုဟိုက်ဒ ရိတ်မှာ ဂလူတန် မပါဝင်တဲ့အပြင် တက် စထရိုစတီရုန်းထုတ်လုပ်ဖို့ လုံလောက်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။

၂။ ကော်ဖီ
ကော်ဖီသောက်သုံးတာက အာရုံ ကြောစနစ်ကို လှုံ့ဆော်ပေးလို့ တက်စထ ရိုစတီရုန်းထုတ်လုပ်မှုကို အားပေးပါ တယ်။ ကော်ဖီမှာ အင်တီအောက်ဆီး ဒင့်တွေလည်း များစွာပါဝင်လို့ မနက်စာ စားတိုင်းမှာ ကော်ဖီတစ်ခွက် သောက်ဖြစ် အောင် သောက်ပါ။

၃။ အစေ့အဆန်
အစေ့အဆန်ထဲမှာ ပါဝင်တဲ့ မရှိမ ဖြစ်အဆီတွေက တက်စထရိုစတီရုန်း ဟော်မုန်းထုတ်လုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် အင်တီ အောက်ဆီးဒင့်ဖြစ်တဲ့ ဆီလီနီယမ်ပါဝင် လို့ တက်စထရိုစတီရုန်း ထုတ်လုပ်မှုကို အားပေးပါတယ်။

၎။ သံလွင်ဆီ
သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ် တဲ့အဆီဖြစ်ပြီး နှစ်ပတ်သုံးစွဲပါက တက် စထရို စတီရုန်းဟော်မုန်း ၁၇ ရာခိုင်နှုန်း တက်လာတယ်လို့ လေ့လာမှုမှာ တွေ့ရပါ တယ်။ အင်တီအောက်ဆီးဒင့်တွေလည်း များစွာပါဝင်လို့ခန္ဓာကိုယ်တွင်း ရောင်ရမ်း မှုတွေကို လျော့နည်းစေတဲ့ အာနိသင်ကို လည်း ရရှိနိုင်ပါတယ်။

၅။ စပျစ်သီးခြောက်
စပျစ်သီးခြောက်ထဲမှာ အင်တီ အောက်ဆီးဒင့်တွေဖြစ်တဲ့ ရက်စ်ဗာရက် ထရောတွေ များစွာပါဝင်ပြီး တက်စထရို စတီရုန်းထုတ်လုပ်မှုကို မြင့်မားစေပါ တယ်။ စပျစ်သီးခြောက် နေ့စဉ် ပုံမှန် စား သုံးပါက ကျားဟော်မုန်း တက်စထရိုစတီ ရုန်းဟော်မုန်း မြင့်မားစေပြီး မဟော်မုန်း အီစထရိုဂျင် လျော့နည်းစေတယ်လို့လေ့ လာမှုတချို့မှာ တွေ့ရှိခဲ့ပါတယ်။

၆။ ချင်း(ဂျင်း)
ချင်း(ဂျင်း)ကို ဟင်းခတ်အမွှေးအ ကြိုင်အဖြစ်အိမ်တွင်းမီးဖိုချောင်မှာ မပါမ ဖြစ်အသုံးပြုတတ်ကြပါတယ်။ ချင်း (ဂျင်း) ကို ဖြည့်စွက်အစာအနေနဲ့ ဈေးကွက်ထဲ ကနေ ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ပုံမှန်သုံး စွဲပါက တက်စထရိုစတီရုန်းပမာဏ ၁၇ ရာခိုင်နှုန်းမြင့်မားစေတယ်လို့ သုတေ သနတချို့မှာ တွေ့ရပါတယ်။

၇။ အညိုရောင်ချောကလက်
အညိုရောင်ချောကလက်ထဲမှာ ပါဝင်တဲ့ ကိုကိုးက တက်စထရိုစတီရုန်း ပမာဏကို မြင့်မားစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ သွေးကြောရောဂါတွေ၊ ဆီးချို သွေးချိုရောဂါနဲ့ သွေးတိုးရောဂါဖြစ်နိုင် ခြေကိုလည်း လျော့နည်းစေပါတယ်။

၈။ ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်ကြွယ် ၀စွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ် တဲ့ အမိုင်နိုအက်စစ်ပမာဏကို ဖြည့်စွမ်း ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ၊ အဆီဓာတ်တွေ ပါဝင်လို့ တက်စထရိုစတီရုန်း ထုတ်လုပ်မှုကို မြင့် မားစေပါတယ်။

၉။ ထောပတ်သီး
ထောပတ်သီးထဲမှာ ကောင်းတဲ့အ ဆီဓာတ်တွေ များစွာပါဝင်ပြီး တက်စထရို စတီရုန်းထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါ့အပြင် တက်စထရိုစတီရုန်းထုတ်လုပ်မှု ကိုမြင့်မားစေတဲ့ဆီပျော်ဗီတာမင်နဲ့ သတ္တု ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။

၁၀။ မှို
မှိုမှာ ပိုလီဆက်ခရိုက်တွေ များစွာပါ ဝင်ပြီး မဟော်မုန်းဖြစ်ပေါ်မှုကို ဆန့်ကျင် ပေးတယ်လို့လေ့လာမှုများစွာအရ သိရပါ တယ်။ တက်စထရိုစတီရုန်းဟော်မုန်းက နေ အီစထရိုဂျင်ဟော်မုန်းအဖြစ် ပြောင်း လဲမှုကို ဟန့်တားပေးတဲ့အင်ဇိုင်းကို တား ဆီးပေးပါတယ်။

၁၁။ ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီး ယားတွေ များစွာပါဝင်လို့ တက်စထရိုစတီ ရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။ ၂၀၁၄ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဒိန်ချဉ်ကို ပုံမှန်စားသုံးပါက တက်စထရိုစ တီရုန်းဟော်မုန်းပမာဏ မြင့်မားစေတဲ့အ ပြင် ဝှေးစေ့အရွယ်အစားနဲ့ အလေးချိန် ကို မြင့်မားစေတာ၊ အသက်ကြီးတာ ကြောင့်ဖြစ်တဲ့ ဝှေးစေ့ကျုံ့တာကနေ ကာကွယ်တာ၊ သုက်ကောင် အရေအ တွက် မြင့်မားစေတာ၊ သုက်ကောင်တွေရဲ့ လှုပ်ရှားသွားလာမှု မြင့်မားစေတာ စတဲ့ ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။

၁၂။ သလဲသီး
သလဲသီးဖျော်ရည်ကို နေ့စဉ် နှစ်ပတ် ဆက်တိုက်သောက်ပေးပါက တက်စထ ရိုစတီရုန်းပမာဏကို ၂၄ ရာခိုင်နှုန်း မြင့် မားစေတဲ့သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ လေ့လာမှုအရ နှစ်နဲ့ချီ ပြီး သောက်သုံးပါက သွေးတွင်း အဆီ ဖတ်ကပ်ငြိမှုကို ၃၅ ရာခိုင်နှုန်း လျော့ နည်းစေပါတယ်။ သွေးတွင်းမကောင်းတဲ့ အဆီဓာတ်ကို လျော့နည်းစေပြီး သွေး လှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါ တယ်။ သလဲသီးမှာပါဝင်တဲ့ ဒြပ်ပေါင်း တချို့က အီစထရိုဂျင်ဖြစ်ပေါ်မှုကို ဟန့် တားပေးပါတယ်။

၁၃။ ကြက်သွန်နီ
ကြက်သွန်နီထဲမှာ အင်တီအောက် ဆီးဒင့်တွေ၊ ဖိုက်တိုကယ်မီကယ်နဲ့ တက် စထရိုစတီရုန်းဟော်မုန်းမြင့်မားစေတဲ့ ဒြပ် ပေါင်းတချို့ပါဝင်ပါတယ်။ အစာစားတဲ့ အခါ ကြက်သွန်နီကိုက်စားတတ်တဲ့ အမျိုး သားတွေမှာ ဟော်မုန်းပမာဏ ၃၀ ရာခိုင် နှုန်း မြင့်မားစေတယ်လို့ သုတေသနတွေ မှာတွေ့ရပါတယ်။

၁၄။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူစားသုံးတာကပါးစပ်နံ တယ်ဆိုပေမယ့် ကြက်သွန်ဖြူထဲကနေ နိုက်ထရစ်အောက်ဆိုဒ် ရရှိနိုင်ပါတယ်။ ပရိုတင်း ရရှိနိုင်လို့ တက်စထရိုစတီရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။

၁၅။ ကမာကောင်
ကမာကောင်က တက်စထရိုစတီ ရုန်း မြင့်မားစေတဲ့အစာပါ။ ကမာကောင် မှာ ဇင့်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ကော့ပါး နဲ့ ဗီတာမင် ဒီတွေများစွာ ပါဝင်လို့ တက် စထရိုစတီရုန်း ဟော်မုန်းထုတ်လုပ်မှုကို မြင့်မားစေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal