ယောနိအကြောင်း ဘယ်လောက်သိပါသလဲ

အမျိုးသမီးလေးတွေအနေနဲ့ ကိုယ့် မှာရှိတဲ့ မိန်းမကိုယ်အကြောင်း ဘယ် လောက်သိသလဲဆိုတာ ဒီ Quizဖ လေး ဖြေကြည့်ကြပါဦး။

၁။ ယောနိမှာ မိန်းမအင်္ဂါ အစေ့ (Clitoris) နဲ့ မိန်းမအင်္ဂါနှုတ်ခမ်း (Labia) တို့လို အစိတ်အပိုင်းတွေပါနေတတ် တယ်။
(က) မှန်
(ခ) မှား

၂။ ယောနိမှာ စံပြအရွယ်အစားနဲ့ ပုံစံ ရှိလား။
(က) ရှိတယ်
(ခ) မရှိဘူး

၃။ လိင်စိတ်မနိုးကြွနေတဲ့ ပုံမှန်ယောနိလမ်းကြောင်းကဘယ်လောက်နက်လဲ။
(က) ၁-၂လက်မ
(ခ) ၃-၄လက်မ
(ဂ) ၅-၆ လက်မ
(ဃ) ၆ လက်မ အထက်

၎။ မိန်းကလေးတစ်ယောက် အပျိုစင် ဟုတ်မဟုတ် ယောနိအမြှေးပါးပေါက်ပြဲနေမနေပေါ်ကြည့်ပြီး ဆုံးဖြတ်နိုင်ပါ တယ်။
(က) မှန်
(ခ) မှား

၅။ ဂွမ်းတောင့် (Tampon) တွေကို ဘယ်လောက်ကြာကြာပိုမထားသင့်ဘူးလဲ။
(က) ၄ နာရီ
(ခ) ၈ နာရီ
(ဂ) ၁၂ နာရီ
(ဃ) ၂၄ နာရီ

၆။ အဖြူဆင်းတာက အမြဲတစ်သမတ် တည်း ဖြစ်နေသင့်ပါတယ်။ ပမာဏ၊ အရောင်နဲ့ အပျစ်အကျဲ အပြောင်းအလဲ မရှိင့်ပါဘူး။
(က) မှန်
(ခ) မှား

၇။ ကီးဂဲလ်လေ့ကျင့်ခန်းဆိုတာ တင်ပဆုံ ကြွက်သားတွေကို သန်မာစေလို့ လိင် ဆက်ဆံတဲ့အခါ အထွတ်အထိပ်ပိုရောက် စေနိုင်ပါတယ်။
(က) မှန်
(ခ) မှား

၈။ အောက်ပါတို့အနက် ဘယ်အရာက ပြဿနာဖြစ်နေတတ်လဲ။
(က) အဖြူ ပုံမှန်ထက်ပိုဆင်းတာ
(ခ) ယောနိနားတစ်ဝိုက် ယားယံတာ
(ဂ) အဖြူဆင်းတဲ့အနံ့ပြောင်းတာ
(ဃ) အပေါ်က အချက်တွေထဲက တစ် ခုခု

၉။ လိင်ဆက်ဆံတဲ့အခါနာကျင်တာ အလွန်ရှားပါတယ်။
(က) မှန်
(ခ)မှား

၁၀။ ဆီးသွားတဲ့အခါ ဘယ်လမ်းကြောင်း ကနေသွားပါသလဲ။
(က) ဆီးလမ်းကြောင်း
(ခ) ယောနိလမ်းကြောင်း
(ဂ) မွေးလမ်းကြောင်း

၁။ (ခ) မှား
ယောနိက သားအိမ်နဲ့သားအိမ် ခေါင်းကို ခန္ဓာကိုယ်ပြင်ပနဲ့ ဆက်သွယ် ပေးတဲ့ ကျဉ်းမြောင်းတဲ့ ကြွက်သားလမ်း ကြောင်းတစ်ခုပါ။ မိန်းမအင်္ဂါအစေ့ (Clitoris) နဲ့ မိန်းမအင်္ဂါနှုတ်ခမ်း (Labia))တို့က ယောနိလမ်းကြောင်းပြင်ပက မိန်းမကိုယ်အစိတ်အပိုင်းတွေပါ။ မိန်းမ အင်္ဂါနှုတ်ခမ်းဆိုတာ ယောနိထိပ်ပေါက်ဝ ကို ဝန်းရံထားတဲ့ နှုတ်ခမ်းနဲ့တူတဲ့အသား တွေဖြစ်ပြီး မိန်းမအင်္ဂါအစေ့ကတော့ အတွင်းမိန်းမအင်္ဂါနှုတ်ခမ်းထိပ်မှာရှိတဲ့ အရမ်းကို အာရုံခံစားလွယ်တဲ့ အစေ့လေး ပဲဖြစ်ပါတယ်။

၂။ (ခ) မရှိဘူး
ယောနိမှာ စံပြ အရွယ်အစားနဲ့ ပုံစံ ဆိုပြီးတော့ မရှိပါဘူး။ အသက်အရွယ်၊ အရပ်အမောင်းနဲ့ တခြားအချက်တွေပေါ် မူတည်ပြီး ပုံစံနဲ့အရွယ်အစားအမျိုးမျိုး ဖြစ်နေတတ်ပါတယ်။

၃။ (ခ) ၃-၄ လက်မ
ပုံမှန်ယောနိလမ်းကြောင်းက သုံး လက်မ လေးလက်မအထိပဲ နက်ပေမယ့် လိင်စိတ်နှိုးဆွတာခံလိုက်ရတဲ့အခါမှာ တော့ အဲဒီထက် နှစ်ဆပိုနက်နိုင်ပါတယ်။

၎။ (ခ) မှား
မိန်းကလေးတစ်ယောက် အပျိုစင် ဟုတ်မဟုတ် ယောနိအမြှေးပါးပေါက်ပြဲ နေမနေပေါ်ကြည့်ပြီး မဆုံးဖြတ်နိုင်ပါဘူး။ တချို့မိန်းကလေးတွေက မွေးရာပါ အ မြှေးပါးပါမလာတာမျိုးဖြစ်တတ်သလို တချို့မိန်းကလေးတွေကျတော့လည်း လိင်မဆက်ဆံခင်ကတည်းက စက်ဘီး စီး၊ မြင်းစီး၊ ဂွမ်းတောင့်တွေသုံးတာတွေ ကြောင့် အမြှေးပါးပြဲကုန်တာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒါကြောင့် ပထမဆုံး အကြိမ်ဆက်ဆံတဲ့အခါ သွေးမထွက်ရင် အပျိုစစ်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။

၅။ (ခ) ၈ နာရီ
ဓမ္မတာရာသီလာတဲ့အခါ ဂွမ်းထုပ် အစား ယောနိလမ်းကြောင်းထဲ ထည့်သုံး ရတဲ့ ဂွမ်းတောင့် (Tampon) တွေကို နောက်ပိုင်းမှာ အသုံးပြုလာကြပါတယ်။ ယောနိထဲ ရှစ်နာရီထက်ပိုပြီး ဂွမ်းတောင့် ကို ထည့်ထားမိပါက ဘက်တီးရီးယား ရောဂါပိုးဝင်ပြီး Toxic Shock ရောဂါ လက္ခဏာ စုဖြစ်လာတတ်ပါတယ်။ အဲဒီ အခါ အပြင်းဖျားတာ၊ ခေါင်းကိုက်၊ ခေါင်း မူးတာ၊ သတိလစ်တာ၊ နေလောင်သလို အရေ ပြားပေါ် အကွက်ထတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ကြွက်သားနာကျင်ကိုက်ခဲ တာနဲ့ ကြွက်သားအားနည်းတာ၊ မျက်လုံး တွေ၊ ပါးစပ်တွေနီလာတာ၊ သတိမ ကောင်းတော့တာတွေ ဖြစ်တတ်ပါတယ်။

၆။ (ခ) မှား
အဖြူဆင်းတယ်လို့ခေါ်တဲ့ ယောနိ ကထွက်တဲ့ အကျိအချွဲတွေက ရာသီစက် ဝန်းတစ်လျှောက် ပမာဏ၊ အရောင်နဲ့ အပျစ်အကျဲတွေက ပြောင်းလဲတတ်ပါ တယ်။ အကြည်ရောင်ဖြစ်နေတတ်သလို နို့နှစ်လို ခပ်နောက်နောက်လည်း ဖြစ်နေ တတ်ပါတယ်။ စေးကပ်ကပ်ဖြစ်နေတတ် သလို ခပ်ကျဲကျဲလည်းဖြစ်နေတတ်ပါ တယ်။ အနံ့ကတော့ ပုံမှန်အနံ့ရှိပါတယ်။

၇။ (က) မှန်
ကီးဂဲလ်(စ်) (Kegels) လေ့ကျင့် ခန်းဆိုတာ ယောနိလမ်းကြောင်းနားမှာ ရှိတဲ့ ကြွက်သားတွေကို ညှစ်ရတဲ့လေ့ ကျင့်ခန်းပါ။ ဆီးသွားနေတဲ့အခါ ဆီးရပ် သွားအောင် ညှစ်လိုက်သလိုမျိုးညှစ်ရ တာပါ။ ဒီကြွက်သားတွေသန်မာနေရင် သားအိမ်၊ ဆီးလမ်းကြောင်းနဲ့ အူတွေ ယောနိလမ်းကြောင်းပေါ်ပိကျမနေအောင် ကာကွယ်ပေးလို့ ဆီးထွက်ကျတာ၊ ဝမ်း ထွက်ကျတာ၊ မကြာခဏလေလည်တာ မျိုး မဖြစ်တော့ပါဘူး။ ဒါ့အပြင် ဒီကြွက် သားတွေ သန်မာနေပါက လိင်ဆက်ဆံတဲ့ အခါ အထွတ်အထိပ်ပိုရောက်စေနိုင်ပါ တယ်။

၈။ (ဃ) အပေါ်က အချက်တွေထဲက တစ်ခုခု
အဖြူဆင်းတာ ပုံမှန်ထက်ပိုများတာ၊ အရောင်ပြောင်းတာနဲ့ ယောနိနားတစ်ဝိုက် ယားယံတာတွေက ယောနိရောင်ရမ်းတာ ရဲ့ လက္ခဏာရပ်ပါ။ အမျိုးသမီး မိန်းမ ကိုယ်ဖျန်းဆေးတွေသုံးတာ၊ ကိုယ်ဝန် ဆောင်တာ၊ ရောဂါပိုးဝင်တာ၊ ပိုးသတ် ဆေးတွေသုံးတာက ယောနိကို ရောင် စေပါတယ်။

၉။ (ခ) မှား
လိင်ဆက်ဆံတဲ့အခါ နာကျင်တာ ဖြစ်လေ့ ရှိပါတယ်။ နာကျင်ရတဲ့ အကြောင်း အရင်းတွေကလည်း အမျိုးမျိုးရှိနေပါ တယ်။ ပုံမှန်မဟုတ်ဘူးလို့ထင်ရင်တော့ ဆရာဝန်ပြကြည့်သင့်ပါတယ်။ နာကျင် တာသက်သာအောင် နည်းလမ်းတွေ လည်းရှိပါတယ်။ ချောဆီသုံးပေးတာတို့၊ နှစ်ယောက်လုံးမပင်ပန်းတဲ့အချိန်မှ လိင် ဆက်ဆံတာတို့၊ လိင်ဆက်ဆံခြင်းမပြုမီ နူးနပ်ပေးတာတို့၊ အပြန်အလှန်နှိပ်နယ် ပေးတာတို့ ပြုလုပ်သင့်ပါတယ်။

၁၀။ (က) ဆီးလမ်းကြောင်း
ဆီးသွားတဲ့ ဆီးလမ်းကြောင်းက သက်သက် ယောနိကသက်သက်ပါ။ အပေါက်တွေလည်း မတူပါဘူး။ ဆီးသွား ပေါက်၊ ဝမ်းသွားပေါက်နဲ့ မွေးလမ်းကြောင်း အပေါက်တွေက သက်သက်စီပါ။ ယော နိလမ်းကြောင်းနဲ့ မွေးလမ်းကြောင်းကတော့ တူပါတယ်။ ကလေးမွေးတဲ့အခါ ယောနိ ကနေပဲ ကလေးထွက်လာတာပါ။

  ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal