ရေခဏခဏချိုးရင် အသားအရေ ခြောက်တတ်သလား

ရေခဏခဏ ချိုးတာနဲ့ အသားအရေ ခြောက်တာ ဆက်စပ်နေပါသလား ဆရာ။
ရေချိုးပြီးစမှာ လူတိုင်းက လန်း လန်းဆန်းဆန်းရှိပေမယ့် ရေချိုးများ ရင်ကြာတော့ အသားခြောက်တဲ့ပြဿနာ ကြုံရမှာပါ။ ရေပူနဲ့ ချိုးရင်၊ ဆပ်ပြာ ပြင်း ပြင်း တိုက်ရင်၊ ရေခဏခဏချိုးရင် အရေပြား အပေါ်လွှာထဲက အဖိုးတန် အဆီဓာတ်လေးတွေပါသွားပြီး အသား ခြောက်တော့တာပါ။ ခုခေတ်မှာ ဆပ်ပြာ တွေကိုလည်း ကြေး (ဂျီး) ပြောင်တယ် ဆိုပြီး အပြင်းစားတွေ ထုတ်လိုထုတ်နဲ့ ဆိုတော့ ကြေး(ဂျီး) မပြောင်ဘဲ အဆီပါ ပြောင်သွားတော့ အရေပြားဟာ အစို ဓာတ်မထိန်းနိုင်ဘဲ မွဲခြောက်ခြောက်ဖြစ် သွားတာပါ။ ဒီလိုပါပဲ လက်ခဏခဏ ဆေးတဲ့အခါ ဆပ်ပြာအပြင်းတွေသုံးမိရင် လက်တွေခြောက်ကပ်ပြီး တချို့ဆို အသားထူကြမ်းပြီး ကွဲအက်ကုန်တာမျိုး တောင် ကြုံရတတ်ပါတယ်။ ဒီတော့ ပြောရရင် အသားမခြောက်အောင် ရေနဲ့ဆပ်ပြာကို သတိထားဖို့ လိုပါတယ်။
အသားခြောက်တာကြောင့် ဘာတွေ ထိခိုက် နိုင်လဲ ဆရာ။
အသားအရေဆိုတာ စိုစိုပြည်ပြည် ရှိနေမှ ကြည့်လို့ရှုလို့ ကောင်းတာပါ။ စိုပြည်နေတဲ့ အသားအရေဟာ ဝင်းပ ကြည်လင်နေတာမို့ပေါ့။ ခြောက်သွေ့ မွဲပြာနေတဲ့ အရေပြားမျိုးကိုတော့ ဘယ် သူမှ နှစ်မြို့မှာ မဟုတ်ပါဘူး။ ခြောက် သွေ့နေတဲ့အရေပြားဟာ နူးညံ့ပျော့ ပျောင်းမှုမရှိဘဲ ကြမ်းတမ်းနေလေတော့ ဘယ်လိုမှ အမြင်မှာ မတင့်တယ်ပါဘူး။ တစ်စုံတစ်ယောက်က ထိမိကိုင်မိရင် တောင် အသားအရေက ကြမ်းလိုက်တာ ဆိုပြီး ကောက်ချက်ပေးတာ ခံရလေ့ရှိပါ တယ်။
အသားအရေခြောက်တာ ဘာကြောင့်ဖြစ်ရတာ လဲဆရာ။
များသောအားဖြင့် အသားခြောက် တဲ့ ပြဿနာက မွေးရာပါဗီဇအရ ဖြစ်တာ ထက် ပြင်ပပယောဂအကြောင်း အမျိုး မျိုးကြောင့် ဖြစ်ရတာများပါတယ်။ ရှင်း အောင်ပြောရရင် ပင်ကိုအတွင်းပယောဂ ထက် အရေပြားနဲ့ ထိတွေ့ပတ်သက်နေရ တဲ့ အပြင်ပတ်ဝန်းကျင် အခြေအနေတွေ ကြောင့်သာ အသားအရေ ခြောက်သွေ့ သွားရတာပါ။ အရေပြားဆိုတာ ခန္ဓာ ကိုယ်ရဲ့ အရေခွံကြီးဆိုတော့ ထိတွေ့ရ တဲ့ ပစ္စည်းတွေလည်းများမှများပါ။ ရာသီဥတုရဲ့ဒဏ်ကိုလည်း အရေပြားက ပဲ ကာကွယ်ပေးထားတာဆိုတော့ သူ့ ခမျာ ကြမ်းတဲ့အခါ ကြမ်း၊ ချောတဲ့အခါ ချောနဲ့ တစ်သမတ်တည်း ရှိချင်မှလည်း ရှိတာပါ။ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေရှိအောင် ပြောင်းလဲပေးနေရတဲ့ ပစ္စည်းပါ။ အရေပြားရဲ့ဖွဲ့စည်းပုံက အလွန်ကျစ်လျစ်ပါတယ်။ အဲဒီဖွဲ့စည်း ပုံထဲမှာ အရေပြားကို စိုပြည်နေအောင် ထိန်းသိမ်းပေးတဲ့စနစ်က ရှိပြီးသားပါ။  အဲဒီစနစ်က မနိုင်မနင်းဖြစ်လို့ ဒါမှ မဟုတ် စနစ်ချို့ယွင်းသွားလို့သာ အသား ခြောက်တဲ့ပြဿနာ ပေါ်လာရတာပါ။
အသားအရေမခြောက်အောင် အစိုဓာတ်ကို ထိန်းသိမ်းဖို့ ဘာတွေလိုအပ်ပါသလဲ ဆရာ။
အစိုဓာတ်ကို ထိန်းသိမ်းပေးဖို့ အဆီဓာတ်လိုပါတယ်။ အဆီရှိမှ အစို ဓာတ်တွေကို လွင့်ပြယ်မသွားအောင် ထိန်းပေးနိုင်တာပါ။ အစိုဓာတ်ထိန်း ပေးမယ့် အဆီဓာတ်တွေဟာ အရေပြား ရဲ့ အပေါ်လွှာထဲက ကလာပ်စည်းတွေ ကြားမှာ ရှိနေတာပါ။ ဥပမာပေးရရင် ကလာပ်စည်းတွေဟာ အုတ်ခဲချပ်နဲ့တူပြီး အဆီဓာတ်တွေဟာ အုတ်ခဲတစ်ခုနဲ့ တစ် ခုကြားက အင်္ဂတေ မဆလာနဲ့တူပါတယ်။ အဲဒီအဆီဓာတ်တွေကို အသေးစိတ် ပြောရရင် စီရာမိုက် (Ceramides)အဆီက ၅၀ ရာခိုင်နှုန်း၊ ဖက်တီးအက်စစ် (Fatty Acid)က ၁၅ ရာခိုင်နှုန်းနဲ့ ကို လက်စထရော (Cholesterol) က ၂၅ ရာခိုင်နှုန်းပါဝင်တယ်လို့ဆိုပါတယ်။ ဒီ အဆီတွေ အရေပြားထဲကအစိုဓာတ်တွေ ကို ပြင်ပကို လွင့်ပြယ်မသွားအောင် ကာ ကွယ်တားဆီးပေးထားတာပါ။ အဓိက ကျတဲ့ ကာကွယ်ရေးစနစ်ပေါ့။ ဒါ့အပြင်  အစိုဓာတ်ထိန်းတဲ့ တခြားအကြောင်းကိစ္စ တွေလည်းရှိပါသေးတယ်။
အရေပြားအတွက် အစိုဓာတ်ထိန်းစနစ်ကို သဘာဝက ပေးထားပါသလား ဆရာ။
အရေပြားထဲက နောက်ထပ်အစို ထိန်းစနစ်တစ်ခုကိုတော့ သဘာဝကပေး တဲ့ လက်ဆောင်လို့ဆိုရမှာပါ။ Natural Moisturizng Factor တဲ့။ (NMF) လို့ပဲ အတိုခေါ်လေ့ရှိပါတယ်။ ဘာလို့သ ဘာဝက ပေးတာလို့ ပြောရတာလဲဆို တော့ သဘာဝအတိုင်း ပျက်စီးသွားတဲ့ အရေပြားကလာပ်စည်းအသေတွေက ပေးခဲ့တဲ့အမွေကြောင့်ပါ။ အရေပြားက လာပ်စည်းတွေဟာ အဟောင်းနဲ့ အသစ် အမြဲလဲလှယ်နေရတာပါ။ အဟောင်း၊ အ သေကလာပ်စည်းထဲက ပျက်စီးသွားတဲ့ ပရိုတိန်းနဲ့ တခြားဓာတ်တွေဟာ ရေဓာတ် ကို ထိန်းသိမ်းရာမှာ အတော်လေး အထောက်အကူပြုပါတယ်။ ဒါ့အပြင် ရေဓာတ်ကို ထိန်းသိမ်းပေးတာထက် ပြင်ပပတ်ဝန်းကျင်က ရေငွေ့တွေကို အရေပြားထဲရောက်အောင် စုပ်ယူနိုင်စွမ်း လည်း ရှိပါတယ်။ ဒါကြောင့် ဒီနေ့ ဈေးကွက်ထဲမှာရှိနေတဲ့ မွိုက်စချာရိုက် ဇာဆိုတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေ၊ လိုးရှင်းတွေ အတော်များများမှာ NMF ပါဝင်အောင် ကြိုးစားပြီး ထုတ်လုပ်ထား ကြတာပါ။ အဲဒီအလှပြင်ပစ္စည်းတွေရဲ့ ဘူးပေါ်မှာ NMF ပါပါတယ်လို့ ကြွားဝါ ပြီး ရေးထားလေ့ရှိပါတယ်။
သဘာဝရဲ့ အရေပြားအစိုဓာတ်ထိန်းစနစ်အ ကြောင်း ရှင်းပြပေးပါ ဆရာ။
အစိုထိန်းနည်းစနစ်နှစ်မျိုးမှာ တစ်မျိုးက ကလာပ်စည်းတွေရဲ့အပြင်က၊ တစ်မျိုးက ကလာပ်စည်းတွေရဲ့ အထဲက ဆိုပြီး ကွဲပြားပါတယ်။ အရေပြားရဲ့ အလယ်လွှာထဲမှာရှိတဲ့ အဆီအိတ်တွေ က ထွက်လာတဲ့ ဆီဘမ် (Sebum) ဆိုတဲ့အရေပြား အဆီကတော့ ကလာပ် စည်းတွေနဲ့ မပတ်သက်ပါဘူး။ ဒီအဆီ ဟာ အရေပြားရဲ့ အပြင်ဘက်မျက်နှာပြင် ပေါ်ကို ဖုံးအုပ်ပေးထားလေတော့ ကိုယ် တွင်းက ရေငွေ့တွေအပြင်ကို မလွင့်ပြယ် အောင် ထိန်းပေးထားတဲ့သဘောပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရေပြားမခြောက် သွေ့အောင် အရေ ပားအဆီကပဲ ပြန်ပြီး စောင့်ရှောက်ပေးထားတာမို့ သူလည်း အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေ တာပါ။ အသက်အရွယ်ကြီးရင့်တဲ့ ဇရာ အိုတွေမှာ အရေပြားထဲက ဆီဘမ်အဆီ ထွက်တာလည်း နည်းလာတဲ့အပြင် အရေပြားကလာပ်စည်းတွေကြားက အဆီဓာတ်တွေလည်း နည်းလာတာ ကြောင့် အသားခြောက်တဲ့ပြဿနာကို အနည်းနဲ့အများ ရင်ဆိုင်နေရတာပါ။ အဆီအိတ်တွေနည်းပါးတဲ့ ခြေသလုံးမှာ ဆိုရင် အသားခြောက်ရာကနေ အသား ခြောက် နှင်းခူဆိုတာမျိုးတောင် ဖြစ်နိုင်ပါ တယ်။ ယားလည်း ယား၊ ခြောက်လည်း ခြောက်ပေါ့။ ကြာတော့ ကုတ်ရာကတစ် ဆင့် ပဲ့တာ၊ ကွဲတာတွေဖြစ်ပါလေရော။
အသားအရေ မခြောက်သွေ့ဘဲ စိုပြည်လန်း ဆန်းနေအောင် ဘာတွေ အဓိက လိုအပ်ပါ သလဲဆရာ။
ရေဓာတ် လုံလုံလောက်လောက်ရှိ တဲ့ အရေပြားဟာ စိုစိုပြည်ပြည်၊ လန်း လန်းဆန်းဆန်းနဲ့ရေရတဲ့သစ်ပင်လိုပါ။ ရေဓာတ် ခန်းခြောက်တဲ့အရေပြားဟာ သစ်ခြောက်ပင်လို ကျိုးလွယ်၊ ဆတ် လွယ်ပါတယ်။ အသားခြောက်ရင် ကွဲတာ၊ အက်တာ၊ ယားတာတွေ ကြုံရ မှာပါ။ ကုတ်တာကတစ်ဆင့် အရေပြား ပျက်စီးမှုတွေ ဆင့်ကဲဆင့်ကဲကြုံရမှာပါ။ မကွဲမအက်အောင်၊ မယားအောင် အရေ ပြားဟာ အရေကြောင်းတွေ မြန်မြန်ပေါ် လာမှာပါ။ ဒါကြောင့် အသားအရေထိန်း သိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းစဉ်မှာ အရေပြား အသားမခြောက်အောင် ဂရုစိုက်ဖို့ အဓိက လိုအပ်ပါတယ်။

ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *