ရေခဲသေတ္တာထဲ ဘာတွေမထားသင့်ဘူးလ

ဒါသာမရှိရင် မြို့ပြနေထိုင်မှုဘ၀ ထဲမှာ ဘယ်လိုနေမလဲလို့ စဉ်းစားမိတဲ့ အခါဟာ ရေခဲသေတ္တာကို ဖွင့်ကြည့်မိတဲ့ အချိန်တွေပါပဲ။ ပြေးပြေးလွှားလွှားနဲ့ အလုပ်လုပ်လိုက်၊ ချက်ပြုတ်စားလိုက် ဆိုတဲ့သူတွေအတွက်တော့ သူဟာအ တော့်ကိုအသုံးတည့်တဲ့ အရာဝတ္ထုပါပဲ။ ကျွန်မလိုပဲ အားလုံးကတော့ ရေခဲ သေတ္တာဆိုတာဟာ အစားအသောက် တွေ ကြာကြာခံအောင် ထိန်းသိမ်းပေး တဲ့အရာလို့ တွေးထင်မိတတ်ကြပါတယ်။ အစားအသောက်အတော်များများအ တွက်တော့ ဒီယူဆချက်ကမှန်ပါတယ်။ သူသာမရှိခဲ့ရင် အသားတွေကိုဘယ်လို သိမ်းမလဲ၊ နို့ပါတဲ့ အစားအသောက် တွေကိုရော တစ်မနက်ထက် ပိုခံ အာင် ဘယ်လိုလုပ်ထားကြမလဲဆိုတာဟာ တွေးရင်းနဲ့တောင် ခေါင်းကိုက်ချင်စရာ ပါပဲ။ ဒါပေမဲ့လည်း ရေခဲသေတ္တာထဲ မှာသိမ်းဆည်းရင်းနဲ့ လတ်ဆတ်မှုတွေ ဆုံးရှုံးသွားတတ်တဲ့ အစားအသောက် တွေ ရှိနေပါတယ်။ စိမ့်နေတဲ့ အအေး ဓာတ်ဟာအရသာတွေကိုပြောင်းလဲပစ် လိုက်နိုင်သလို နူးညံ့မှုတွေကိုပါ ပြောင်း လဲပစ်လိုက်နိုင်ပါတယ်။ အဲ့ဒီအထဲကမှ သတိထားသင့်တဲ့ အစားအသောက် ၁၂ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အာလူး
တစ်ခုခုနဲ့ ရောနှောဖို့ ဒါမှမဟုတ် သူချည်းသက်သက် ချက်ပြုတ်စား သောက်ဖို့ အိမ်ရှင်မတွေ အများအားဖြင့် ဝယ်ထားလေ့ရှိတဲ့ အစားအသောက်တွေ ထဲမှာအာလူးဟာထိပ်ဆုံးကနေ ပါဝင် နေပါတယ်။ အာလူးဟာအေးပြီးတော့ မှောင်တဲ့နေရာမှာထားတာဟာ အ ကောင်းဆုံးပါပဲ။ ဒါပေမဲ့ သူ့အတွက်တော့ ရေခဲသေတ္တာဟာတကယ့်ကို အေးလွန်း တဲ့နေရာပါပဲ။ အအေးဓာတ်ဟာအာလူး ထဲမှာရှိတဲ့ ကစီဓာတ်တွေကို ပျက်စီး သွားစေနိုင်သလို စေးပျစ်တယ်ဆိုတဲ့ အာလူးရဲ့ ဂုဏ်သတ္တာကို ထိခိုက်စေပါ တယ်။ ဒါတွေအပြင် သူဟာကစီဓာတ်ကနေသကြားဓာတ်အဖြစ်သို့ အလွယ်တကူ ပဲပြောင်းလဲသွားတတ်တာကြောင့် သွေးသကြားထိန်းညှိစားသောက်နေရတဲ့ သူတွေအတွက် တကယ့်ကို သတိထား သင့်တဲ့ အချက်ပါပဲ။

၂။ ကြက်သွန်အဖြူ၊ အနီ
နောက်ထပ် သတိထားရမယ့် အစား အသောက်ကတော့ ကြက်သွန်ပါပဲ။ ကြက်သွန်နီတွေဟာ အပြင်ဘက်မှာထား တာထက်စာရင် ရေခဲသေတ္တာထဲမှာထား တာကပိုပြီးတော့ ပျက်စီးလွယ်ပါတယ်။ ကျွန်မတို့ သတိမထားမိသေးခင် အချိန် မှာပဲ အအေးခန်းထဲက ကြက်သွန်တွေဟာမှိုတွေတက်နေပါလာတယ်။ ဒါကြောင့်ပဲ သူတို့ကို အခန်းအပူချိန် ရနိုင်တဲ့ နေရာမျိုးမှာသာထားသင့်ပါ တယ်။ ဒါပေမဲ့ နေရောင်ခြည်နဲ့ တိုက် ရိုက်ထိတွေ့မှု များတဲ့နေရာမျိုးမဖြစ် အောင်တော့ သတိထားသင့်ပါတယ်။ တကယ်လို့များ ကြက်သွန်ကိုတစ်ခြမ်း လောက်သာသုံးပြီးတော့ ပိုတဲ့တခြမ်းကိုရေခဲသေတ္တာထဲမှာသိမ်းချင်တယ်ဆိုရင်တော့ ပိတ်လို့ရတဲ့ အိတ်ကလေးထဲမှာ ထည့်ပြီးတော့ ဟင်းသီးဟင်းရွက်တွေ ထည့်တဲ့ အကန့်ထဲမှာသာသိမ်းထားသင့် ပါတယ်။ အဲ့ဒီလိုပဲ ကြက်သွန်ဖြူဟာ လည်းအအေးခန်းထဲမှာ မထားသင့် ပါဘူး။ စူးရှရှဖြစ်တဲ့ လတ်ဆတ်တဲ့ ကြက်သွန်ဖြူရဲ့ အရသာကိုထိန်းထားဖို့ အတွက် လေဝင်လေထွက်ရှိပြီးအေးကာ ခြောက်သွေ့တဲ့နေရာက ပိုသင့်တော်ပါ တယ်။ ကြက်သွန်ဖြူဟာခေါင်းကို ဖြတ်လိုက်တာနဲ့ သူရဲ့ အာနိသင်တွေဟာ ပျက်စီးသွားပါတယ်။ ဒါကြောင့်ပဲအခွံ ချွတ်ပြီးသား ကြက်သွန်ဖြူတွေဟာဘယ် လိုနေရာမျိုးမှာထားထား ၁၀ ရက်ထက် ပိုပြီးတော့ မသင့်တော်ဘူးဆိုတာကို သတိချပ်ဖို့ လိုပါတယ်။

၃။ ဖရဲသီး
ဖရဲသီးတွေ၊ သခွားမွှေးသီးလိုမျိုး အရည်ရွှမ်းတဲ့ အသီးတွေရဲ့ အရသာဟာ အခန်းအပူချိန်မှာ ထားခဲ့အခါမျိုးမှာ အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲမှာသူတို့ကိုထားရှိခြင်းဟာအထဲမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကိုအ မြန်ဆုံးပျက်စီးသွားစေတယ်လို့ သုတေ သီတွေကတော့ ဆိုထားကြပါတယ်။ ဒါကြောင့် သူတို့ကိုအခန်းအပူချိန်မှာ လတ်လတ်ဆတ်ဆတ် စားသုံးတာဟာ အထဲမှာပါရှိတဲ့ တန်ဖိုးရှိတဲ့ ဓာတ်တွေကို အပြည့်အဝ ရနိုင်စေပါတယ်။ တကယ်လို့ အသီးတွေကိုခွဲပြီးကျန်နေတဲ့အပိုင်းကိုသိမ်းထားပြီး စားချင်တယ်ဆိုရင် အရွက တွေထုပ်ပိုးတဲ့ တိပ်အကြည်နဲ့ သေချာ ပတ်ထားသင့်သလို ၃ ရက်ထက်ပိုပြီး တော့ မထားဖို့လည်းလေ့လာသူတွေက အကြံပြုထားပါသေးတယ်။

၎။ ပျားရည်
အခန်းအပူချိန်ထဲမှာထားရင် ကြာ ရှည်ခံတတ်တဲ့ အစားအစာမျိုးထဲမှာပျားရည်ကထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမဲ့ သူ့ကိုရေခဲသေတ္တာထဲမှာထား လိုက်ရင်တော့ ဘယ်သူမှ မထင်မှတ်ထား တဲ့ အခြေအနေတွေကိုပြောင်းလဲသွား ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ သူဟာ Crystallize ဖြစ်ပြီးအခဲလေးတွေ အနည်ကျလာပါတယ်။ တဖြည်းဖြည်းနဲ့ သူဟာသိသာတဲ့ အရွယ်အစားကိုရောက် လာပြီး လုံးဝကို အစိုင်အခဲအသွင် ရောက်သွားပါတယ်။ အဲ့ဒီလိုပုံပြောင်း သွားတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ပျားရည်ရဲ့ အရသာကလည်း မနှစ်သက် ဖွယ်ကောင်းတဲ့ဘက်ကိုလုံးဝကို ပြောင်း လဲသွားကာ အာနိသင်တွေပါ ဆုံးရှုံးသွား ပါတယ်။ ဒါကြောင့်ပဲအိမ်မှာ ပျားရည်ကို ထားစားတဲ့သူတွေအနေနဲ့ အလွယ်တကူ ရေခဲသေတ္တာထဲမှာ ထားတတ်တဲ့ အကျင့် ကို ပြင်သင့်ပါတယ်။ မတော်တဆထား မိလို့ ခဲသွားတယ်ဆိုရင်တော့ ပူနွေးထဲ ရေထဲမှာ အသာလေး အပူငွေ့ပေးပြီးမှ သာ ပြန်သုံးသင့်ပါတယ်။

၅။ ပေါင်မုန့်
ဘယ်လိုနေရာမျိုးမှာပဲထားထား အလွယ်တကူ ပျက်စီးလွယ်တတ်တဲ့ အစားအသောက်တွေထဲမှာတော့ ပေါင်မုန့်လည်း ပါဝင်နေပါတယ်။ ရက် ကလေးနည်းနည်း ကြာတာနဲ့ပဲမှိုမတက် ခဲ့ဘူးဆိုရင်တောင်မှ သူရဲ့အရသာဟာ ပြောင်းလဲသွားတတ်ပါတယ်။ တချို့ သူတွေကတော့ ဒီပြဿနာမျိုး မဖြစ် ရလေအောင်၊ မှိုတက်တာမျိုးမဖြစ်အောင် ရေခဲသေတ္တာထဲမှာ ပေါင်မုန့်ကို သိမ်း ဆည်းထားတတ်ပါတယ်။ အဲဒီလိုထည့် ထားတာ ဟာမှိုမတက်အောင် ကူညီပေး နိုင်ပေမယ့် အရသာပြောင်းလဲမသွား အောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ရေခဲ သေတ္တာဟာ ပေါင်မုန့်ကို ခြောက်သွား စေပြီးတော့ အရသာကို ပျက်စီးသွားစေ တတ်တာကြောင့် ကြောင်အိမ် ဒါမှ မဟုတ် ဗီရိုထဲထားတာကသာအသင့် တော်ဆုံး နည်းလမ်းပါပဲ။

၆။ အစေ့အဆန်များ
အစေ့အဆန်တွေကိုရေခဲသေတ္တာထဲမှာထားတာဟာသူတို့အထဲမှာပါရှိတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ် တွေ မကုန်ဆုံးရအောင် ကာကွယ်ပေးနိုင် တဲ့ နည်းလမ်းပါပဲ။ ဒါပေမဲ့လည်း သူတို့ ရဲ့ တစ်မူထူးခြားတဲ့ အရသာတွေဟာ ပြောင်းလဲသွားသလို အတွင်းထဲမှာရှိတဲ့ တခြားအစားအသောက်တွေရဲ့ အနံ့ကို လည်း သူတို့ကိုစုပ်ယူလိုက်ပါတယ်။ ဒါကြောင့် သူတို့ကိုအဖုံးလုံလုံပိတ်လို့ရတဲ့ ပုလင်းတွေ၊ ဘူးတွေထဲမှာထည့်ထား ပြီးတော့ အခန်းအပူချိန်မှာသာ ထားသင့် ပါတယ်။ တကယ်လို့ ထားမိခဲ့တယ်ဆိုရင် လည်း အပူပေးပြီး ပြန်လှော်ပြီးမှ စားသုံး သင့်ပါတယ်။

၇။ ကော်ဖီ

ကော်ဖီသမားတစ်ယောက်ဟာ အ ကောင်းစားကော်ဖီနဲ့ အညံ့ဆုံးကော်ဖီရဲ့ ခြားနားခြင်းကို ကောင်းကောင်းသိပါလိ့မ် မယ်။ အထူးသဖြင့် ရေခဲသေတ္တာထဲက ကော်ဖီကိုသောက်မိတဲ့ အချိန်မျိုးတွေမှာ ပါပဲ။ ကော်ဖီစေ့ ဒါမှမဟုတ် ကော်ဖီမှုန့်ကို အအေးခံလိုက်တဲ့အခါမှာသူတို့မှာ ငွေ့ ရည်ဖွဲ့တာတွေ ဖြစ်ပေါ်လာပြီးတော့ အရသာဆိုးရွားတဲ့ ကော်ဖီတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ပဲကော်ဖီတွေကိုသိမ်းတဲ့အခါ လေလုံတဲ့ပုလင်းထဲ မှာထည့်ပြီးတော့ အခန်းအပူချိန်အတိုင်း သာ ထားရှိသင့်ပါတယ်။

၈။ ခရမ်းချဉ်သီး

အသီးအရွက်အတော်များများဟာရေခဲသေတ္တာထဲမှာထားလိုက်ရင် ပိုသင့် တော်ပေမယ့် ခရမ်းချဉ်သီး အတွက် တော့ ပြင်ပနေရာသာ အကောင်းဆုံး ပါပဲ။ အအေးခန်းထဲက ခရမ်းချဉ်သီးဟာ အရသာပြောင်းလဲသွားသလို အနံ့ ကလည်း ညှီစို့စို့ ဖြစ်လာပါတယ်။ တကယ် လို့များအစိမ်းကို ဝယ်လာမိခဲ့တယ်ဆိုရင် နေရောင်ရတဲ့နေရာမျိုးမှာ ထားသင့်ပါ တယ်။

၉။ ချောကလက် သစ်အယ်သီးခရင်မ်
ဒီလိုမျိုးခရင်မ်ကတော့ ခရက်ကာ၊ ပေါင်မုန့်မီးကင်၊ ပေါင်မုန့်ရိုးရိုး၊ အသီး တွေအပေါ်မှာသုတ်စားရင် တကယ့်ကို ကောင်းမွန်တဲ့ အရသာကိုပေးနိုင်ပါ တယ်။ ဒါပေမဲ့ သူတို့ကိုရေခဲသေတ္တာထဲ မှာထားရင်တော့ ဘယ်အရာရဲ့အပေါ်မှာ မှ သုတ်လို့မရအောင် မာသွားတတ်ပါ တယ်။ ဒါတွေအပြင် သူတို့ရဲ့ ထူးခြားတဲ့ အရသာတွေလည်း ပျက်စီးသွားပါတယ်။ ယေဘုယျအားဖြင့်တော့ အဖုံးမဖွင့်ရ သေးတဲ့ ဒီလိုခရင်မ်ဘူးတွေဟာဗီရိုထဲမှာထားရင် ၂ လလောက်အထိအထားခံပြီး တော့ အဖုံးဖွင့်သုံးလိုက်ရင်တော့ ၁ လလောက်အထိ အထားခံအောင် ထုတ် လုပ်ထားကြပါတယ်။ ဒါကြောင့်ပဲ ရေခဲသေတ္တာထဲမှာ ထားစရာမလိုဘဲ သတ်မှတ်ရက်ကုန်တဲ့အထိ စိတ်ချ လက်ချ စားသုံးလို့ရပါတယ်။

၁၀။ ပန်းသီး
တကယ်လို့ မိတ်ဆွေတို့အနေနဲ့ ပန်းသီးကို အအေးခံထားရတာကို ကြိုက် တယ်ဆိုရင် အအေးခံထားလို့ရပေမယ့် ဒီအတွက် သူ့မှာထူးထူးခြားခြားအာနိ သင်ရှိသွားတာမျိုးတော့ မဖြစ်စေပါဘူး။ အဲ့ဒီအစား အအေးခံထားတာကတော့ ပန်းသီးရဲ့ ကြွပ်တယ်ဆိုတဲ့ အာနိသင် ကတော့ လျော့နည်းမသွားပါဘူး။ ပန်း သီးဟာဒီအတိုင်းပဲ စားပွဲပေါ်ထားရင် တောင်မှ ရက်အတော်ကြာအထားခံပါ တယ်။ ဒါကြောင့်ပဲ ရက်ကြာကြာအထားခံ ဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက်နဲ့တော့ ပန်းသီးကိုရေခဲသေတ္တာမှာ မထားသင့် ပါဘူး။

၁၁။ ထောပတ်သီး
ထောပတ်သီးတစ်လုံးကိုစားဖို့ သင့် တော်တဲ့အချိန်မှာ ဝယ်ဖြစ်လိုက်ဖို့ဆိုတာ က အတော့်ကို စိတ်ဝင်စားစရာ ကိစ္စပါ။ အချိန်မတိုင်ခင် ဝယ်လိုက်တဲ့ ထောပတ် ပြီးဟာ အာလူးအစိမ်းကို ကိုက်စားရတဲ့ အရသာမျိုးကို ပေးနိုင်ပြီး အမှည့်လွန် သွားတဲ့အသီးကတော့ မနှစ်သက်ဖွယ် အရသာတွေကို ဖန်တီးပေးတတ်ပါတယ်။ ဒါကြောင့်ပဲ ဝယ်ထားပြီးတော့ စားဖို့ မသင့်တော်တာတွေကို ရေခဲသေတ္တာထဲ မှာ ထားခြင်းကလည်းအပြည့်အဝကူညီပေးနိုင်မှာမဟုတ်ပါဘူး။

၁၂။ Stone Fruits
Stone Fruits လို့ ဆိုလိုက်လို့ မာ ကျောတဲ့ အသီးတွေလို့တော့ မထင်မှတ် စေချင်ပါဘူး။ ဆီးသီး၊ ဆီးပန်းသီး၊ တရုတ်ဆီးသီး၊ သစ်တော်သီးလိုအသီးမျိုး တွေပါပဲ။ သူတို့ကိုအခန်းအပူချိန်မှာ ထားတာဟာ အကောင်းဆုံးပါပဲ။ စားပွဲ ပေါ်မှာ စက္ကူနဲ့ပတ်ပြီးတော့ ထုပ်ပိုးထား တာ၊ ကြောင်အိမ်ထဲမှာထည့်သိမ်းထား တာကသာသူတို့ရဲ့ အရသာကိုပိုပေါ်လွင် စေပါတယ်။ တကယ်လို့ မှည့်လုလု အသီးကို ဝယ်လာမိတယ်ဆိုရင်တော့ မှိုတက်ပြီးတော့ ပျက်စီးသွားတာမျိုးမဖြစ် ရအောင် ရေခဲသေတ္တာထဲမှာသိမ်းထား နိုင်ပါတယ်။ ဒါပေမဲ့ အရသာကတော့ အပြင်မှာထားတဲ့ အသီးတွေလောက် နှစ်သက်ဖို့ မကောင်းတာကိုခံစားရပါ လိမ့်မယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal