ရေတစ်ပုလင်းဖြင့် အဆီချနည်း

အားကစားခန်းမမှာ တစ်ပတ်တစ်ကြိမ် လေ့ကျင့်ခန်းသွား လုပ်တာထက်စာရင် မိမိအိမ်မှာပဲ နေ့စဉ် လေ့ကျင့်ခန်းတစ်မျိုး ပြုလုပ်တာက ပိုပြီးအသုံးဝင်နိုင်တယ်လို့ တက္ကဆက်ဆေးပညာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။
အခုဖော်ပြမှာကတော့ ရေတစ်ဘူးနဲ့ အချိန် ၁၅ မိနစ်သာ ကြာမယ့် လေ့ကျင့်ခန်းပြုလုပ်နည်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆီတွေလောင်ကျွမ်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်မယ့်အပြင် ခါးနာတာ၊ သားအိမ်ကျွံတာ၊ ဆီး မထိန်းနိုင်တာစတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။
ရေတစ်ဘူးသာလိုတယ်ဆိုလို့ ရေသောက်ရမှာမဟုတ်ဘူး နော်။ ရေတစ်ဘူးကို ခြေထောက်နှစ်ချောင်းကြားညှပ်ပြီး လေ့ ကျင့်ရမှာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်တာကြောင့် ပေါင်နေရာ၊ တင်ပ ဆုံနေရာ၊ ဝမ်းဗိုက်နေရာ၊ ခါးနောက်ကျောနေရာက အဆီလွှာ တွေအားလုံး လျော့ကျသွားပြီး ကြွက်သားသန်မာမှုကို ရရှိနိုင်ပါတယ်။

ပြုလုပ်နည်း


– ရေတစ်ဘူးကိုယူပါ။ ဘူးရဲ့အချင်းကျယ်လေလေ၊ ပိုမိုထိရောက် လေလေပါ။
– ရေဘူးကို ဘောင်းဘီအောက် ပေါင်ခွကြားနေရာမှာ ထားပါ။
– ခြေဖဝါးနှစ်ခုကို ယှဉ်ပြီး စုထားပါ။
– ပေါင်အတွင်းသားနဲ့ ရေဘူးကို ညှစ်လိုက်ပါ။
– ဝမ်းဗိုက်ကို ချပ်ထားပြီး အနည်းငယ် လက်ပြင်ကုန်းလိုက်ပါ။
– ဒူးခေါင်းရဲ့အားကို အသုံးမပြုဘဲ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနဲ့ မှန်မှန်ပြုလုပ်ပါ။
ဒီလေ့ကျင့်ခန်းကို ပေါင်ခွကြားနေရာ၊ ပေါင်အလယ်နေရာနဲ့ ဒူးခေါင်းနေရာစတဲ့ နေရာသုံးနေရာမှာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အောက် ဆုံးနေရာက အခက်ဆုံးမို့လို့ နောက်ဆုံးမှ ပြုလုပ်ပါ။
– ပေါင်ခွကြားနေရာမှာပြုလုပ်ရင် ရေဘူးကို ပေါင်အလယ်အ တွင်းသားနဲ့ ညှစ်ပါ။
– အလယ်နေရာဖြစ်တဲ့ ပေါင်နဲ့ ဒူးခေါင်းကြားနေရာက ရေဘူး ကိုလည်း ပေါင်အတွင်းသားနဲ့ပဲ ညှစ်ပါ။
– ဒူးခေါင်းနှစ်ခုကြားနေရာက ရေဘူးကိုတော့ ဒူးလေခါင်းအားနဲ့ ညှစ်ပါ။

လှပတ္တမြား

Post Author: Good Health Journal