ရေနံဂျယ်လီ Makeup Hacks

ရေနံဂျယ်လီဆိုတာ အသုံးပြုဖူးသူတိုင်း သူရဲ့ကောင်း ကျိုးတွေ၊ အသုံးဝင်ပုံတွေကို အတော်များများသိကြမှာပါ။ ရေ နံဂျယ်လီက တချို့လေဒီတို့အတွက်ဆို မရှိမဖြစ်ဆိုသလောက် ထိ အရေးပါတဲ့ အလှကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီရေနံဂျယ်လီကို အသုံးပြုပြီး ဘယ်လို Makeup Hacks တွေ ပြုလုပ်နိုင်သေးလဲဆိုတာကို ရေးပေးလိုက်ပါတယ်။

Makeup Hacks

(၁) နှုတ်ခမ်းမခြောက်အောင်ကာကွယ်နိုင်တယ်
ဒီနေ့ခေတ်မှာ ပေါ်ပြူလာဖြစ်တဲ့ Matte ပုံစံ နှုတ်ခမ်းနီ တွေဟာ နှုတ်ခမ်းသားကို ခြောက်သွားစေတတ်ပါတယ်။ ဒီအခါ နှုတ်ခမ်းမှာ အက်ကွဲအကြောင်းတွေဖြစ်လာပြီး ကြည့်ရဆိုးစေ မှာပါ။ ဒီလိုမဖြစ်အောင် ရေနံဂျယ်လီကို နှုတ်ခမ်းပေါ် ခပ်ပါးပါး အရင်ဆုံးလိမ်းပေးပါ။ ပြီးမှ အပေါ်ကနေ Matte နှုတ်ခမ်းနီ ဆိုးပါ။ နှုတ်ခမ်းသားမခြောက်စေဘဲ တစ်နေ့တာလုံး လှနေစေ မှာပါ။ နှုတ်ခမ်းနီရဲ့ အရောင်ကိုလည်း မပျောက်သွားစေပါဘူး။ Tint နှုတ်ခမ်းနီတွေမဆိုးခင်မှာလည်း ရေနံဂျယ်လီကို လိမ်း ပေးတာက နှုတ်ခမ်းခြောက်တာကို ကာကွယ်နိုင်ပါတယ်။

(၂) Glitter အိုင်းရှဲဒိုး Base အဖြစ် အသုံးပြုနိုင်တယ်
ရေနံဂျယ်လီကို Glitter ပါတဲ့ အိုင်းရှဲဒိုးတွေမခြယ်ခင် မျက်ခွံပေါ်မှာ ခပ်ပါးပါးတစ်ထပ်ခြယ်ပေးပါက Glitter အိုင်းရှဲ ဒိုးတွေကို မျက်ခွံပေါ်မှာ တာရှည်ကပ်နေစေပါတယ်။ နောက်ပြီးEDM ပွဲတွေဖြစ်ဖြစ်၊ ညဘက်အပြင်ထွက်ရင်ဖြစ်ဖြစ် အလက် မှုန်တွေ အရေပြားပေါ်မှာ ကပ်တင်နေစေဖို့ ရေနံဂျယ်လီကို ခံ လိမ်းလို့ ရပါတယ်။

(၃) လက်သည်းတွေကိုအားဖြည့်ပေးတယ်
လက်သည်းနီဆိုးဆေးတွေကြောင့် ပျက်စီးသွားတဲ့ လက် သည်း၊ ခြေသည်းတွေကို ညအိပ်ရာဝင်ခါနီးတိုင်း ရေနံဂျယ်လီ လိမ်းအိပ်ပေးပါ။ ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေ၊ ဆိုးဆေးတွေ ကြောင့် အဝါရောင်သန်းနေတဲ့ လက်သည်း၊ ခြေသည်းတွေကို ပြန်လည်ကောင်းမွန်သွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

(၄) မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုနိုင်တယ်
မိတ်ကပ်ဖျက်ဆေးရည် ကုန်နေလို့စိတ်မပူပါနဲ့။ ရေနံဂျယ် လီကို မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ဝါဂွမ်း Cotton Pads တွေနဲ့ ရေနံဂျယ်လီကိုအသုံးပြုပြီး ဖျက်ချင်တဲ့ အိုင်းရှဲဒိုး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ စတာတွေကို အသာအယာ ဖျက်ပစ်နိုင်ပါတယ်။ ပြောင်စင်အောင်ဖျက်ပြီးရင်တော့ မျက်နှာ သစ်ဆေးနဲ့ တစ်ကျော့ပြန်ပြီး မျက်နှာသစ်ပေးပါ။

(၅) ဆံသားခြောက်တာကိုသက်သာစေတယ်
ဆံသားအဖျားနှစ်ခွဖြစ်တာ၊ ခြောက်တာတွေအတွက် လည်း ရေနံဂျယ်လီကို ဆံသားလိမ်းတဲ့အဆီတစ်မျိုးမျိုးနဲ့ ရော ပြီး လိမ်းပေးနိုင်ပါတယ်။ ဆံသားခြောက်ပြီး ဖြီးရခက်တာတွေ ကို ဖြေရှင်းနိုင်ပါတယ်။

Darliko

Post Author: Good Health Journal