ရေမဆေးဘဲ ချက်ပြုတ်စားသင့်သော အစားအစာများ

ကျွန်မတို့က အစားအစာတွေကို ရေသေချာဆေးပြီးမှသာ စားသင့်တယ်လို့ ငယ် ငယ်ကတည်းက သင်ကြားခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအကျင့်က တစ်ခါတလေမှာ ကောင်းတာထက်အဆိုးက ပိုများသွားနိုင်ပါတယ်။ တချို့အစားအစာတွေဟာ ဆေး ကြောလိုက်တာကြောင့် ဘက်တီးရီးယားပိုးမွှားတွေ ပျံ့နှံ့သွားနိုင်ပြီး ရောဂါကူးစက် နိုင်ပါတယ်။ အောက်ပါအစားအစာတွေဟာ ရေမဆေးဘဲ ချက်ပြုတ်သင့်တဲ့အစားအစာတွေဖြစ်ပါတယ်။

ကြက်ဥ
ကြက်ဥအကာမှာ ဘက်တီးရီးယား တွေ ပျံ့နှံ့မှုမရှိအောင် ကာကွယ်ဖို့အတွက် အထူးပစ္စည်းတွေပါဝင်ပါတယ်။ ရေဆေး လိုက်တာကြောင့် ဒီပစ္စည်းတွေကို ဖျက်ဆီး လိုက်သလိုဖြစ်သွားတဲ့အတွက် ကြက်ဥကို မချက်ပြုတ်ခင်မှာ ရေမဆေးချလိုက်ပါနဲ့။

ကြက်သား
ကြက်သားအစိမ်းပေါ်က ဘက်တီးရီး ယားတွေကလည်း ကျန်းမာရေးအတွက် အ လွန်အန္တရာယ်များပါတယ်။ များသောအား ဖြင့် ဆယ်လ်မိုနဲလားလို့ခေါ်တဲ့ ဘက်တီးရီး ယားတွေ ရှိနေတတ်ပါတယ်။ ကြက်သားကို မချက်ခင်မှာ ဆေးကြောလိုက်တဲ့အတွက် ဘက်တီးရီးယားတွေ ကင်းစင်သွားမယ်လို့ လူအများစုထင်နေကြတာက မှားယွင်းနေပါတယ်။ ကြက်သားကို ရေဆေးကြော လိုက်တဲ့အတွက် ကြက်သားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေက သင့်လက်နဲ့ပန်းကန် ဆေးဇလုံထဲကို ပျံ့နှံ့သွားပြီး သင့်ဆီကို ရောဂါပိုးကူးစက်နိုင်ပါတယ်။
ဈေးကဝယ်လာတဲ့ကြက်သားကို တိုက်ရိုက်ချက်ပြုတ်လိုက်တာက ဘက်တီးရီး ယားတွေကို သေစေနိုင်ပါတယ်။ ကြက်သားကို နှစ်ခါပြုတ်ပြီးမှ ချက်တာက အ ကောင်းဆုံးလို့ စားဖိုမှူးတွေက အကြံပေးထားပါတယ်။ ပထမတစ်ကြိမ်ပြုတ်ပြီးတဲ့ အရည်တွေကို သွန်ပစ်ပြီးမှ နောက်တစ်ကြိမ် ပြန်ချက်ပါ။

အသားများ
ကြက်သားလိုမျိုးပဲ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ သိုးသားတွေကိုလည်း ရေနဲ့ မဆေးကြောသင့်ပါဘူး။ ရေဆေးကြောလိုက် တာကြောင့် အဲဒီအသားပေါ်မှာရှိတဲ့ ဘက် တီးရီးယားတွေက သင့်လက်နဲ့ပန်းကန်ဆေး ဇလုံထဲကို ပျံ့နှံ့သွားပြီး သင့်ဆီကို ရောဂါပိုးကူးစက်နိုင်ပါတယ်။
အဲဒီအသားတွေကို မချက်ခင်မှာ အသားမျက်နှာပြင်ပေါ်မှ အသားကထွက်လာ တဲ့အရည်တွေ ကုန်စင်အောင် သန့်စင်တဲ့လက်သုတ်ပဝါနဲ့ သုတ်လိုက်ပါ။ ပြီးမှ သင့် လက်ကို ဆပ်ပြာ၊ ရေနွေးနဲ့ဆေးကြောလိုက်ပါ။

ပါစတာ
ပါစတာခေါ်တဲ့ ခေါက်ဆွဲတစ်မျိုးကို ရေ ဆေးကြောပြီး မချက်ပြုတ်သင့်ပါဘူး။ ရေ ဆေးလိုက်တာကြောင့် အပေါ်ကကစီဓာတ် တွေကုန်စင်သွားနိုင်ပါတယ်။ ဒီကစီဓာတ် တွေက ပါစတာအရသာရှိဖို့အတွက် ဟင်း အနှစ်တွေကိုစုပ်ယူဖို့ ကူညီပေးနိုင်ပါတယ်။

မှို
မှိုတွေကို ရေနဲ့အကြာကြီးစိမ်ပြီး မ ဆေးကြောသင့်ပါဘူး။ သူတို့က ရေဓာတ်ကို စုပ်ယူနိုင်စွမ်း မြန်ဆန်လို့ပါ။ ရေဆေးချင်ရင် မြန်မြန်ဆေးကြောပြီး တစ်ရှူးသန့်သန့်နဲ့ ခြောက်သွေ့အောင် ပြန်လည်သုတ်လိုက်ပါ။ ချက်ခါနီးမှပြုလုပ်ရမှာဖြစ်ပါတယ်။ အဲဒီလို မဟုတ်ရင် မှိုက တင်းတင်းရင်းရင်းမရှိတော့ ဘဲ ဖွယ်တယ်တယ်ကြီး ဖြစ်သွားနိုင်ပါတယ်။
ရေဆေးပြီးမှသာ စားသုံးသင့်သောအစားအစာများ

အောက်ပါအစားအစာတွေကိုတော့ ရေဆေးပြီးမှသာ စားသုံးသင့်ပါတယ်။
အခွံပါစားသုံးနိုင်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

သင့်အနေနဲ့ ဒီအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက သန့်ရှင်းတောက်ပြောင် နေတာတွေ့ရလို့ ရေဆေးဖို့ မလိုအပ်တော့ဘူးလို့ မထင်လိုက်ပါနဲ့။ ရေနဲ့ ဆေးကို ဆေးကြောရမှာဖြစ်ပါတယ်။
ဆပ်ပြာအသုံးပြုစရာမလိုပါဘူး။ ရေအေးနဲ့ ဆေးကြောပြီးနောက်ပိုင်းမှာ တစ်ရှူး စက္ကူနဲ့ ခြောက်အောင် သုတ်လိုက်ပြီးမှ စားသုံးပါ။

စည်သွပ်ဘူးအတွင်းမှ အစားအစာများ

စည်သွပ်ဘူးတွေကို အဖုံးဖုံးထားတဲ့အတွက် ဘက်တီးရီးယားတွေက အထဲကို မဝင်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ စည်သွပ်ဘူးတွေ မဖွင့်ခင်မှာ ဘူးကို မဖြစ်မနေ ရေ ဆေးကြောရမှာဖြစ်ပါတယ်။

အခွံခွာပြီးမှသာ စားသုံးနိုင်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

ဒီအသီးအနှံတွေရဲ့ အခွံတွေကို သင် ဘယ်လိုပဲ သန့်ရှင်းအောင် ဖယ်ရှားထားပေ မယ့် ရေမဆေးရင် အဲဒီအခွံက ဘက်တီးရီးယားတွေက အသီးအနှံထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီး၊ ဖရဲသီးလိုမျိုး အခွံနွှာပြီးမှ စားရတဲ့ အသီးအနှံတွေကို မစားသုံးခင်မှာ ရေနဲ့ စင်ကြယ်အောင် ဆေးကြောရပါမယ်။

အခွံမာသီး

အခွံမာသီးတွေကိုတော့ (သူတို့ကို အခွံနွှာထားရင်တောင်မှ)အမြဲတမ်းဆေးကြော သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကို ဘယ်လိုသယ်ယူပို့ဆောင်ထားတယ်၊ ထားသိုသိမ်းဆည်းထားတယ်ဆိုတာကို မသိနိုင်တာကြောင့်ပါ။ ဒါ့အပြင် ရေဆေးကြော တာကြောင့် အခွံမာသီးမှာ ပါဝင်တဲ့ ဖိုက်တစ်အက်စစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီအက်စစ်က အခွံမာသီးတွေကို ကပ်ပါးပိုးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပေမယ့် လူကိုလည်း ဒုက္ခပေးနိုင်ပါတယ်။
သစ်သီးခြောက်များ

သစ်သီးခြောက်တွေက အညစ်ပတ်ဆုံးအစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ အထူးသဖြင့် အလေးချိန်နဲ့ ရောင်းတဲ့ သစ်သီးခြောက်တွေပါ။ အခြောက်လှန်းစဉ်က ဖုန်တွေ၊ အညစ်အကြေးတွေ ငြိတွယ်နေနိုင်ပြီး အဲဒီဖုန်တွေကို မျက်စိနဲ့ မမြင်ရနိုင်ပါ ဘူး။ သင့်အနေနဲ့ သေချာထုပ်ပိုးထားတဲ့သစ်သီးခြောက်တွေကို ဝယ်စားရင်တောင်မှ မစားသုံးခင်မှာ ရေစိမ်ပြီး ဆေးကြောသင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal