ရေအကျိုး ၁၄ ပါး

ရေလှူဒါန်းတာကြောင့် အသက်ရှည်တာ၊ အဆင်းလှတာ၊ အနာရောဂါကင်း ရှင်းတာ အစရှိတဲ့ ရေအကျိုးဟာ ၁၀ ပါးရှိတယ်ဆိုတာတော့ လူတိုင်း သိရှိပြီးသားဖြစ်ပါတယ်။ ကျန်းမာရေးအတွက်မှာမူ ရေရဲ့ အကျိုးကျေးဇူးက ၁၀ ပါးမကလှပါဘူး။ ရေဟာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ညီညွတ်မျှတမှုရှိအောင်၊ ထိန်းချုပ်ပေးတာ၊ ခန္ဓာကိုယ်ကျန်းမာစေတာ၊ ဦးနှောက်လုပ်ငန်းဆောင်တာ ကောင်းမွန်စေတာတွေအပြင် အဆီလောင်ကျွမ်းဖို့လည်း ကူညီပေးပါတယ်။ ရေဟာ ဇီဝရုပ်ဖြစ်စဉ်နဲ့ ကိုယ်ခန္ဓာအလေးချိန်ကျဆင်းမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။ အောက်ပါတို့ဟာ ရေကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုး ၁၄ မျိုးဖြစ်ပါတယ်။
………
၁။ စွမ်းအင်မြှင့်တင်နိုင်ခြင်း
ခန္ဓာကိုယ်မှာ ရေဓာတ်ချို့တဲ့နေရင် ပင်ပန်းသလို ခံစားရပြီး အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းသွားပါတယ်။ ရေသောက်လိုက်တာကြောင့် နှလုံးက သွေးညှစ်ထုတ်နိုင်စွမ်း ပိုမိုကောင်းမွန်တဲ့အတွက် သင့်ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေထဲ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေဟာ သွေးကနေတစ်ဆင့် ရောက်ရှိသွားပါတယ်။ ဒါကြောင့် ရေသောက်တာက သင့်ကို အာရုံစူးစိုက်မှုပိုမိုကောင်းမွန်စေတာ၊ တွေးခေါ်နိုင်စွမ်း မြင့်မားစေတာနဲ့ တက်တက်ကြွကြွရှိတာတွေကြောင့် အလုပ်လုပ်နိုင်စွမ်း ပိုမိုကောင်း မွန်လာနိုင်ပါတယ်။

၂။ ကြွက်သားနှင့်အဆစ် သန်မာစေခြင်း
ရေသောက်တာက ကြွက်မတက်အောင် ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်တွင်းက အဆစ်တွေမှာ ချောဆီ ပိုမိုထွက်ရှိနိုင်ပါတယ်။

၃။ ခုခံအားစနစ်မြင့်တက်နိုင်ခြင်း
ရေများများသောက်တာကြောင့် တုပ်ကွေးရောဂါနဲ့ တခြားရောဂါတွေဖြစ်တဲ့ နှလုံးတိုက်ခိုက်ခံရတာ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ အူပြဿနာနဲ့ အဆစ်ရောင် ရောဂါတွေကို တွန်းလှန်နိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။ အ ကျိုးကျေးဇူးပိုမိုကောင်းမွန်အောင် ရေထဲမှာ ရှောက်သီးတစ်ကွင်းလောက် ထည့်သောက်ပေးပါ။

၎။ ကျောက်ကပ်ကျောက်တည်နိုင်ခြေ လျော့နည်းခြင်း
ကျောက်ကပ်ကျောက်တည်ရတဲ့အကြောင်းရင်းတွေထဲမှာ ရေသောက်နည်းတာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ရေဟာ ကျောက်ကပ်အတွင်း ကျောက်ဖြစ်စေနိုင်တဲ့ ဆားနဲ့ သတ္တုဓာတ်တွေကို အားပျော့စေတာကြောင့်ပါ။

၅။ ကယ်လိုရီထိန်းချုပ်နိုင်ခြင်း
အ၀လွန်တာကြောင့် ကျန်းမာရေးပြဿနာအများအပြားဖြစ်နိုင်ပါတယ်။ ရေသောက်များတာကြောင့် ဇီဝရုပ်ဖြစ်ပျက်နှုန်း ကောင်းမွန်လာတဲ့အပြင် ဗိုက်ပြည့်တင်း မှုကိုလည်း ရရှိစေနိုင်တဲ့အတွက် ကိုယ်အလေးချိန် ကျဆင်းဖို့ ကူညီနိုင်ပါတယ်။

၆။ ဆံပင်တောက်ပြောင်နိုင်ခြင်း
ဆံသားတွေ တောက်ပပြီး အသားအရေစိုပြည်စေကာ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေကတော့ မရှိမဖြစ်လိုအပ်ပါတယ်။

၇။ စိတ်ခံစားမှုကောင်းမွန်နိုင်ခြင်း
သင့်ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်က အကောင်းဆုံးဖြစ်နေရင် သင့်အနေနဲ့ လည်း စိတ်ခံစားချက်ကောင်းမွန်ပြီး ပျော်ရွှင်နိုင်ပါလိမ့်မယ်။

၈။ အသားအရေကောင်းမွန်ခြင်း
ရေဟာ အရေပြားကို အစိုဓာတ်ပေးနိုင်တာ၊ လန်းဆန်းစေတာ၊ ပျော့ပျောင်းပြီး တောက်ပြောင်လင်းလက်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အရေးကြောင်းတွေကိုလည်း လျော့ကျစေတာမို့ အရွယ်တင်နုပျိုလိုရင် ရေသာ များများသောက်ပေးပါ။

၉။ အဆိပ်အတောက်များကို ဖယ်ရှားနိုင်ခြင်း
ရေသောက်တာကြောင့် အဆိပ်အတောက်တွေက ချွေးနဲ့ ဆီးမှတစ်ဆင့် ထွက်ရှိ သွားနိုင်တဲ့အတွက် ကျောက်ကပ်ကျောက်တည်တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာ တွေ မဖြစ်အောင်လည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၁၀။ အအေးမိရောဂါကာကွယ်နိုင်ခြင်း
သင့်လက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး ပုံမှန်ဆေးကြောတာက ဖျားနာစေနိုင်တဲ့ ရောဂါပိုးမွှားတွေ သင့်ထံမ၀င်အောင် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါတယ်။ လက်ဆေးပြီးရင်တော့ လက်အခြောက်ခံဖို့ မမေ့ပါနဲ့။ လက်စိုနေတာက ဘက်တီးရီး ယားပိုးတွေ ပြန့်ပွားနှုန်းမြင့်တက်နိုင်တာကြောင့်ပါ။ သင်ဟာ အခြောက်ခံစက်နဲ့ သင့် လက်ကို အခြောက်ခံခဲ့ရင် လက်နှစ်ဖက်ကို အချင်းချင်းမပွတ်ပါနဲ့။ ဒီလိုလုပ်တာက ဘက်တီးရီးယား ပေါက်ဖွားနှုန်းတွေ မြင့်တက်နိုင်တယ်လို့ လေ့လာမှုတွေအရ တွေ့ရှိ ထားတာကြောင့်ပါ။

၁၁။ ရောဂါပိုး တွန်းလှန်နိုင်ခြင်း
အရောင်စုံတဲ့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစိမ်းအတိုင်း စားတာ က သင့်ဆဲလ်တွေမှာ ရေဓာတ်ပြည့်ဝဖို့ အကောင်းဆုံးအနေအထားဖြစ်တယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ်။ သခွားသီး၊ သင်္ဘောသီးနဲ့ ဖရဲသီးလိုမျိုး ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့အစားအစာတွေက ဆဲလ်အတွင်း ရေဓာတ်တွေ ပြည့်ဝ စေတဲ့အပြင် ဆဲလ်တွေကို အကာအကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ကျန်း မာရေး ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တွေပါ ပါဝင်တဲ့အတွက် မဖြစ်မနေ စားသုံးသင့် တဲ့အစားအစာတွေပါ။

၁၂။ လည်ချောင်းနာ သက်သာစေခြင်း
လည်ချောင်းထဲမှာ ရှတတနဲ့ နာကျင်နေခဲ့ရင် ဆားရည်နဲ့ ပလုတ်ကျင်းပါ။ လက် ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ဆားကို ရေတစ်ဖန်ခွက်ထဲ ပျော်အောင် မွှေပြီး အာ လုတ်ကျင်းပေးပါ။

၁၃။ ကြွက်သားထုအတွက် လောင်စာအဖြစ် အသုံးဝင်ခြင်း
အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်တာကြောင့် ကြွက်သား ထဲမှ ရေတွေ ဆုံးရှုံးသွားတတ်ပါတယ်။ ကြွက်သားထဲမှာ ရေလုံလုံလောက်လောက် မရှိရင် ကြွက်သားနာကျင်နိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ရာမှာ စွမ်းအင်ရရှိ အောင် ရေသောက်ပေးပါ။

၁၄။ အရက်နာကျမှုကို ကူညီနိုင်ခြင်း
အရက်နာကျသမားတွေအတွက် ရေတစ်ခွက်သောက်လိုက်တာက ခန္ဓာကိုယ်အ တွင်း ရေဓာတ်ပြန်လည်ပြည့်ဝလာနိုင်ပြီး ခေါင်းကိုက်ဝေဒနာ သက်သာလာနိုင်ပါတယ်။
……
ရေဘယ်လောက်ပမာဏသောက်ရမလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူ ညီနိုင်ပါဘူး။ လှုပ်ရှားမှု အနည်းအများ၊ အသက်အရွယ်၊ ပတ်ဝန်းကျင်ရဲ့ အပူချိန်အနေအထား၊ ကော်ဖီ လက်ဖက်ရည်နဲ့ ရေဓာတ်များတဲ့အစားအစာ စားသုံးမှုတွေပေါ်မှာ မူတည်သွားပါတယ်။

ရေသောက်များအောင် အောက်ပါတို့ကို လိုက်နာပါ။

မနက်အိပ်ရာထထချင်း ရေတစ်ခွက်သောက်ပါ။ ဖြစ်နိုင်ရင် ရှောက်သီးအနည်း ငယ်ညှစ်ထားတဲ့ ရေနွေးကို သောက်ပေးပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ် စတင်ဖို့ ကူညီနိုင်ပါတယ်။

ထမင်းမစားခင် မိနစ် ၂၀ အလိုမှ ရေတစ်ဖန်ခွက်သောက်ပါ။ အစာစားချင်စိတ် ကို ထိန်းချုပ်နိုင်ပြီး အစာစားတဲ့ပမာဏ လျော့နည်းသွားနိုင်ပါတယ်။

သွားလေရာမှာ ရေဘူးသယ်ဆောင်သွားပါ။

ဇီဝရုပ်ဖြစ်စဉ် မြန်အောင်နဲ့ အဆီလောင်ကျွမ်းမှု မြန်ဆန်အောင် ရေခဲရေသောက်ပါ။

သင်သောက်မယ့်ရေထဲကို သံပရာသီးစိတ်နဲ့ ချင်းအနည်းငယ် ထည့်ပေးတာက ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်ပါတယ်။

တစ်နေ့တာလုံးအတွက် အနည်းဆုံး ရေ ရှစ်ဖန်ခွက်သောက်ပေးပါ။

ရေဓာတ်ပါဝင်မှုများပြားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို ပိုမိုစားသုံးပါ။

အိမ်သာသွားပြီးတိုင်း ရေတစ်ဖန်ခွက် ပြန်သောက်ဖို့ မမေ့ပါနဲ့။

ဒီနည်းအတိုင်းသာ ရေသောက်နိုင်ခဲ့ရင် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကိုယ်အလေးချိန် သုံးပေါင်လောက် လျော့ကျသွားနိုင်ပါလိမ့်မယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *