ရောဂါကင်းရှင်းသူတို့ ပိုင်ဆိုင်ထားသော အားသာချက်များ

လူတစ်ယောက်ရဲ့ အကျင့်စရိုက်က သူရဲ့အားသာချက်လည်း ဖြစ်နေတတ်ပါ တယ်။ ကျွန်မတို့ကိုယ်စီတိုင်းမှာ အား သာချက်တွေ ရှိကြသလို အားနည်းချက် တွေလည်း အသီးသီးရှိကြပါတယ်။ အား သာချက်တွေကို ကောင်းမွန်စွာ အသုံး ချနိုင်ပြီး အားနည်းချက်တွေကို ပြုပြင်ယူ မယ်ဆိုရင် ဘယ်လိုအကြောင်းကိစ္စရပ်တိုင်းအတွက်မဆို ကောင်းမွန်နေမှာပါ။ အထူးသဖြင့် မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ တစ်ဦးဦးက တခြားသူတွေထက်ကိုပိုပြီး ကျန်းမာနေတယ်ဆိုရင် သူ့မှာကောင်း မွန်တဲ့ အားသာချက်တွေ ရှိနေတာ ကြောင့်ပါ။ မိမိမှာမရှိသေးရင် ကျင့်ယူလို့ ရပါတယ်။ အလေ့အကျင့်ဖြစ်သွားအောင် ကျင့်ယူသင့်တဲ့ အလေ့အကျင့်တွေက ဘာတွေများဖြစ်မလဲဆိုတာ ဖတ်ရှုကြည့် စေချင်ပါတယ်။

အင်တီအောက်ဆီးဒင့်တွေ စားသုံးတယ်
အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ ဖြစ် ပေါ်နေတဲ့ ဓာတ်တိုးမှုဖြစ်စဉ်တွေကို တားဆီးပေးပါတယ်။ ဓာတ်တိုးမှုဖြစ်စဉ် တွေက အသက်အရွယ်ကို အိုမင်းရင့်ရော် စေပါတယ်။ အရောင်စုံတဲ့ အသီးအရွက် တွေဖြစ်တဲ့ ဘယ်ရီသီး၊ မုန်လာဥနီ၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ ရွှေဖရုံ သီးနဲ့ ခရမ်းချဉ်သီးတွေကနေ အင်တီ အောက်ဆီးဒင့်ကို ရရှိနိုင်ပါတယ်။ သင့် တင့် မျှတတဲ့အာဟာရကို စားသုံးတာ ကြောင့် ကင်ဆာ၊ နှလုံး စတဲ့ရောဂါတွေ ဖြစ်ပွားမှုကနေလည်း ကာကွယ်နိုင်ပါ တယ်။

သံလွင်ဆီ ထည့်ချက်တယ်
သံလွင်ဆီမှာ မိုနိုမပြည့်ဝဆီပါဝင်ပြီး ဦးနှောက်မှတ်ဉာဏ်အတွက် များစွာ အကျိုးရှိပါတယ်။ သံလွင်ဆီထဲမှာပါဝင် တဲ့ ဒြပ်ပေါင်းတစ်မျိုးက စတီးရွိုက် မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ လိုပဲ ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ လေ့လာမှုတွေအရ သံလွင်ဆီမှာ ခန္ဓာ ကိုယ်တွင်း ကောင်းတဲ့အဆီဓာတ်ကို များစေပြီး သွေးကြောနံရံတွေမှာ အဆီ တွေကပ်တင်မှုကို လျော့နည်းစေလို့ သွေးကြောအဆီခဲ ပိတ်ဆို့နိုင်ခြေကို လျော့နည်းစေပါတယ်။

ဘယ်ရီသီးတွေ စားသုံးတယ်
ဘယ်ရီသီးတွေဖြစ်တဲ့ စတော် ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးနဲ့ ခရင်မ် ဘယ်ရီသီး စတာတွေမှာ အင်တီအောက် ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ အစွမ်း ထက် ပိုလီဖီနောက ကင်ဆာနဲ့ ဦးနှောက် တွင်း ဆဲလ်တွေ ပျက်စီးမှုတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။

တစ်ပတ်ကို ငါးနှစ်ကြိမ်၊ သုံးကြိမ် စားတယ်
အသားတွေစားတာထက် တူနာငါး နဲ့ ဆယ်လ်မွန်ငါးတွေ စားတာက ကျန်း မာရေးအတွက် ပိုမိုအကျိုးများပါတယ်။ ငါးမှာပါဝင်တဲ့ DHA, EPA တွေက ဦး နှောက်နဲ့ အာရုံကြောအဖွဲ့အစည်းအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။ တစ်ပတ်ကို အနည်းဆုံး ငါးတစ်ကြိမ်-နှစ်ကြိမ် စားသုံးပေးပါက သက်ကြီး သတိမေ့ရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ နည်းစေပါတယ်။ ငါးကြီးဆီက သွေးတွင်း မကောင်းတဲ့အဆီကို လျော့နည်းစေပြီး ကောင်းတဲ့ အဆီကိုများစေပါတယ်။ သွေးကြောနံရံတွေ ရောင်ရမ်းမှုကို လျှော့ ချပေးပြီး သွေးခဲဖတ်ပိတ်ဆို့မှုမှ ကာ ကွယ်ပေးပါတယ်။

ပဲအမျိုးမျိုး ပါဝင်အောင် စားသုံးတယ်
အမျှင်ဓာတ် ကြွယ်ဝတဲ့ ပဲအမျိုးမျိုး ကို တစ်ပတ် သုံးကြိမ်-လေးကြိမ် စား ပေးပါ။ အမျှင်ဓာတ်က သွေးဖိအားလျော့ နည်းစေတာ၊ သွေးတွင်းကိုလက်စထရော ကျဆင်းစေတာ၊ ဝမ်းချုပ်တာကို ကာ ကွယ်ပေးတာ၊ အစာချေဖျက်မှုကို ကူညီ ပေးတာ စတဲ့ အာနိသင်တွေ ရှိပါတယ်။ အမျှင်ဓာတ်စားသုံးတာက ဗိုက်ပြည့်တင်း သလို ခံစားရတာကြောင့် အစာပိုစားမိ တာကနေ ဟန့်တားနိုင်လို့ ကိုယ်အလေး ချိန်ကျဆင်းစေပါတယ်။ အသုပ်သုပ်စား တဲ့အခါ၊ စွပ်ပြုတ်သောက်တဲ့အခါ ပဲ ထည့်စားပါ။ ပဲအမျိုးမျိုးကနေ ရရှိတဲ့ ကာဗိုဟိုက်ဒရိတ်က သွေးတွင်းသကြား ဓာတ်ကို တည်ငြိမ်စေတာကြောင့် ဆီး ချိုသွေးချိုရှိသူတွေအနေနဲ့ စားသုံးဖို့ သင့်တော်ပါတယ်။

ဟင်းသီးဟင်းရွက်တွေ စားသုံးတယ်
ဟင်းသီးဟင်းရွက်တွေမှာ အမျှင် ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များ စွာပါဝင်လို့ နာတာရှည်ရောဂါတွေ မဖြစ် ပွားအောင် ကာကွယ်ပေးပါတယ်။ အစိမ်း ရင့်ရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ဗီတာမင် ကေပါဝင်ပြီး အရိုးတွေကို သန် မာစေပါတယ်။ ကန်စွန်းဥ၊ မုန်လာဥနီ စတာတွေမှာ ဗီတာမင် အေပါဝင်လို့ မျက်လုံးနဲ့ အရေပြားကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့အပြင် ပိုး မွှားကူးစက်ဝင်ရောက်တာကိုလည်း ဟန့်တားပေးပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ခရမ်းချဉ်သီးတစ်ကြိမ် ထည့် စားပါက ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်မှု ရှိတဲ့ DNA ပျက်စီးမှုကို ကာကွယ်ပေး တယ်လို့ သိရပါတယ်။

ဂရိလူမျိုးများကဲ့သို့ စားပါ
မြေထဲပင်လယ်ဒေသမှာ နေထိုင်သူ တွေရဲ့ စားသောက်မှုပုံစံက ကျန်းမာရေး အတွက် များစွာအထောက်အကူ ဖြစ်စေ ပါတယ်။ သံလွင်ဆီ၊ ငါး၊ ဟင်းသီးဟင်း ရွက်၊ ကောက်နှံတစ်ခုလုံးကွေကာ၊ ဝိုင်နီ စတာတွေကို စားတဲ့အနပ်တိုင်းမှာ ထည့် စားလေ့ရှိကြပါတယ်။ မြေထဲပင်လယ် ဒေသအစားအစာက နှလုံးကျန်းမာရေး ကို ကောင်းမွန်စေပြီး ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းနိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

အစေ့အဆန်တွေ စားသုံးတယ်
အစေ့အဆန်တွေကနေ ကိုလက် စထရောမပါဝင်ဘဲ ပရိုတင်းနဲ့ အာဟာရ ဓာတ်မျိုးစုံ ရရှိနိုင်ပါတယ်။ ဗာဒံစေ့မှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် အီးပါဝင်ပြီး ဆဲလ်တွေပျက်စီးမှုမှ ကာ ကွယ်ပေးတာနဲ့ ခန္ဓာကိုယ်ခုခံအားစနစ် ကို ကောင်းမွန်စေတာစတဲ့ အာနိသင်တွေ ရှိပါတယ်။ သစ်ချသီးမှာ မပြည့်ဝဆီပါဝင် ပြီး သွေးတွင်းမကောင်းတဲ့ အဆီကို လျှော့ချပေးပြီး ကောင်းတဲ့အဆီကို မြင့် တက်စေပါတယ်။ အစေ့အဆန်တွေ စား သုံးတာက အဆီလုံးဝကင်းရှင်းတာတော့ မဟုတ်ပါဘူး။ ဗာဒံစေ့ ၂၄ စေ့ကနေ ၁၆၀ ကယ်လိုရီကို ရရှိနိုင်ပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းတွေ သောက်သုံးတယ်
ဗီတာမင် ဒီဖြည့်စွက်ထားတဲ့ နွားနို့ ကို သောက်သုံးပါက အရိုးသန်မာဖို့ အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်စုပ်ယူ မှုကို အားပေးပါတယ်။ ဗီတာမင် ဒီက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေတွေကို လျော့နည်းစေပါတယ်။ ဒိန်ချဉ် သောက် သုံးပါက အစာချေဖျက်မှုကို ကောင်း မွန်စေပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ စားသုံးတယ်
ကောက်နှံတစ်ခုလုံးပါဝင်စာကို စား သုံးပါက အမျိုးအစား ၂ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ နည်းစေပါတယ်။ ကောက်နှံတစ်ခုလုံး ပါဝင်စာဖြစ်တဲ့ ပေါင်မုန့်၊ ဆန်လုံးညို၊ ဘာလီ၊ ခေါက်ဆွဲ စတာတွေကို ရွေးချယ် စားသုံးပါ။ ကောက်နှံတစ်ခုလုံး ပါဝင်စာ တွေက အဆင့်ဆင့်ပြုပြင်ထားတဲ့ အစား အစာတွေထက် အာဟာရတန်ဖိုး များစွာ ပါဝင်ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင် စာကနေ အမျှင်ဓာတ်ရရှိလို့ ဝမ်းချုပ်တာ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ထိန်းသိမ်းပါ
ကိုယ်အလေးချိန်ကို ပုံမှန်ထိန်း ထားနိုင်တာကြောင့် အဆစ်တွေပေါ် ဖိအားသက်ရောက်မှုကို လျော့နည်းစေပါ တယ်။ နှလုံးအပေါ်မှာ သက်ရောက်မှုတွေ လျော့နည်းစေတဲ့အပြင် ကင်ဆာဖြစ် ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါ တယ်။ အသက်ကြီးလာတဲ့အခါ ဇီဝရုပ် ဖြစ်ပျက်မှုတွေ လျော့နည်းပြီး ကြွက်သား တွေ ဆုံးရှုံးလာတတ်ပါတယ်။ ပရိုတင်းရ ရှိအောင် အဆီနည်းတဲ့အသား၊ တူနာငါး၊ ပဲအမျိုးမျိုးတွေအပြင် ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ ကောက်နှံ တစ်ခုလုံးကွေကာ၊ သစ်သီး စတာတွေကို လည်း စားသုံးပါ။

ကိုယ်အလေးချိန် အမြဲပုံမှန်ဖြစ်အောင် ထိန်းထားတယ်
အသက်ကြီးလာတဲ့အခါ ကိုယ် အလေးချိန်တက်ဖို့ ခဲယဉ်းလာပါတယ်။ ကိုယ်အလေးချိန်ပုံမှန်အောက် လျော့ နည်းတာက အအေးမိဖျားနာတဲ့အခါ ပျောက်ကင်းဖို့ ခဲယဉ်းတာ၊ ထိခိုက်ဒဏ် ရာတွေရတဲ့အခါ အမြန်ပြန်ကောင်းဖို့ ခက်ခဲတာ စတာတွေ ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းအနပ်ကြီး သုံးနပ်စားသင့်ပြီး တစ် နပ်နဲ့ တစ်နပ်ကြားမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေ သရေစာကို စားသင့်ပါတယ်။ ကိုလက်စထရောတက် စေတဲ့ အစာတွေကို အကန့်အသတ်နဲ့ စားသုံးပါ။
ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal