ရောင်ရမ်းခြင်းကိုသက်သာစေသော အစားအသောက်များ

၁။ သံလွင်ဆီ
သံလွင်ဆီမှာပါဝင်တဲ့ Oleocanthal လို့ခေါ်တဲ့ Chemical ကတော့ ခန္ဓာကိုယ်မှာရောင်ရမ်းတာတွေ သိသိ သာသာလျော့သွားအောင် စွမ်းဆောင်နိုင် ပါတယ်။ သူဟာရောင်ရမ်းတာတွေကို ဖြစ်စေတဲ့ Inflammatory Enzyme န တွေကို ကာကွယ်ဟန့်တားနိုင်ပြီး အကိုက်အခဲပျောက်ဆေးတွေ ဥပမာ Ibuprofen ကပေးတဲ့ အာနိသင်နဲ့ တူတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ နာကျင်မှု၊ ရောင်ရမ်းမှုတစ်စုံတစ်ရာနဲ့ ပတ်သက်တဲ့ ဝေဒနာတွေရှိတဲ့အခါ သံ လွင်ဆီကိုအရွက်တွေပေါ်မှာ ဆမ်းစား တာ၊ အသုပ်လုပ်စားတာမျိုးတွေမှာ ထည့်ပြီးတော့ အသုံးပြုသင့်ပါတယ်။ တစ်ခု သတိထားရမှာကတော့ အရေပြား အတွက် ထုတ်ထားတဲ့ သံလွင်ဆီ မဟုတ် ဘဲစားဖို့ ရည်ရွယ်ပြီးတော့ ထုတ်လုပ် ထားတဲ့ သံလွင်ဆီဖြစ်နေဖို့ပါပဲ။

၂။ နာနတ်သီး
ဒီလိုမျိုးအပူပိုင်းဒေသထွက် အသီး အနှံတစ်ခုဟာအရောင်ကျစေတဲ့ အာနိ သင်ကိုပေးနိုင်တယ်ဆိုတာ သူ့မှာပါရှိတဲ့ Bromelain လို့ ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ကြောင့်လို့ ဆိုပါတယ်။ Bromelain ပါ ဝင်တဲ့ ဖြည့်စွက်ဆေးတွေ၊ အစားအ သောက်တွေဟာ ဒူးဆစ်မှာဖြစ်တတ်တဲ့ နာကျင်မှု၊ ရောင်ရမ်းမှုတွေကိုသက်သာစေတာကြောင့် လေးဖက်နာ၊ အဆစ် အမျက်ရောင် ကိုက်တဲ့သူတွေမှာ အသုံး ပြုလေ့ရှိကြပါတယ်။ ဒါတွေအပြင် တချို့ သွားနာ၊ သွားကိုက်တတ်တဲ့သူတွေ၊ သွား နဲ့ ပတ်သက်ပြီးတော့ အသေးစားခွဲစိတ်မှု ပြုလုပ်ထားတဲ့သူတွေအဖို့လည်း နာနတ် သီးရဲ့Bromelain ဟာ အထောက်အကူ ကောင်းတစ်ခုပါပဲ။

၃။ ပန်းသီး
လူတစ်ယောက် အသက်ရှည်ဖို့ အတွက် တစ်နေ့ကိုပန်းသီးတစ်လုံး စား သင့်တယ်လို့ ပညာရှင်တွေကညွှန်းဆို လေ့ရှိကြပါတယ်။ အဲ့ဒီညွှန်းဆိုချက်ကို ပိုခိုင်မာသွားစေတဲ့ အချက်တစ်ချက် ကတော့ ပန်းသီးရဲ့ အရောင်ကျစေတဲ့ အာနိသင်ပါပဲ။ ပန်းသီးမှာပါဝင်တဲ့ Quercetin ဟာရောင်ရမ်းတာကိုဆန့်ကျင် ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဒါကြောင့် ပန်းသီးဟာ နှလုံးအတွက်တင် ကောင်းရုံမဟုတ်ဘဲခန္ဓာကိုယ်မှာ ဖြစ် ပေါ်တတ်တဲ့ ဖောက်ပြန်မှုတစ်စုံတစ်ရာ ကြောင့်ရလာတဲ့ ရောင်ရမ်းမှုတွေ အတွက်ပါ အကျိုးရှိပါတယ်။

၎။ အခွံမာသီးနှင့် အစေ့အဆန်များ
အခွံမာသီးအမျိုးမျိုးနဲ့ အစေ့ အဆန်တွေမှာ လူတစ်ယောက်ရဲ့ ကျန်း မာရေးကို အထောက်အကူပြုပေးနိုင်တဲ့ Magnesium, L-arginine & Vitamin E န တွေ အများအပြား ပါဝင်နေပြီး သူတို့ ကို ပုံမှန်စားသုံးပေးတာဟာ ခန္ဓာကိုယ်ထဲ မှာရှိတဲ့ ရောင်ရမ်းမှုဖြစ်စေတဲ့ Infla-mmatory Biomarkers တွေကိုလျော့ နည်းသွားစေပါတယ်။ အဆစ်အမျက် ရောင်ရမ်းခြင်းကို အထူးပြုလေ့လာတဲ့ အဖွဲ့အစည်းကတော့ သစ်ကြားသီး၊ မြေပဲ၊ ဗာဒံစေ့၊ Pistachios, Flax seed, နဲ့ Chia seeds တို့ကိုအလျဉ်း သင့်သလို တွဲဖက်စားသုံးပေးဖို့ အကြံပြု ထားကြပါတယ်။

၅။ အစိမ်းရောင် အရွက်များ
ကိုက်လန်၊ မုန်ညင်း၊ ဆလတ်ရွက် အပါအဝင် အစိမ်းရောင် အရွက်ဖားဖား ကြီးတွေမှာ ရောင်ရမ်းတာတွေကို သိသိ သာဆန့်ကျင်ပေးနိုင်တဲ့ Carotenoids တွေ အများကြီးပါဝင်နေပါတယ်။ နေ့စဉ် စားသောက်တဲ့အထဲမှာ ဒီလိုအရွက်မျိုး တွေ တစ်မျိုးမဟုတ် တစ်မျိုးကိုသုပ်စား တာမျိုး၊ ပြုတ်စားတာမျိုးအနေနဲ့ ထည့် ထားပေးရင် ရောင်ရမ်းမှုနဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ကောင်းကောင်းထိန်းချုပ် သွားနိုင်တယ်လို့ သုတေသီတွေက အကြံပြုထားကြပါတယ်။

၆။ အညိုရင့်ရင့် ချောကလက်များ
တခြားချောကလက်တွေနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် အညိုရောင် ချော ကလက်ဟာ အရောင်ကျစေတဲ့ Chemincalsaw G ပါဝင်မှု ပိုများပြီးတော့ ရောင်ရမ်းမှုတွေကို တိုက်ထုတ်နိုင်ပါ တယ်။ အီတလီလူမျိုးတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ အရောင်ရင့်ရင့် ချောကလက်တွေကို ၃ ရက်ခြားတစ်ခါ စားပေးတဲ့သူတွေဟာတခြားသူတွေ ထက်စာရင် ရောင်ရမ်းမှုကိုဖြစ်စေတဲ့ အရာတွေ နည်းပါးတယ်လို့ ဆိုကြပါ တယ်။ အနည်းဆုံးတော့ အညိုရင့်ရင့် ချောကလက်တွေထဲက ၇၀ ရာခိုင်နှုန်း လောက်ဟာ အရောင်ကျဖို့ အကောင်း ဆုံးဖြစ်တယ်ဆိုတာကို သတိမူမိဖို့ပါပဲ။

၇။ ဆန်လုံးညို
ဆန်လုံးညိုအပါအဝင် ကောက်ပဲသီးနှံတွေမှာရောင်ရမ်းတာကို တိုက် ထုတ်ပစ်နိုင်တဲ့ အမျှင်ဓာတ်တွေ အများ ကြီး ပါဝင်နေပါတယ်။ အမျှင်ဓာတ်တွေ ဟာရောင်ရမ်းမှုကို တုံ့ပြန်ဖို့အတွက် အသည်းကနေထုတ်ပေးတဲ့ C-Re-active Protein တွေကိုလျော့နည်းသွား အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပဲဆန်လုံးညိုကို တခြားရောင်ရမ်းမှုကို ကျစေတဲ့ အစားအသောက်တစ်မျိုးမျိုးနဲ့ တွဲစားပေးရင် ကျန်းမာတဲ့လူတစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။

၈။ စပျစ်သီး
စပျစ်သီးတွေမှာပါရှိတဲ့ ကျန်းမာ ရေးအထောက်အကူပြု Chemicals တွေထဲမှာမှ ရောင်ရမ်းတာတွေ သက် သာစေတာကတော့ Resveratrol ပါပဲ။ Resveratrol ဟာ Aspirin ဆေးတွေ လိုပါပဲ ရောင်ရမ်းတာတွေကို သက်သာ စေပြီးအစာအိမ်မှာ ထိခိုက်မှုတစ်စုံတစ် ရာ မဖြစ်စေပါဘူး။ ဒါတွေအပြင် စပျစ် သီးမှာပါရှိတဲ့ Anthocyanins တွေက လည်းရောင်ရမ်းတာ၊ နာကျင်တာတွေ သက်သာစေဖို့ ထိထိရောက်ရောက် ကူညီပေးနိုင်ပါတယ်။

၉။ ချယ်ရီသီး
ချယ်ရီသီးမှာ ပါဝင်တဲ့ Anthoc-yanins တွေဟာတခြားအသီးအနှံတွေမှာပါဝင်တာထက် သိသိသာသာကြီးကို များနေစေပြီးတော့ ရောင်ရမ်းတာတွေ မြန်မြန်သက်သာသွားစေပါတယ်။ အဲ့ဒီ လိုပဲ Raspberries သီးနဲ့ စတော်ဘယ်ရီ သီးတွေကလည်း အလားတူ ပါဝင် ပစ္စည်းတွေ ပါရှိတာကြောင့် ထိရောက်တဲ့ အရောင်ကျစေတဲ့ အသီးအနှံတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။

၁၀။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ
အခွံဖတ် ထူထူအသီးတွေ၊ဥတွေ ထဲမှာမှ ကြက်သွန်ဥတွေဟာ ရောင်ရမ်း တာတွေ အမြန်ဆုံးပျောက်ကင်းစေတဲ့ စားစရာတွေ ဖြစ်နေပါတယ်။ အထူး သဖြင့် ကြက်သွန်ဖြူမှာ အရောင်ကျစေ တဲ့ ဒြပ်ပေါင်းတွေ ပါဝင်မှုမြင့်မားပြီးတော့ ဆာလ်ဖာပါဝင်နှုန်းကလည်း များနေ ပါတယ်။ ဒါတွေဟာခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားအဖွဲ့အစည်းကြီးမှာ အဆင် ပြေချောချောမွေ့မွေ့ အလုပ်လုပ်စေဖို့ ကူညီပေးခြင်းအားဖြင့် ရောင်ရမ်းတာ တွေကို လျော့ပါးသက်သာစေပါတယ်။

၁၁။ လက်ဖက်ခြောက်
လက်ဖက်ခြောက်ကို ရေနွေးမှာ ခတ်သောက်တာပဲဖြစ်ဖြစ်၊ Green Tea ကိုသောက်တာမျိုးပဲဖြစ်ဖြစ် ဘယ်လို Tea မျိုးမဆိုရောင်ရမ်းတာတွေကို သက် သာစေပါတယ်။ လက်ဖက်ရည်မှာပါဝင် တဲ့ Antioxidants နဲ့ Flavonoids တွေဟာဆဲလ်တွေ ပျက်စီးကာဆက်ဖြစ် လာတဲ့ အဆစ်ရောင်တာလိုမျိုး ဝေဒနာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ ကြောင့်ပဲ ရောင်ရမ်းတာကို သက်သာ စေချင်တဲ့သူတွေအဖို့ မနက်ပိုင်းမှာ ကော်ဖီသောက်တာထက်စာရင် ရေနွေး တစ်ခွက်လောက် သောက်ပေးသင့်တယ် လို့ အကြံပြုထားကြပါတယ်။

၁၂။ ပန်းဂေါ်ဖီစိမ်း
Broccoli တွေမှာဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလိတ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်နေပါတယ်။Broccoli မှာ ပါဝင်တဲ့ Sulforaphane တွေဟာသွေးထဲမှာရှိတဲ့ Cytokines တွေကိုလျှော့ချပေးပြီးတော့ ရောင်ရမ်းတာတွေကို သက်သာစေပါ တယ်။ အဲ့ဒီ Sက်ူသမစေ့ညေန တွေကိုပန်း ဂေါ်ဖီစိမ်းအပြင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ကညွတ်တို့မှာလည်း အများ အပြား တွေ့ရတတ်ပါတယ်။

၁၃။ ငါး
ဆယ်လ်မွန်ငါး၊ ထရောက်ငါးတို့လို အဆီဓာတ်ပြည့်ဝတဲ့ငါးတွေဟာ အ ရောင်ကျစေတဲ့ အာနိသင်တွေ မြင့်မား ပါတယ်။ ဒီလိုငါးတွေဟာ ခန္ဓာကိုယ်ကို အကျိုးပြုပေးတဲ့ Omega 3 Fatty Acid တွေ ပါဝင်မှုမြင့်မားတာကြောင့် ဒီလို အာနိသင်မျိုးပေးတယ်လို့ လေ့လာသူ တွေကတညီတညွတ်တည်း ထုတ်ဖော် ပြောကြားထားပါတယ်။ အဲ့ဒီလိုအကျိုးပြု တဲ့ အဆီတွေကို ငါးတွေထဲမှာသာမက ဖရုံစေ့၊ ဗာဒံစေ့တို့လို အစေ့အဆန်တွေ ကနေလည်း ရရှိနိုင်တာကြောင့် သက် သတ်လွတ် စားသုံးသူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။

၁၄။ ပဲပိစပ်
ပဲပိစပ်ကိုစားသုံးတာတွေ များလာ လေလေ၊ ရောင်ရမ်းတာကိုခံစားရနိုင် ခြေတွေကို နည်းသွားလေလေလို့ သု တေသီတို့က အဆိုပြုထားကြပါတယ်။ ဒါပေမဲ့လည်း တစ်ပြိုင်နက်တည်းမှာ ပဲပိစပ်တွေကို အများကြီးစားဖို့၊ ဒါမှမ ဟုတ်လည်း ပဲပိစပ်ကို နေ့တိုင်းစားပေး ဖို့ဟာလွယ်ကူတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါကြောင့်ပဲ ပဲပိစပ်ပါဝင်တဲ့ တခြားအစား အသောက်တွေကို စားပေးပြီး အရောင် ကျစေတဲ့ အာနိသင်ကိုရယူနိုင်ပါတယ်။

၁၅။ မှို
မှိုတွေရဲ့ ထူးခြားချက်တစ်ခုထဲမှာ အရောင်ကျစေတဲ့ အာနိသင်ပါပဲ။ အထူး သဖြင့် ဆဲလ်တွေ မလိုအပ်ဘဲပျက်စီးပြီး ဖြစ်လာတဲ့ ရောင်ရမ်းမှုတွေကိုကာကွယ် နိုင်ဖို့ မှိုထက် ကောင်းမွန်တဲ့ အစားအစာ မရှိဘူးလို့ ဆိုထားပါတယ်။ မှိုမှာပါဝင်တဲ့ Phenols နဲ့ တခြား Anti-oxidants တွေဟာ ရောင်ရမ်းတာတွေကို ဖယ်ရှား ပစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိ ထားရမှာကတော့ မိမိတို့စားလိုက်တဲ့ မှိုဟာအန္တရာယ်မရှိတဲ့ မှိုမျိုးဖြစ်နေဖို့ပါပဲ။

၁၆။ ထောပတ်သီး
ထောပတ်သီးအမှည့်တစ်လုံး၊ တစ်နည်းအားဖြင့်တော့ စားလို့ရလောက် တဲ့ အနေတော် ထောပတ်သီးတစ်လုံး ဝယ်ဖို့ဟာ ခက်ခဲပေမယ့် သူ့ကြောင့်ရ လာနိုင်တဲ့ အကျိုးအမြတ်ကတော့ သိသိ သာသာကို မြင့်မားပါတယ်။ အာဟာရ ဓာတ်တန်ဖိုးတွေ မြင့်မားတဲ့အပြင် သူမှာ ပါဝင်တဲ့ Carotenoids နဲ့ Tocopherols တွေဟာရောင်ရမ်းမှုတွေကို ကာကွယ် ပေးနိုင်ပါတယ်။ ပန်းသီးတစ်လုံးစား သလိုပဲ ထောပတ်သီးတစ်လုံးကလည်း နှလုံးရောဂါကို လျှော့ချပေးနိုင်တာ ကြောင့် ဦးစားပေးစားသုံးသင့်တဲ့ အသီး အနှံအဖြစ် သတ်မှတ်လို့ရပါတယ်။

၁၇။ ပဲအမျိုးမျိုး
Arthritis Foundation ရဲ့ အဆိုအရတော့ ပဲတွေဟာသွေးထဲမှာ တွေ့ရတဲ့ ရောင်ရမ်းမှုအညွှန်း Infla-mmation Indicator တွေကိုလျော့ နည်းစေတဲ့ နည်းလမ်းနဲ့ အရောင်ကျ စေတဲ့ အစားအသောက်တစ်မျိုး ဖြစ် လာတယ်လို့ ဆိုထားပါတယ်။ ပဲအမျိုး မျိုးရှိတဲ့အထဲကမှ အရောင်သက်သာ အောင် ထိထိရောက်ရောက် လုပ်ပေး နိုင်တဲ့ ပဲတွေထဲမှာ ပဲနီပြားနဲ့ ပဲလုံးနီတို့က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal