ရေကျောက်ရောဂါ နှစ်ခါဖြစ်နိုင်ပါသလား

ရေကျောက်ရောဂါဟာ Varicella-zoster ဗိုင်းရပ်စ်ပိုးမွှား ကြောင့် ဖြစ်တာပါ။ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရောဂါအခြေအနေ ဆိုးရွားနိုင်ပါတယ်။ ရောဂါဖြစ်ခါစမှာ ခန္ဓာကိုယ်နောက်ကျော၊ ၀မ်းဗိုက်နဲ့ မျက်နှာနေ ရာမှာ အရည်ကြည်ဖုတွေ စတင်ပေါ်ပေါက်တတ်ပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ ယားယံတာနဲ့ ပူစပ်ပူလောင်ဝေ ဒနာတွေ ခံစားရနိုင်ပါတယ်။ ရေကျောက် ရောဂါဖြစ်သူတွေဟာ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့ မောပန်းတဲ့ဝေဒနာ တွေကိုပါ ခံစားရနိုင်ပါတယ်။

ရေကျောက် ဘယ်လိုကူးစက်တတ်ပါသလဲ
ရေကျောက်ရောဂါဟာ ကူးစက်လွယ်တဲ့ရောဂါဖြစ်တဲ့အ တွက် တစ်ယောက်ကနေ တခြားတစ်ယောက်ကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဥပမာအားဖြင့် –
♦ ရေကျောက်ရောဂါရှိနေသူတစ်ယောက် ရှူထုတ်လိုက်တဲ့ လေကို ရှူရှိုက်မိရင်
♦ ရေကျောက်ပေါက်သူတွေရဲ့ အရည်ကြည်နဲ့ ထိတွေ့မိရင်
♦ အဲဒီအရည်ကြည်တွေကို ကိုင်မိရင်
♦ ရေကျောက်ပေါက်သူတစ်ယောက်ရဲ့ အရည်ကြည်နဲ့ ထိတွေ့ ထားတဲ့ပစ္စည်းတွေကို ကိုင်မိရင်၊ ထိမိရင် ကူးစက်နိုင်ပါတယ်။
ရေကျောက်ရောဂါရှိသူတစ်ယောက်ဟာ အရည်ကြည်ဖု မပေါ်ပေါက်ခင် နှစ်ရက် ဒါမှမဟုတ် အရည်ကြည်ဖု လုံးဝပျောက်ကင်း သွားတဲ့အချိန်အထိ တခြားသူတွေဆီကို ကူးစက်နိုင်ပါတယ်။

ရေကျောက်ရောဂါ နှစ်ခါဖြစ်နိုင်ပါသလား
ဘယ်သူမှ ရေကျောက်ရောဂါ နှစ်ခါမဖြစ်နိုင်ကြပါဘူး။ ရေကျောက်ရောဂါ တစ်ခါ ကူးစက်ခံရပြီးရင် အဲဒီဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတတ်ပါတယ်။ အသက်ကြီးလာတာ ဒါမှမဟုတ် ခုခံအားကျဆင်းလာတာကြောင့် ခန္ဓာကိုယ်အတွင်း ကျန်ရစ်ခဲ့တဲ့ဗိုင်းရပ်စ်ပိုးဟာ ပြန်လည်ရှင်သန်လာနိုင်ပေမယ့် ရေကျောက်ရောဂါက တော့ ပြန်မဖြစ်တော့ပါဘူး။ ရေယုန်ရောဂါပဲ ရရှိနိုင်ပါတယ်။ ရေယုန်ရောဂါဆိုတာက ရေကျောက်နဲ့ ခပ်ဆင် ဆင်ရောဂါဖြစ်ပါတယ်။ သူရဲ့အရည်ကြည်ဖုတွေက ခန္ဓာကိုယ် တစ်ခြမ်း ဒါမှမဟုတ် မျက်နှာတစ်ခြမ်းမှာ ဖြစ်ပေါ်နိုင်ပြီး ရောဂါ ဖြစ်ချိန်က သုံးပတ်ခန့် ကြာမြင့်တတ်ပါတယ်။
ရေကျောက်ဖြစ်ပြီး ကာကွယ်ဆေး ထိုးထားရင် ရေယုန်ရော ဂါကို မကာကွယ်နိုင်ဘူးလို့ သိရပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *