ရေသောက်နည်းသည့်ကလေးများမှာ နေ့စဉ်ကယ်လိုရီ ၁၀၀ ခန့်စားသုံးလေ့ရှိဟုဆို

ရေသောက်နည်းတဲ့ကလေးတွေဟာ တစ်နေ့ကို ကယ်လိုရီ ၁၀၀ နီးပါးစားသုံးလေ့ရှိတတ်တယ်လို့ သုတေသနသစ်တစ် ရပ်မှာဖော်ပြထားပါတယ်။ ရေသောက်နည်းတဲ့ကလေးတွေဟာ အချိုရည်သောက်သုံးရတာကိုစွဲလမ်းလာပါလိမ့်မယ်။ အဲဒီအခါ မှာ ရေသောက်နည်းတာကနေစပြီး ကလေးတွေဟာ အဝလွန် တဲ့ပြဿနာကိုခံစားလာရနိုင်တယ်လို့ ပညာရှင်တွေက ဆိုခဲ့တာ ပါ။ သုတေသီတွေက အသက်နှစ်နှစ်ကနေ ၁၉ နှစ်အတွင်းရှိတဲ့ ကလေးငယ် ၈၄၀၀ ကိုစောင့်ကြည့်လေ့လာခဲ့ကြတာပါ။ အပို ကယ်လိုရီ ၃၅၀၀ ဟာ ကိုယ်အလေးချိန်တစ်ပေါင်တက်လာစေ နိုင်ပါတယ်။ တစ်လကို တစ်ပေါင်နှုန်းနဲ့တက်လာမယ်ဆိုရင် လ တွေကြာလာတာနဲ့အမျှ ကလေးတွေဟာ အဝလွန်တဲ့အဆင့်ကို ရောက်ရှိလာနိုင်ပါတယ်။ အဝလွန်တာက နောက်ဆက်တွဲဆိုးကျိုး တွေအများကြီးရှိနိုင်တာကြောင့် ကလေးတွေကို ရေသောက်မ နည်းဘဲ ပုံမှန်သောက်သုံးတတ်တဲ့အကျင့်ဖြစ်အောင်လေ့ကျင့် ပေးသင့်တယ်လို့ သုတေသီတွေက အကြံပြုခဲ့ကြပါတယ်။

(AP,25.4.19)အေးယုနိုင်

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *