ရေညှိကပေးသော ကျန်းမာရေးကောင်းကျိုး

ရေညှိရဲ့ အရသာကို ကြိုက်တဲ့သူ တွေ ရှိသလို၊ မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ရေညှိက ပင်လယ်ထဲမှာပေါက် တဲ့ Algae အနွယ်ဝင် အပင်တစ်မျိုးပါ။ ရေညှိကို စားစရာအတော်များများ (ရေညှိထမင်းလိပ်၊ ရေညှိဟင်းချို၊ ရေညှိသုပ်၊ Smoothies တွေ) မှာ ထည့် သွင်း အသုံးပြုချက်ပြုတ်ကြပါတယ်။ ရေညှိက ထုတ်လုပ်ထားတဲ့ ဖြည့်စွက် ဆေး Supplements တွေလည်း ရှိပါတယ်။ အာရှတိုက်သားတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယားနဲ့ တရုတ်ပြည်သူတွေ ကတော့ ရေညှိအစားများပါတယ်။

ရေညှိအမျိုးအစား
များသောအားဖြင့် တွေ့ရတဲ့ ရေညှိ အမျိုးအစားတွေကတော့Nori၊ Sea lettuce၊ Kelp၊ Kombu၊ Arame၊ Wakame၊Dulse၊ Chlorella၊ Agar and carrageenan တွေဖြစ်ပါတယ်။ စပီရူလိုင်းနား (Spirulina) ကတော့ စိမ်းပြာရေညှိ (blue-green freshw-ater algae) ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အာဟာရတန်ဖိုး
ရေညှိမှာ သတ္တုဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ ဇင့်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်၊ အိုင်အို ဒင်းနဲ့ သံဓာတ်တွေ ပါဝင်ပါတယ်။ အဆီ ပါဝင်မှုအလွန်နည်းပြီးတော့ ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ Antioxidants တွေ၊ Phytonutrients နဲ့ အမျှင်ဓာတ်တွေ လည်း ပါဝင်ပါတယ်။ ဗီတာမင်တွေ အ နေနဲ့ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ ဗီတာမင် ကေတွေ ပါဝင်ပါတယ်။ အိုမီဂါသရီးဖက် တီးအက်စစ်နဲ့ အမိုင်နိုအက်စစ်တွေ လည်း ပါဝင်ပါတယ်။

ကျန်းမာရေးကောင်းကျိုးများ

ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တယ်
အညိုရောင်ရေညှိ (Kelp၊ Kom-bu၊ Wakame) မှာပါဝင်တဲ့ ဂလိုင်ကို ပရိုတင်းနဲ့ ဆာလ်ဖိတ်ပေါလီဆက်ခ ရိုက်တွေ (fucoidans) က ကိုယ်ခံအား ကို မြှင့်တင်ပေးပြီး ကင်ဆာကို တွန်းလှန် နိုင်စွမ်းရှိပြီး ကင်ဆာဆဲလ်တွေ ပွားတာ ကိုလည်း ဟန့်တားနိုင်စွမ်းရှိပါတယ်။

အဝလွန်ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်
ရေညှိမှာပါတဲ့ fucoxanthin က အဆီဆဲလ်တွေ ပွားတာကို ဟန့်တားပေး ပြီး ဝိတ်လျှော့ရာမှာလည်း အကူအညီ ပေးနိုင်ပါတယ်။ ဒါကြောင့် ရေညှိကို Diet pills တွေမှာ ထည့်သွင်းထုတ် လုပ်ကြတာ ဖြစ်ပါတယ်။

အစာချေဖျက်နိုင်စွမ်းကောင်းစေတယ်
ရေညှိက အစာချေဖျက်တဲ့ အင် ဇိုင်းတွေအထွက်ကောင်းစေတာ၊ အစာ အာဟာရဓာတ်တွေ စုပ်ယူဖို့ အားကောင်း စေတာ၊ အဆီတွေ ချေဖျက်တဲ့နေရာမှာ ကူညီပေးတာ စတဲ့ ကောင်းကျိုးတွေ ပေး ပါတယ်။

ဆီးချိုသွေးချိုရောဂါအတွက် အထောက်အကူပြု တယ်
ရေညှိအညိုရောင်မှာပါတဲ့ fucox-anthin ဓာတ်နဲ့ Kombu ရေညှိမှာ ပါဝင်တဲ့ alginic acid က ဆီးချိုရောဂါ ကို ချေဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။

ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပေး တယ်
ရေညှိမှာပါဝင်တဲ့ alginate က ခန္ဓာကိုယ်တွင်းအဆိပ်ဖြစ်စေတဲ့ ခဲဓာတ်၊ မာကျူရီ၊ ခန္ဓာကိုယ်က မချေဖျက်နိုင်တဲ့ pollutants တွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *