ရွှေပန်းကျန်းမာရေးကို ဆိုးရွားစေနိုင်သော အပြုအမူများ

အောက်ပါအပြုအမူ ရှစ်ခုဟာ ရွှေပန်းကျန်းမာရေးအတွက် ဆိုးရွားနိုင်တာကြောင့် အမျိုးသားတွေအနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။

♦ အထိုင်များသော ဘ၀နေထိုင်မှုရှိခြင်း
သုတေသနပြုလုပ်ချက်အရ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး လှုပ်လှုပ်ရှားရှားရှိတဲ့အမျိုးသားတွေက လိင်မှုကိစ္စမှာ အောင်မြင်စွာ စွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။ အထိုင်များတဲ့ဘ၀နေထိုင်မှု ရှိတဲ့ အမျိုးသားတွေကတော့ ပန်းညှိုးနိုင်ပြီး လိင်လုပ်ငန်းဆောင်တာတွေမှာ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

♦ ဆေးလိပ်သောက်ခြင်း
ဗြိတိန် ဆီးလမ်းကြောင်းဆိုင်ရာဂျာနယ်မှ လေ့လာမှုအရ ရှစ်ပတ်ကြာ ဆေးလိပ်ဖြတ်တဲ့အစီအစဉ်မှာ ပါဝင်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ပန်းသေပန်းညှိုးပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းနဲ့ အဆက်အစပ်လုံးဝမရှိသူတွေကတော့ လိင်စွမ်းဆောင်နိုင်ရည် ကောင်းမွန်ပြီး ကျေနပ်နှစ်သိမ့်မှု ပိုမိုရရှိတယ်လို့ ဆိုရပါတယ်။

♦ သွားသန့်ရှင်းရေး အလွန်ဆိုးရွားနေခြင်း
လေ့လာမှုတွေအရ ပန်းသေပန်းညှိုးရှိသူတွေက သွားဖုံးရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားတယ်လို့ သိရပါတယ်။ သွားဖုံးရောဂါရှိသူတွေက ပန်းသေပန်းညှိုးရှိသူတွေမှာ ခုနစ်ဆ ပိုမိုဖြစ်တတ်ပါတယ်။ ခံတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေက သွေးမှတစ်ဆင့် ပျံ့နှံ့သွားပြီး ရွှေပန်းရဲ့ သွေးကြောတွေကို ကျဉ်းမြောင်းစေတာကြောင့်လို့ ဆိုပါတယ်။

♦ အိပ်ရေးမ၀ခြင်း
အိပ်ချိန်လုံလုံလောက်လောက်မရှိသူတွေမှာ အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်းကလည်း ကျဆင်းသွားပါတယ်။ တက်စထရိုစတီရုန်းလျော့နည်းတာကြောင့် ပင်ပန်းလွယ်တာ၊ ကြွက်သားထုနဲ့ အရိုးထုတွေ ဆုံးရှုံးတာတွေပါ ဖြစ်လာပါတယ်။ ဒါတွေအားလုံးက ရွှေပန်းပေါ်မှာ သက်ရောက်မှုရှိပါတယ်။

♦ လိင်ဆက်ဆံမှုလုံလုံလောက်လောက် မရှိခြင်း
အမေရိကန်ဆေးပညာဂျာနယ်က လေ့လာမှုအရ တစ်ပတ်ကို တစ်ကြိမ်ထက် လိင်ဆက်ဆံမှုနည်းတဲ့အမျိုးသားတွေက ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ နှစ် ဆပိုများတယ်လို့ သိရပါတယ်။ တစ်ပတ်ကို သုံးကြိမ်လောက် လိင်ဆက်ဆံမှုပြုလုပ်ပေးသင့်ပါတယ်။

♦ ဖရဲသီးမကြိုက်ခြင်း
ဖရဲသီးဟာ လိင်လုပ်ငန်းဆောင်တာ ကောင်းမွန်စေတဲ့ Cirulline-arginine အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ခန္ဓာကိုယ်အတွင်း နိုက်ထရစ်အောက်ဆိုက်အဆင့်တွေ မြင့်တက်စေနိုင်တဲ့အတွက် ပန်းသေပန်းညှိုးရောဂါကိုတောင် ကုသနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဖရဲသီးကို အမြဲ စားသုံးသင့်ပါတယ်။

♦ ထပ်ပြန်ကြော်ဆီ အစားများခြင်း
ဘူးသီးကြော်၊ ကော်ပြန့်ကြော်နဲ့ စမူဆာလိုမျိုး ထပ်ပြန်ကြော်ဆီတွေ အသုံးပြုထားတဲ့အစားအစာတွေကို စားသုံးတာများတဲ့ အမျိုးသားတွေက သုက်ပိုးအရည်အသွေးတွေ ကျဆင်းသွားနိုင်ပါတယ်။ သုက်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အဲဒီအဆီတွေကို ရှောင်သင့်ပါတယ်။

♦ တီဗီကြည့်ချိန်/အွန်လိုင်းသုံးချိန် များခြင်း
တစ်ပတ်ကို နာရီ ၂၀ ထက် ပိုကြာပြီး တီဗီ ဒါမှမဟုတ် အွန်လိုင်း ကြည့်ရှုတဲ့ အမျိုးသားတွေက သုက်ပိုးအရေအတွက် ကျဆင်းသွားတယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ သုက်အရေအတွက်က ၄၄ ရာခိုင်နှုန်းအထိတောင် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

♠ DM ♠

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *