လေစိမ်းတိုက်သည့်နေရာတွင် အိပ်စက်လျှင်

ကျွန်မတို့ငယ်စဉ်အခါက အမိုးအကာမရှိတဲ့နေရာ ဒါမှမဟုတ် အမိုးသာရှိပြီး အကာမရှိတဲ့နေရာလိုမျိုး လေစိမ်းတိုက်တဲ့နေရာမှာအိပ်ရင် ဖျားလိမ့်မယ်၊ အဖျား ပျောက်မှာမဟုတ်တော့ဘူးလို့ ရှေးလူကြီးတွေရဲ့ ပြောစကားတွေကို ကြားသိခဲ့ရဖူးပါ တယ်။ ကော်လိုရာဒိုတက္ကသိုလ်ကလေ့လာမှုအရ တဲထိုးပြီး အိပ်စက်သူတွေက ပုံမှန်အိပ်ချိန် ၁၀ နာရီခန့်ရှိပြီး အိမ်မှာ အိပ်တာထက် အိပ်ရာဝင်ချိန် နှစ်နာရီစောတယ် လို့ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေကတော့ လေစိမ်းတိုက်ခံရတဲ့ နေရာမှာ အိပ်ရတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့ ဖော် ထုတ်ထားပါတယ်။

သဘာဝအလင်းရောင်ကို ထိတွေ့ရခြင်း
ကော်လိုရာဒိုတက္ကသိုလ်ရဲ့ လေ့လာမှုအရ သဘာဝအလင်းရောင်နဲ့ ထိတွေ့ရတာ ကြောင့် သင်ရဲ့ ဇီဝနရီကို ပြန်လည်ပြုပြင်နိုင်တယ်လို့ ဆိုပါတယ်။ အိပ်မပျော်တဲ့ည တွေ များလာရင် အိမ်ပြင်ထွက်ပြီး အိပ်ဖို့ စဉ်းစားလိုက်ပါလို့ သူတို့ကအကြံပေးထားပါ တယ်။

မယ်လတိုနင်ပိုမိုထွက်ရှိလာခြင်း
ဒီလေ့လာမှုအရပဲ လက်ကိုင်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ ထွက်ရှိလာတဲ့ အလင်းရောင်တွေကြောင့် မယ်လတိုနင်ထွက်ရှိမှုလျော့နည်းသွားတဲ့အတွက် အိပ်စက် မှုကို အနှောင့်အယှက်ပေးနိုင်တယ်လို့ ဆိုပါတယ်။ လေစိမ်းတိုက်တဲ့နေရာမှာ အိပ်ရင် မယ်လတိုနင်တွေ ပိုမိုထွက်ရှိလာပြီး အိပ်စက်မှုကောင်းမွန်လာနိုင်ပါတယ်။

ခုခံအားစနစ်မြင့်တက်လာနိုင်ခြင်း
ဂျပန်မှလေ့လာမှုတစ်ခုအရ သစ်တောထဲမှာ နေ့စဉ် နှစ်နာရီလောက် အချိန်ဖြုန်း ပေးရင် သွေးဖိအားကျဆင်းတာ၊ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောလျော့နည်းလာတာ၊ နှလုံးခုန်နှုန်းနှေးကွေးသွားတာနဲ့ ရောဂါတွန်းလှန်နိုင်တဲ့သွေးဖြူဥတွေ များပြားလာတာ လိုမျိုး အကျိုးကျေးဇူးအများအပြားရရှိနိုင်တယ်လို့ သိရပါတယ်။ တစ်ညတာလောက် လဟာပြင်မှာ ထွက်အိပ်တာတောင် တစ်ပတ်တာလောက် ခုခံအားစနစ်မြင့်တက်နိုင် တယ်လို့ ဆိုပါတယ်။

ဦးနှောက်နှင့်ခန္ဓာကိုယ်လုပ်ငန်းဆောင်တာကောင်းမွန်လာခြင်း
ကျွန်မတို့ရဲ့ ဦးနှောက်တွေက အလုပ်လုပ်ဖို့အတွက် အောက်ဆီဂျင်များစွာ လို အပ်ပါတယ်။ အောက်ဆီဂျင်ကို များများရှူသွင်းနိုင်လေလေ၊ ခန္ဓာကိုယ်အတွက် ကောင်းမွန်လေလေပါ။ ဒါကြောင့် လေစိမ်းတိုက်တဲ့နေရာမှာ အိပ်ရင် စိတ်ပြေလျော့မှု တစ်ခုတည်းသာ ရရှိတာမဟုတ်ဘဲ ခန္ဓာကိုယ်နဲ့ဦးနှောက်လုပ်ဆောင်ချက်ပါ ကောင်း မွန်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုလျော့နည်းနိုင်ခြင်း
လေ့လာမှုတစ်ခုအရ သစ်ပင်တစ်ပင်ရဲ့ ရုပ်ပုံကားချပ်ကို ကြည့်ရုံနဲ့ စိတ်ဖိစီးမှု လျော့ကျနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ တကယ့်သစ်ပင်အစစ်အမှန်ကိုသာ ကြည့် ရှုနိုင်မယ်ဆိုရင် စိတ်ကျန်းမာရေးအတွက် အလွန်အကျိုးရှိမှာ အမှန်ပါ။ ဒါ့အပြင် ပတ် ဝန်းကျင်မှ ကြားရတဲ့အသံတွေကြောင့်လည်း စိတ်အေးချမ်းမှုပိုမိုရရှိနိုင်ပါတယ်။

လတ်ဆတ်သောလေကို ရှူသွင်းနိုင်ခြင်း
သင့်အနေနဲ့ ရုံးခန်း ဒါမှမဟုတ် အဲကွန်းရှိတဲ့နေရာမှာ အချိန်အကြာကြီးနေရရင် အခန်းထဲမှာ ရှိတဲ့လေတွေက တည်ငြိမ်နေတာကြောင့် ခန္ဓာကိုယ်အတွင်း ကာဗွန်ဒိုင် အောက်ဆိုက်အဆင့်တွေမြင့်မားလာပြီး ခေါင်းကိုက်တာနဲ့ အသက်ရှူရခက်ခဲတဲ့ပြ ဿနာတွေ ဖြစ်လာနိုင်ပါတယ်။ လေစိမ်းတိုက်တဲ့နေရာမှာနေရင်တော့ လတ်ဆတ်တဲ့ လေတွေကို ရှူရတဲ့အတွက် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ပြည့်ပြည့်၀၀ရရှိနိုင် ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal