မော်တော်ကားတွေနဲ့စက်ရုံအလုပ် ရုံတွေကြောင့် ဖြစ်လာတဲ့လေထုညစ် ညမ်းမှုတွေကြောင့် ကလေးတွေရဲ့ဦး နှောက်တွင်းဓာတုတွေနဲ့ ဖွဲ့စည်းပုံတွေ ပြောင်းလဲသွားပြီး စိုးရိမ်စိတ်လွန်ကဲမှု အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ University of Cincinnati က ပြုလုပ် တဲ့သုတေသနလေ့လာမှုအရသိရပါတယ်။ ညစ်ညမ်းတဲ့လေထုကို ရှူရှိုက်မိတဲ့က လေးတွေအနေနဲ့ အယ်ဇိုင်းမားရောဂါနဲ့ ဦးနှောက်ရောဂါတွေလည်း ဆက်စပ်ဖြစ် ပွားလာနိုင်တယ်လို့လည်း အဆိုပါလေ့ လာမှုမှာ ဖော်ပြထားခဲ့ပါတယ်။ ညစ်ညမ်း တဲ့လေထုကြောင့် ကလေးတွေမှာ စိုးရိမ် စိတ်လွန်ကဲမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ လေ့လာမှုမှာ ဆိုပါတယ်။ ညစ်ညမ်းတဲ့လေထုကို အချိန်ကာလ ရှည်ကြာစွာ ရှူရှိုက်နေရတဲ့အခါ အသက် ကြီးငယ်မရွေး ပန်းနာရောဂါ၊ နှလုံး၊ အ ဆုတ်နဲ့ ဆီးချိုဖြစ်ပွားနိုင်ခြေတွေလည်း မြင့်မားလာနိုင်တယ်လို့ လေ့လာမှုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကလေး တွေက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဆဲအ ရွယ်မှာ ညစ်ညမ်းတဲ့လေထုကြောင့် ကျန်း မာရေးထိခိုက်မှု ပိုမိုဆိုးရွားနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ကြေညာချက်အရ လေထုညစ် ညမ်းမှုကြောင့် အသက် ငါးနှစ်အောက် အရွယ် ကလေးငယ် ၇၀၀၀၀၀ ခန့် နှစ် စဉ်နှစ်တိုင်း သေဆုံးနေရတယ်လို့ သိရ ပါတယ်။
(DM, 23.5.19) သံသာ