လေယာဉ်စီးလို့ နားကိုက်ရင်

လေယာဉ်စီးရင်း နားကိုက်တာကို လူအတော်များများ မကြာခဏ ကြုံရ တတ်ပါတယ်။ Airplane ear  ဒါမှမဟုတ် Barotrauma လို့လည်း ခေါ်ပါတယ်။ သူက ဘာကြောင့်ဖြစ်လဲဆိုတော့ နား စည်နဲ့ နားစည်အတွင်းပိုင်း လေဖိအားနဲ့ အပြင်ကလေဖိအား မညီမျှတဲ့အခါ နား ကိုက်တာ ဖြစ်တတ်ပါတယ်။ များသော အားဖြင့် လေယာဉ်စစတက်တက်ချင်းနဲ့ လေယာဉ်ဆင်းခါနီးမှာ လေထုဖိအား မညီမျှတာဖြစ်ပြီး နားကိုက်တတ်ပါတယ်။
တစ်ခါတလေ တိုက်မြင့်ဓာတ်လှေ ခါးထဲမှာလည်း လေထုဖိအားအပြောင်း အလဲမြန်တတ်တာကြောင့် နားကိုက် တတ်ပါတယ်။ တောင်ပေါ်ဒေသကို ကား မောင်းသွားရင်လည်း လေဖိအား မတူ တာကြောင့် ဖြစ်တတ်ပါသေးတယ်။ ရေ ငုပ်တာ(scuba diving)၊ ပေါက်ကွဲမှုဖြစ် စဉ် အနီးအနားရှိနေတာ၊ အောက်ဆီဂျင် ပေးတဲ့ စက်အတွင်းဝင်တာ (hyper-baric oxygen chambers) တွေကနေ လည်း ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေကဘာတွေလဲ
Symptoms တွေအနေနဲ့ နားအ နည်းငယ်ကိုက်တာ၊ နားထဲမှာ ပြည့်နေ တာ၊ အသံကောင်းကောင်း မကြားရတာ ဖြစ်တတ်ပါတယ်။ နားကိုက်တာက နာရီ ပေါင်းအတော်ကြာပြီး ပြင်းထန်တယ်ဆို ရင် စိုးရိမ်ရတတ်ပါတယ်။ အလွန်အမင်း နားကိုက်တာ၊ အကြားအာရုံ အနည်းနဲ့ အများထိခိုက်တာ၊ နားထဲမှာဆူနေတာ (tinnitus)၊ မူးတာ၊ အန်တာ၊ နားထဲက သွေးယိုတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ လိုအဆင့်ထိ ဖြစ်လာရင်တော့ ဆရာဝန် ဆီသွားရောက်ပြီး ကုသမှုခံယူပါ။

ဘယ်လိုကာကွယ်ရမလဲ
♦ (၁) လေယာဉ်စပြီးပျံသန်းဖို့ အထက် ကိုဆန်တက်တဲ့အချိန်နဲ့ လေယာဉ်ဆိုက် ဖို့ ဆင်းတဲ့အချိန်မှာ သန်းတာ (yawning)၊ တစ်ခုခုမျိုချတာ (swallowing) လုပ် ပေးမယ်ဆိုရင် နားစည်နားက ကြွက်သား တွေ အလုပ်လုပ်စေပါတယ်။သကြားလုံး စုပ်တာ၊ ပီကေ၀ါးတာတွေ လုပ်ပါ။

♦ (၂) လေယာဉ်တက်မယ့်အချိန်နဲ့ ဆင်း မယ့်အချိန်မှာ အိပ်မနေပါနဲ့။ ဒါမှ သင့် ကိုယ်သင် လိုအပ်တာကို စောင့်ရှောက် နိုင်မှာ ဖြစ်ပါတယ်။
♦ (၃) အအေးမိထားတာ၊ နားထဲပိုးဝင် ထားတာ၊ နှာပိတ်နေတာဖြစ်ရင် လေ ယာဉ်မစီးသင့်ပါဘူး။ နားနဲ့ ပတ်သက်တဲ့ ဆာဂျရီလုပ်ထားတယ်ဆိုရင် လေယာဉ် စီးသင့် မစီးသင့်ကို ဆရာဝန်နဲ့အရင် တိုင်ပင်ပါ။

♦ (၄) Drugstore တွေမှာ နားထဲထည့် တဲ့ Filtered earplugs တွေ ၀ယ်နိုင် ပါတယ်။ သူတို့ကို လေယာဉ်အတက်နဲ့ အဆင်းချိန်မှာပဲ တပ်ထားပေးဖို့ လိုပါ တယ်။ သူတို့က နားစည်တွင်းလေဖိအား နဲ့ အပြင်လေထုဖိအားညီမျှအောင် လုပ် ပေးနိုင်ပါတယ်။

♦ (၅) နောက်တစ်ခုက Valsalva Maneuver လို့ ခေါ်ပါတယ်။ ပါးစပ်ကို ပိတ်ထားမယ်။ နှာခေါင်းကိုလည်း လက် တစ်ဖက်နဲ့ ညှစ်ပိတ်ထားပြီး လေကို နား ကနေ ထွက်စေတာပါ။ အထူးသဖြင့် လေယာဉ်အဆင်းမှာ နားကိုက်လာရင် လုပ်ဖို့ လိုအပ်ပါတယ်။ လေယာဉ်ဆင်း နေစဉ်အတွင်း အကြိမ်ရေများများ လုပ် ပေးပါ။

◘ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *