လေ့ကျင့်ခန်းမလုပ်၊ အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျလိုလျှင်

တစ်နေ့တခြား ဝိတ်တွေတက်နေ လို့ စိတ်ညစ်နေပါသလား။ ဝိတ်သာတက် တာ အစားကလည်း မလျှော့ချင်၊ လေ့ ကျင့်ခန်းလုပ်ဖို့လည်း ပျင်းရိနေသူတွေအ တွက် အောက်ပါနည်းလမ်းတွေကို မျှဝေ ချင်ပါတယ်။

ကြေညက်အောင် ဝါးစားပါ
အမှန်တကယ် ကိုယ်အလေးချိန်ကျ ချင်တယ်ဆိုရင် အစာကို သေချာကြေ ညက်အောင် ဝါးစားပါ။ ကြေညက်ပြီး သားအစာဟာ သင့်အစာခြေစနစ်ကို ကောင်းမွန်စေပြီး၊ ခန္ဓာကိုယ်က ကယ်လို ရီကို ပိုမိုသုံးစွဲစေပါတယ်။ ဗိုက်အရမ်းဆာ ချိန်နေမှာ အစားအစာတစ်ခုခုကို စား လိုက်တာတဲ့အခါ ဗိုက်ပြည့်သွားပြီဆို တာကို ဦးနှောက်ဆီ ချက်ချင်း သတင်း မပို့နိုင်ပါဘူး။ အစာစားပြီးလို့ မိနစ် ၂၀ လောက်ကြာတော့မှ ဗိုက်ပြည့်တယ်ဆို တာကို ဦးနှောက်ဆီ သတင်းရောက်ရှိ ပါတယ်။ ဒီတော့ သင်က အစာတွေ အ များကြီးကို မြန်မြန်စားလိုက်မိမယ်ဆိုရင် ဗိုက်ပြည့်နေပေမယ့် ဦးနှောက်ဆီ သတင်းမရောက်လို့ ဆက်စားနေမိတတ် ပါတယ်။ ဒီတော့ လိုအပ်တာထက် ပိုစား သွားတတ်ပါတယ်။ ဒါကြောင့် အစာစား တဲ့အခါ အချိန် မိနစ် ၂၀ လောက်ယူပြီး ကြေညက်အောင် ဝါးစားဖို့ လိုပါတယ်။

ထိန်းချုပ်ပါ
အစာလျှော့စရာမလိုဘူးဆိုပြီး မြင် သမျှ၊ တွေ့သမျှ လျှောက်စားနေလို့တော့ မဖြစ်ပါဘူး။ အထူးသဖြင့် သီချင်း နား ထောင်နေချိန်၊ တီဗီကြည့်ချိန်၊ ကား မောင်းနေချိန်၊ စာဖတ်နေချိန်နဲ့ အလုပ် လုပ်နေချိန်မှာ အစာမစားပါနဲ့။ လေ့လာ မှုတွေအရ လူအများစုဟာ တီဗီကြည့်ရင်း အစာစားတာကြောင့် ခန္ဓာကိုယ်တွင်းကို ၂၈၈ ကယ်လိုရီလောက် ဝင်သွားတတ်ကြ တယ်လို့ဆိုပါတယ်။ ဒီလိုအချိန်တွေမှာ တစ်ခုခုစားချင်တယ်ဆိုရင် အသီးတစ် လုံးလောက်၊ ဒါမှမဟုတ် အစေ့အဆန် တွေကို စားသင့်ပါတယ်။

အစာကို အကျက်လွန်အောင် မချက်သင့်ပါ
အစာတွေကို ချက်ပြုတ်ချိန်မှာ စား လို့ရတဲ့အတိုင်းအတာထိသာ ချက်ပြုတ် ပါ။ လိုတာထက်ပိုပြီး အချိန်ကြာကြာ ချက်တာက အစားအစာမှာပါဝင်တဲ့ အာ ဟာရတန်ဖိုးတွေ ဆုံးရှုံးစေပါတယ်။ အ ရွက်ကြော်တာက အသားဟင်းချက်သ လောက်တော့ မကြာသင့်ပါဘူး။ အဟာ ရမပါတဲ့ အစားအစာတွေက သင့်ကို ဘယ်လိုမှ အကျိုးမပြုပါဘူး။

၈ နာရီကျော်သွားရင် ညစာ မစားသင့်ပါ
၈ နာရီနောက်ပိုင်းမှ ညစာ စားတဲ့အ ခါ အိပ်စက်ချိန်နဲ့ အလွန်နီးကပ်သွားပါ တယ်။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝ ရုပ်ဖြစ်စဉ်က နှေးသွားတတ်တာကြောင့် စားထားတဲ့အစာတွေကို ချေဖျက်မှုနဲ့ သုံးစွဲမှုတွေ နှေးသွားတတ်ပါတယ်။ ဖြစ် နိုင်ရင် ညစာကို ညနေ ၆ နာရီဝန်းကျင်မှ သာ စားသုံးသင့်ပါတယ်။

ရေသောက်ပါ
ရေများများသောက်တာက အစာ ခြေစနစ်ကို ကောင်းစေပြီး၊ အစာရဲ့အာ ဟာရကိုလည်း ကောင်းစွာ စုပ်ယူနိုင်စွမ်း ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ထမင်း မစားခင် ၁၅ မိနစ်နဲ့ ထမင်းစားပြီး ၁၅ မိနစ်အချိန်အတွင်းမှာတော့ ရေမ သောက်ပါနဲ့။ ထမင်းစားရင်း ရေသောက် မယ်ဆို ရင်တော့ အနည်းငယ်လောက်သာ သောက်သင့်ပါတယ်။

ထမင်းမစားခင် သစ်သီးစားပါ
ထမင်းမစားခင် တစ်နာရီလောက် အလိုမှာ သစ်သီးစားထားပါ။ အသီးစား ထားတာက ကိုယ်အလေးချိန်ကျဖို့ အကူ အညီရသလို ခန္ဓာကိုယ်တွင်းစွမ်းအင်ရရှိ စေပြီး အဆိပ်အတောက်လည်း ကင်းစေ ပါတယ်။ အသီစားထားတာကြောင့် ဗိုက် အရမ်းမဆာဘဲ အစာအများကြီး စားမိ တာ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါ တယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို ပုံမှန်စားသူတွေက အစာခြေစနစ်ကို အ ကောင်းဆုံး အထောက်အပံ့ပေးနိုင်တာ ကြောင့် မဖြစ်မနေစားဖို့တော့လိုပါတယ်။

စွပ်ပြုတ်တစ်ခွက်သောက်ပါ
အစားအသောက် ပြင်ဆင်ချက် ပြုတ်တိုင်းမှာ စွပ်ပြုတ်ဟင်းလျာတစ်မျိုး ပါဝင်အောင် စီမံရမှာဖြစ်ပါတယ်။ ထမင်း မစားခင်မှာ စွပ်ပြုတ်တစ်ခွက်ကို အရင် သောက်လိုက်တာကြောင့် ထမင်း အများ ကြီး မစားမိအောင် ကာကွယ်နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *