လေးညှင်းပွင့် သွားတိုက်ဆေး

ဟင်းခတ်အမွှေးအကြိုင်တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် သင့်သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုနိုင်တယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေထဲက လေးညှင်းပွင့်နဲ့ သွားတိုက်ဆေးပြုလုပ် နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ မနက်တိုင်း ကိုယ်တိုင်လုပ်ထားတဲ့ သွား တိုက်ဆေးလေးနဲ့ သွားတိုက်ကြရ အောင်လား။ သွားချေးဖတ်ချိုးတွေ တောင် ကွာကျစေနိုင်တယ်လို့ ဆိုပါတယ်။

လိုအပ်တာတွေက

– လေးညှင်းပွင့်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
– အုန်းဆီခဲ ခွက်တစ်ဝက်စာ
– မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း ၂-၃ ဇွန်း
– နွယ်ချိုမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ
– Myrrh extract ၁၀ စက်ခန့် (iHerb.com တွင် မှာယူရရှိနိုင်)
– အပူခံပန်းကန်လုံးထဲမှာ အုန်းဆီကို ထည့်ကာ မီးဖိုပေါ်မှာ အပူအနည်းငယ်ပေးပါ။
– ပြီးရင် အဲဒီထဲကို လေးညှင်းပွင့်မှုန့်၊ မုန့်ဖုတ်ဆော်ဒါ၊ နွယ်ချိုမှုန့်တွေကို ပါဝင်အချိုးအစားအတိုင်း ထည့်မွှေပါ။
– အချိန်အတန်ကြာအထိ မီးဖိုပေါ်မှာ အပူငွေ့ငွေ့နဲ့ မွှေပေးရပါမယ်။

– ပြီးရင် မီးဖိုပေါ်ကချပြီး Myrrh extract ၁၀ စက်ခန့်ကို ထည့်ကာ သေချာထပ်မွှေပါ။
– အဲဒီနောက် လေလုံဖန်ပုလင်းထဲထည့်ကာ အအေးခံပြီးနောက် သိမ်းဆည်းပါ။

အသုံးပြုနည်း

– သွားပွတ်တံထဲကို တိုက်နေကျ သွားတိုက်ဆေးအစား အဲဒီအနှစ်ကို ထည့်ပြီး မနက်တိုင်း သွားတိုက်ပေးပါ။
– ညအိပ်ခါနီးမှာလည်း ဒီအနှစ်နဲ့ပဲ သွားတိုက်ပေးပါ။
– ကြည်လင်တောက်ပတဲ့သွားလေးတွေ ပိုင်ဆိုင်နိုင်မယ့်အပြင် ခံတွင်းရနံ့ပါ သင်းပျံ့နေပါလိမ့်မယ်။

ဆူးမြာ

Post Author: Good Health Journal